Thursday, November 19, 2015

ဆွမ်ပရာဘွမ် KIA စခန်း အစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်ခံရ



ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် တိုက်ပွဲဖြစ်နေစဉ် ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ် မြို့နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၇) ရှေ့တန်းစခန်းတခုကို အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ယမန်နေ့ ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

လက်နက်ကြီးဖြင့် Lawt Mai Yang စခန်းကို ယမန်နေ့ နံနက်ပိုင်း ၁၁နာရီခန့်တွင် (၁)ကြိမ်နှင့် မွန်းလွဲ ၄နာရီခန့်တွင် (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ KIA ဘက်မှ တုန့်ပြန်ပစ်ခတ်မှု မရှိကြောင်း KIA တာဝန်ရှိသူများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယင်းနေ့ ၁၁နာရီခန့်တွင် အစိုးရတပ်က ၎င်းတို့၏ မလိယန်စခန်းနှင့် KIA စခန်း Lawt Mai Yang ကြား Shara Hka ချောင်းနား လုံခြုံရေးမိုင်းနှင်းမိခြင်းကြောင့် KIA စခန်းကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ဆိုသည်။

နိုဝင်ဘာ(၈)ရက် အထွေထွေရွေးကောက်ပွဲပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ KIA ရှေ့တန်းစခန်း အားလုံးလိုလိုသည် အစိုးရတပ်များ၏ လက်နက်ကြီးများဖြင့် မကြာခဏ ရန်ရှာပစ်ခတ်မှုများ ပိုပြီး ခံနေရကြောင်း KIA က ပြောပါသည်။


0 comments:

Post a Comment