Friday, March 29, 2013

Monday, March 11, 2013

MAR. 1ST WEEK RFA-KACHIN TV

Saturday, March 9, 2013

ဝိုင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်းတွင် ရေမလုံလောက်

ကေအိုင်အို မိုင်ဂျာယန် ဒေသရှိ ကချင်စစ်ပြေး ဒုက္ခသည်များ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည် စခန်းတွင် ရေလှောင်ကန်နှင့် ရေပိုက်များအခက်ခဲဖြစ်နေသောကြောင့် ရေသုံးစွဲမှု မလုံမလောက်ဖြစ်နေကြောင်း သိရသည်။

Friday, March 8, 2013

ပန်ဝါနှင့် ချီဖွေ-လောခေါင်ဒေသသို့ အစိုးရတပ်များ ရဟတ်ယာဉ်ဖြင့် စစ်ရေးလှုပ်ရှားလာ

ပန်ဝါ၊ ချီဖွေ နှင့် လောခေါင်ဒေသတွင် အခြေစိုက်တဲ့ မြန်မာအစိုးရ နယ်ခြားစောင့်တပ်ဖွဲ့ (ယခင် NDA-K တပ်ဖွဲ့)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ (၁) တပ်ရင်း (၁၀) နယ်မြေ ချီဖွေ-လောခေါင် နှင့် ပန်ဝါဒေသတွင် အစိုးရတပ်ဖွဲ့သည် ရဟတ်ယာဉ်များနေ့စဉ်အသုံးပြု၍ စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှသိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း တိုင်းရင်းသား နယ်မြေများတွင် ကျဆုံးသွားခဲ့သော ဂျပန်ရဲဘော်များ၏ ရုပ်အလောင်း ကူညီရှာဖွေရန် UNFC သဘောတူ

ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်သားများ။

ဂျပန်အစိုးရမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားနယ်မြေအတွင်း ကျဆုံးသွားခဲ့သော မိမိတို့ဂျပန်ရဲဘော်များ၏ ရုပ်အလောင်းကို ကူညီရှာဖွေပေးရန်ကမ်းလှမ်းခဲ့ရာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များက သဘောတူခဲ့သည်။

Wednesday, March 6, 2013

မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်း ထားသော်လည်း ပြောင်းရွှေ့ခံဒေသခံများ နေရပ်ပြန်ခွင့် မရသေး

အောင်မြင်သာစံပြ ကျေးရွာ
ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းကို  နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သော်လည်း စီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသော အောင်မြင်သာစံပြကျေးရွာဒေသခံများသည် မူရင်းနေရပ်သို့ ပြန်နေထိုင်ခွင့်မရသေးကြောင်း ဒေသခံများပြောသည်။

Tuesday, March 5, 2013

ရှမ်းပြည်မြောက်ပိုင်း KIA ရှိရာသို့ အစိုးရတပ်များ အင်အား ဆက်တိုက်တိုးချဲ့လာသောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။
မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်းဒေသသို့ စစ်လက်နက်အင်အားများနေ့စဉ် တိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း KIA ဖက်ကသုံးသပ်ပြောဆိုသည်။

Friday, March 1, 2013

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်းတွင် ဆေးဝါးလိုအပ်

တရုတ်နယ်စပ် ယာယီစစ်ပြေးစခန်းမှ ဒုက္ခသည် ကလေးငယ်များ။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” ဒုက္ခသည်စခန်းတွင် အအေးမိ နှာစီးချောင်းဆိုး ဖြစ်ပွားနေပြီး အားဆေးများလိုအပ်နေကြောင်းသိရသည်။
နှာစီးချောင်းဆိုးသူများသည် ၁ ရက်လျင်  ၂၀ ယောက်ခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှော အရေပြား ရောဂါဖြစ်သူများ၊ သွေးတိုးဖြစ်သူများ နေ့စဉ် ဆေးခန်းသို့ ရောက်လာသောကြောင့် ဆေးမပြတ်သွားရန်လိုအပ်နေခြင်းဖြစ်သည်ဟု ကျန်းမာရေး ဆေးခန်းမှဆိုသည်။

ချီဖွေ-လောခေါင်နယ်မြေသို့ အစိုးရထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံနယ် နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက် ရွှေကျင်လုပ်သား ၃၀ ကျော် အာဏာပိုင်များဖမ်းဆီးခံရ

မြစ်ကြီးနား အထက် ဧရာဝတီမြစ် ရွှေကျင်းများ။
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့လဘန်ကထောင် (Labang Kahtawng) တွင် ဧရာဝတီမြစ်တလျှောက်ရွှေကျင်နေသော လုပ်ငန်းပိုင်ရှင်အပါအ၀င် ရွှေလုပ်သား အမျိုးသား ၃၀ ကျော်ကို  ဝိုင်းမော်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အစိုးရတပ်များ ကချင်ထိုးစစ် ဆက်လက် ဆင်နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို

February 28 မှာ KWAT မှထုတ်ဝေတဲ့ State Terror in Kachin Hills အစီရင်ခံစာ။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေးလမ်းစဉ်သို့ ဆွေးနွေးမှုပြုလုပ်နေသော်လည်း လက်ရှိကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်လက်နက်အင်အားနှင့် ရိက္ခာများတိုးချနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသည့် လုပ်ရပ်အပေါ် နိုင်ငံတကာမှ ဖိအားပေး အရေးယူဆောင်ရွက်ပေးရန် ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) တောင်းဆိုလိုက်သည်။