Saturday, December 12, 2015

ဗန်းမော်ခရိုင် KIA တပ်ရင်း(၁) နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွား


ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၁) နယ်မြေတွင် မြန်မာအစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA ကဆိုသည်။

Thursday, December 10, 2015

မြစ်ကြီးနား-ဗန်းမော် လမ်း တလျှောက် အစိုးရတပ် အလုံးအရင်း မြင်ရ



ယမန်နေ့မှ ထူးထူးခြာခြား ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတလျှောက်တွင် အစိုးရတပ် အင်အား အလုံးအရင်းချထားသည်ကို မြင်ရကြောင်း ခရီးသည်များဆိုပါသည်။

Wednesday, December 9, 2015

KIA နယ်မြေထဲ RCSS တပ် ၀င်လာခြင်းကြောင့် စစ်ရေး တင်းမာ



ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ(၄)နယ်မြေထဲသို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များ ၀င်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေး တင်းမာနေသော အခြေအနေ ဖြစ်နေရကြောင်း သိရသည်။

Tuesday, December 1, 2015

ဖားကန့် Ja Ra Yang တိုက်ပွဲမှာ KIA ဗိုလ် ၂ ဦး ကျ



ယမန်နေ့ ဖားကန့်ကျောက်စိမ်းမှော် Ja Ra Yang ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့်ဖြစ်ပွားသော တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗိုလ် ၂ ဦး ကျဆုံးကြောင်း KIA လိုင်ဇာ ဗဟိုဌာနချုပ်က အတည်ပြုပါသည်။

Monday, November 30, 2015

ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

KIA တပ်ရင်း (၆) တပ်ဖွဲ့များ၊ ဖားကန့်ကျောက်စိမ်းမှော်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဂွေခါလမ်းဘက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Sunday, November 22, 2015

ရှမ်းမြောက် မုံးကို KIA တပ်ရင်း(၃၈)ကို အစိုးရတပ် တိုက်ခိုက်


မုံးကိုဒေသ KIA တပ်ဖွဲ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကို မြို့ (Mong Ko) အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၈) တပ်ဖွဲ့ ယနေ့ နံနက် အစောပိုင်း (၅)နာရီ ကျော်မှ မြန်မာအစိုးရတပ်များ စတင် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။

Friday, November 20, 2015

မိုးညှင်း တိုက်ပွဲနှင့်ဆက်စပ်ပြီး ရှမ်းနီများ KIA ဆန့်ကျင် ဆန္ဒပြ မည်


ရှမ်းနီလူမျိုးများ KIA ဆန့်ကျင်ဆန္ဒပြပွဲ၊ မြစ်ကြီးနားမြို့၊ ၂၀-၁၂-၂၀၁၃

မြန်မာအစိုးရက ‘ရှမ်းနီ’ ခေါ် ကချင်ပြည်နယ်မှ ရှမ်းလူမျိုးများ လတ်တလောဖြစ်ပွားနေသော မိုးညှင်း တိုက်ပွဲနှင့်ဆက်စပ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဆန့်ကျင် ဆန္ဒပြပွဲကို မနက်ဖြန် စနေနေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ရန် စီစဉ်နေပါသည်။

Thursday, November 19, 2015

ဆွမ်ပရာဘွမ် KIA စခန်း အစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်ခံရ



ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် တိုက်ပွဲဖြစ်နေစဉ် ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ် မြို့နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၇) ရှေ့တန်းစခန်းတခုကို အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ယမန်နေ့ ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

မိုးညှင်း မြို့ပြင်တွင် တိုက်ပွဲ ဖြစ်ပွားနေ


မိုးညှင်း မြို့ပြင် Loi Yang Bum တောင်ခြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ယနေ့ နံနက်ပိုင်း ၈နာရီကျော်မှ ယခုသတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

Wednesday, November 18, 2015

မြန်မာအစိုးရ က KIA ပေါ် လေကြောင်း မှ အပြင်းအထန် တိုက်ခိုက်



 ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို နိုဝင်ဘာ(၁၆) ရက်နေ့က မြန်မာအစိုးရ လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

Friday, October 30, 2015

ရှမ်းမြောက် ကချင်ကိုယ်စားပြု တသီးပုဂ္ဂလ ကိုယ်စားလှယ်(၄) ဦး ရွေးကောက်ပွဲ ၀င်မည်


ကချင်ဘာသာလို Mungmyit Sinli Ga ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လူမျိုးများ ကိုယ်စားပြု တသီးပုဂ္ဂ ကိုယ်စားလှယ်(၄)ဦးကို ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ခဲ့ကြသည်။

Wednesday, October 21, 2015

အစိုးရတပ်မှ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်



တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၁ ရက် ယနေ့နံနက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဟူးဖြတ်ဒေသ ကျေးရွာများသို့ အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

Wednesday, October 7, 2015

ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ တိုက်ပွဲဖြစ်


ဖားကန့် KIA တပ်ရင်း (၆) အောင်ဘာလီမှော် အနီး နေရာယူထားသော အစိုးရ တပ်များ

ယနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Monday, October 5, 2015

အစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ ရေလမ်း ရထားလမ်းဖြင့် သယ်ပို့နေ


ကချင်ပြည်နယ် ရှေ့တန်းသို့ တက်လာသော အစိုးရစစ်သားများ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး လက်မှတ်ရေးထိုးရန် ကျဆုံးပြီးနောက် မြန်မာအစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ ရေလမ်း ရထားလမ်းဖြင့် သယ်ပို့နေပါသည်။

Tuesday, September 22, 2015

မြစ်ကြီးနား လေတပ်တွင် ဗုံး (၂)လုံး ပေါက်ကွဲ


လုံခြုံရေး တင်းကျပ်ထားသော မြစ်ကြီးနား

မြစ်ကြီးနား တပ်မတော်လေတပ်တွင် ယနေ့ည မြန်မာစံတော်ချိန် ၈နာရီမှာ ဗုံး (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရတပ် ယာဉ်တန်းကို KIA တပ်ရင်း(၃၆) တိုက်ခိုက်

မြန်မာအစိုးရတပ် ထိုးစစ်ကို ခုခံနေတဲ့ KIA တပ်ဖွဲ့

ယနေ့ နေ့လယ်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး မြန်မာအစိုးတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃၆)မှ ပြင်းပြင်းထန်ထန် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Saturday, September 19, 2015

KIA အမာခံ စခန်း ကို အစိုးရတပ် လက်နက်ကြီးဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်



ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကို ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA အမာခံ စခန်း လွယ်ဂျုံဘွမ် ကို မြန်မာအစိုးရတပ် လက်နက်ကြီးများဖြင့် ၂ရက် ဆက်တိုက် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Wednesday, September 16, 2015

KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ



ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA မုန်းကို ဒေသသို့ ယမန်နေ့ည အစိုးရတပ် စစ်ကူများ ပို့ထားပြီးနောက် ယနေ့ မနက်ပိုင်း (၄)နေရာတွင် တိုက်ပွဲဖြစ်ပွားနေပါသည်။

Monday, September 14, 2015

NDA-K ခေါင်းဆောင် ဟောင်း ရွေးကောက်ပွဲ ထပ်မံ ယှဉ်ပြိုင်မည်


ဦးဇခုန်းတိန့်ယိန်း၊ ကချင်ပြည်နယ် အမျိုးသာားလွှတ်တော် ကိုယ်စားလှယ်
ယခင် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း က လက်ရှိ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ထပ်မံ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

Saturday, September 12, 2015

KIA မုန်းကို ဒေသတွင် အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွား

KIA မုန်းကို ဒေသ တပ်ဖွဲ့များ

 ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မုန်းကို အထူးဒေသတွင် ယမန်နေ့မှစပြီး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

Friday, September 11, 2015

NCA ညှိနှိုင်းနေချိန် ကချင်ဒေသတွင် အစိုးရ ပြည်သူ့စစ်သင်တန်း ပေးနေ


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုနိုင်ရေး နောက်ဆုံးအဆင့် ကြိုးပမ်းနေချိန် ကချင်ဒေသများတွင် အစိုးရတပ်က ဒေသခံပြည်သူများကို ယခုအပတ်မှ အခြေခံစစ်ပညာသင်တန်းများ ပေးနေပါသည်။

Thursday, September 10, 2015

ကချင်ပြည်နယ် တောင်ပိုင်းမှာ တိုက်ပွဲ ထပ်မံ ဖြစ်ရန် ရှိ


ဖားကန့် KIA တပ်ရင်း (၆) နယ်မြေသို့ ချီတက်လာသော မြန်မာ အစိုးရတပ်
ကချင်ပြည်နယ်တောင်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း(၁၂) နယ်မြေသို့ မြန်မာအစိုးရ စစ်အင်အား ထပ်ဖြည့်နေဆဲရှိခြင်းကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားရန်ရှိနေကြောင်း သိရသည်။

Wednesday, September 9, 2015

KDP ပါတီ လူထု မဲဆွယ်စည်းရုံးရေး စတင်

Gumgrawng Awng Hkam, KDP ခေါင်းဆောင်
ကချင်ဒီမိုကရက်တစ်ပါတီ KDP သည် လာမည့် နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ကချင်ပြည်နယ်အတွင်း လူထု မဲဆွယ်စည်းရုံးရေး campaign ကို စတင်လိုက်သည်။

Tuesday, September 8, 2015

အစိုးရတပ်နှင့် KIA ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား


ဗန်မော်ခရိုင် မိုးမောက်မြို့နယ် ရှေ့တန်း တနေရာမှာ မြင်ရတဲ့ KIA တပ်ဖွဲ
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် NCA ကိစ္စ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့်ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ နေပြည်တော် ရောက်ရှိနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား ၂ရက် ဆက်တိုက် ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

Saturday, August 29, 2015

ုKIA တပ်မဟာ (၄) အား လက်နက်စွန့်ရန် ကာချုပ် ပြောကြားချက်ပေါ် ဒေသခံများ လက်မခံ


လွယ်ကန်၊ ယခင် KIA တပ်မဟာ (၄) ဌာနချုပ်၊ ရှမ်းပြည်မြောက်ပိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ(၄)ကို လက်နက်စွန့်ရန် မြန်မာအစိုးရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်ကို လက်မခံနိုင်ကြောင်း ဒေသခံပြည်သူများ ပြောပါသည်။

NCA အပြီးသတ်နိုင်ရေး ကြိုးပမ်းနေစဉ် အစိုးရတပ်မှ KIA စခန်း တစ်ခု ထပ်မံ သိမ်းပိုက်

အစိုးရ ထိုးစစ်ကြီးကို သေးငယ်သောအင်အားနဲ့ ခုခံနေရတဲ့ KIA စစ်သားများ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA အပြီးသတ်နိုင်ရေး မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား ကြိုးပမ်းနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA စခန်း တစ်ခုကို အစိုးရတပ် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Wednesday, August 19, 2015

တာချီလိတ်မြိုခံ အမျိုးသမီးတဦး သေဆုံးမှု အမှုမှန် မဖော်ထုတ်နိုင်သေး


 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ကားလမ်းပေါ် အသတ်ခံရဖွယ် သေဆုံးနေသော အမျိုးသမီး တစ်ဦး၏ အမှုကို သက်ဆိုင်ရာအစိုးရ ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှ အမှုမှန် ဖော်ထုတ်ခြင်း မရှိသေးကြောင်း သိရသည်။

Wednesday, July 8, 2015

Myen-KIA, Hpakan lam Jai Mai Pa hta gasat poi byin


Hpakan e lung wa ai Myen asuya hpyenla ni

Hpakan lam Chyahkrau mare makau Jai Mai Pa hta Myen asuya dap hte Wunpawng Mungdan Shanglawt Hpyendap (KIA) lapran dai hpawt, aten kadun gasat poi byin sai re.

Wednesday, March 4, 2015

ကချင် အသင်းတော်များ တနိုင်းမြို့ရှိ ဘိန်းခင်း ဧက ၂ ထောင်ကျော် ဖျက်ဆီး

အသင်းတော် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့အား ဟူးကောင်းချိုင့်ဝှမ်း Wa Ra Zup ကျေးရွာတွင် ကြိုဆိုနေပုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့ရှိ ခရစ်ယာန်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များဦးဆောင်ပြီး မူးယစ်ဆေးဝါးများပေါများရာ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဘိန်းခင်းဧကပေါင်း ၂၂၃၆ ကို ရက်ပေါင်း ၁၉ ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Tuesday, March 3, 2015

ဟူးကောင်းတောင်သူများ လယ်ယာမြေ ပြန်လည်ရရှိရေး ဆက်လက် တောင်းဆို

မတ် ၂၊ ၂၀၁၅ ဟူးကောင်း တောင်သူများ တောင်သူလယ်သမားနေ့ ကျင်းပနေပုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမ ဝါရာဇွပ် (Wa Ra Zup) ကျေးရွာရှိ တောင်သူများမှ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ တွင်ပြုလုပ်သည့် အခမ်းအနားတွင် တောင်သူများမှ တာဝန်ရှိသူများထံ အချက် ၅ ချက်တောင်းဆိုခဲ့ကြသည်။

Monday, February 23, 2015

၇ ကြိမ်မြောက်စိုးရကော်မတီနှင့် NCCTတွေ့ဆုံမှု မတ်လလယ်တွင်ပြုလုပ်မည်


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လာမည့် မတ်လလယ်တွင် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့သည်ဟု သိရသည်။

Saturday, February 21, 2015

တိုက်ပွဲကြောင့် ရွာသား ၇၀၀ ခန့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာ


ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့နယ်အတွင်းရှိ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပါအဝင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသား ၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူဆယ်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စစ်ပြေးဒုက္ခများ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာ Sumlut Brang San က ပြောသည်။

Friday, February 20, 2015

ကချင်ဆရာမ ၂ ဦးအမှု အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်သာလန် ရှိ ကချင်တိုင်းရင်းသားများ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၅ Belgium နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်၍ ဆန္ဒပြနေပုံ။

အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ကချင်ကျောင်း ဆရာမ နှစ်ဦး၏အမှု တရားမျှတစွာ ဖော်ထုတ်နိုင်ရန်နှင့် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှု ဖြေရှင်းပေးရန် နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။

Tuesday, February 17, 2015

သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင်အမှု ရှုံး စီရင်ချက် ချခံရ



လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

Saturday, February 14, 2015

ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်

ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်းစခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

Friday, February 13, 2015

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

Thursday, February 12, 2015

ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်


ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ ကျရောက်သော (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Tuesday, February 10, 2015

KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို

ဖေဖေါ်ဝါရီ ၅၊ ၂၀၁၅ အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (ABCUSA) မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Medley နဲ့ အဖွဲ့ ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်

အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦး၏အမှုကို တရားမျှတစွာ ဖော်ထုတ်ပေးရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (American Baptist Churches USA) မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Roy Medley က ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဖေဖော်ဝါရီလ ၉ ရက် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု KBC ၏ အတွင်းရေးမှူး Rev. Dr. Hkalam Samson က ပြောသည်။

Monday, February 9, 2015

ကြပ်တည်းနေသော ဒုက္ခသည်များကို ၈၈ မျိုးဆက်များ ကူညီပေး


ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ကချင်စစ်ပြေးဒုက္ခသည်များကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းနိုင်ခဲ့သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

Friday, February 6, 2015

မပြေလည်သေးသော အပစ်ရပ်ရေးဆွေးနွေးပွဲ မကြာမီ ပြန်စမည်

NCCT ခေါင်းဆောင် နိုင်ဟံသာ
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် (၇) ကြိမ်မြောက် ဆွေးနွေးမှုကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် နောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံရန် သဘောတူညီမှု ရရှိသည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

ဇန်န၀ါရီ ၂၂ ကချင်လူငယ်များ မြစ်ကြီးနား မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှေ့ ဆန္ဒပြ နေပုံ။

မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

Wednesday, February 4, 2015

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး


ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုထားရှိမည့်ကိစ္စကို အချိန်မတန်သေးကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ သတိပေးစာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။

ပိတ်မိနေသော ကချင်ဒုက္ခသည်များထံ ၈၈ ကျောင်းများ စားနပ်ရိက္ခာသွားရောက် ကူညီမည်


ရှစ်လေးလုံး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

Monday, February 2, 2015

အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား


 သတ်ဖြတ်ပြီး မီးရှုထားတဲ့ ရွာသား လူငယ် ၃ ဦးနဲ့ လူကြီး ၁ ဦးရဲ့ အလောင်းကို မြေမြှုပ် သင်္ဂြိုဟ် နေပုံ။

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။

Friday, January 30, 2015

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော


လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

Wednesday, January 28, 2015

အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော

 ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ UNFC အထွေထွေအတွင်းရေးမှူး-၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာရှိ (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုဖြစ်၍ တရားလက်လွတ်ပြုမူခြင်းကို ရပ်စဲသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။

Tuesday, January 27, 2015

အစိုးရထိုးစစ်ကြောင့် KIA စခန်းတခု ထပ်ဆုတ်

 KIA တပ်မဟာ ၄ ဌာနချုပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)တို့ ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် KIA ၏ ရှေ့တန်းစခန်းတခုမှ ဆုတ်ခွာပေးလိုက်ရသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

Monday, January 26, 2015

မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို

ဇန်န၀ါရီ ၂၅၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနား ကျင်းပနေပုံ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။

Saturday, January 24, 2015

ကချင်ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သတ်ခံရမှု အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို

 ဇန်နဝါရီလ ၂၄၊ မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများက ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့တယ်

ကချင်ကျောင်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန် အပါအဝင် မလေးရှားနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများ ဇန်နဝါရီလ ၂၄ ရက်က တောင်းဆိုလိုက်သည်။

Friday, January 23, 2015

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့်  ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။

အစိုးရစစ်တပ်များ ခေတ္တ ထိုးစစ်ရပ်ထားပြီး အင်အားဖြည့်နေ

 အစိုးရ တပ်မ ၆၆ စစ်သားတဦး၊ ဖါးကန့်၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရ စစ်တပ်သို့ ထိုးစစ်ဆင်ခြင်းမရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည် ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောသည်။