Friday, November 20, 2015

မိုးညှင်း တိုက်ပွဲနှင့်ဆက်စပ်ပြီး ရှမ်းနီများ KIA ဆန့်ကျင် ဆန္ဒပြ မည်


ရှမ်းနီလူမျိုးများ KIA ဆန့်ကျင်ဆန္ဒပြပွဲ၊ မြစ်ကြီးနားမြို့၊ ၂၀-၁၂-၂၀၁၃

မြန်မာအစိုးရက ‘ရှမ်းနီ’ ခေါ် ကချင်ပြည်နယ်မှ ရှမ်းလူမျိုးများ လတ်တလောဖြစ်ပွားနေသော မိုးညှင်း တိုက်ပွဲနှင့်ဆက်စပ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဆန့်ကျင် ဆန္ဒပြပွဲကို မနက်ဖြန် စနေနေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ရန် စီစဉ်နေပါသည်။

ဆန္ဒပြပွဲ ပါဝင်သူများသည် မိုးညှင်း၊ ဟိုပင်၊ အင်းတော်နှင့် မြစ်ကြီးနား-မန္တလေး သံလမ်းတလျှောက် ကျေးရွာဒေသများမှ ဖြစ်ကြပြီး ယနေ့ မနက်ပိုင်း မြစ်ကြီးနားမြို့သို့ စုဝေးရောက်ရှိလာသည်ကိုမြင်ရကြောင်း မြို့ခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

၎င်းတို့သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက် တွင် စုဝေးနေသည်ဟု ဆိုပါသည်။

ယခုလို KIA ကိုဆန့်ကျင်သော ဆန္ဒပြပွဲ နောက်ကွယ်မှာ အဓိက ကြိုးကိုင်သူမှာ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် စစ်တပ်အရာရှိများဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများ ပြောပါသည်။

ရွေးကောက်ပွဲပြီးနောက် တပတ်အကြာ မြန်မာအစိုးရတပ်က ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့ ပတ်ဝန်းကျင်ရှိ KIA တပ်မဟာ(၈) စခန်းများကို လေကြောင်းနှင့် လက်နက်ကြီး အင်အား အဓိက အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ(၁၅)ရက်မှ ဆက်လက်ဖြစ်ပွားသောတိုက်ပွဲကြောင့် အစိုးရ အထက်တန်းကျောင်း ပိတ်ထားရပြီး စစ်ရှောင်ဒေသခံများလည်း ၂၀၀ ကျော် ရှိလာပြီဖြစ်သည်။

ယခင် ၂၀၁၃ ဒီဇင်ဘာ ၂၀ မှာလည်း ကချင်ပြည်နယ် (၈)မြို့နယ်မှ ရှမ်းနီလူမျိုးများ ထောင်ဂဏန်းသည် မြစ်ကြီးနားမြို့တွင် စုဝေးကာ KIA မှ ရှမ်းလူမျိုးများ ပေါ် ‘စစ်သားစုဆောင်းခြင်း၊ ဆပ်ကြေးကောက်ခံခြင်း မပြုလုပ်ရန်နှင့် ဖမ်းဆီးခေါ်ဆောင်ထားသူများ လွှတ်ပေးရန်’ ဆန္ဒပြ တောင်းဆိုခဲ့သည်။


0 comments:

Post a Comment