Friday, May 30, 2014

အစိုးရနှင့် KIO ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့’ ဖွဲ့စည်း



မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဘက်ကိုယ်စားလှယ်များ ပါဝင်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့’ ကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မေ ၂၈ ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက်သည်။

Tuesday, May 20, 2014

NCCT ခေါင်းဆောင် နိုင်ဟံသာရဲ့ မေ ၁၅ မြစ်ကြီးနား လူထုအစည်းဝေး မိန့်ခွန်း

NCCT ခေါင်းဆေင် နိုင်ဟံသာ

ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့ထဲမှာ ဘာကြောင့် လူမျိုးတိုင်း လက်နက်ကိုင် တော်လှန်ရသလဲဆိုတာက စဉ်းစားသုံးသပ်စရာဖြစ်ပါတယ်။ တစ်ဖွဲ့၊ နှစ်ဖွဲ့တည်းမဟုတ်ပဲ လူမျိုးတိုင်းလိုလို ထတော်လှန်နေရတယ် ဆိုတာကတော့ အာဏာရထားတဲ့ အစိုးရရဲ့ အားနည်းချက်၊ မှားယွင်းချက်ပဲလို့ ကျနော်ကတော့ အဲ့လိုပြောလိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ သမိုင်းကြောင်းအရ သူ့မြေနဲ့ သူဧရိယာနဲ့သူ့လူမျိုးနဲ့ နေထိုင်လာတဲ့ ဧရိယာကြီးပဲဖြစ်ပါတယ်။ တောင်ပိုင်းမှာ မွန်နိုင်ငံဖြစ်သလို၊ အနောက်ပိုင်းမှာ ရခိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာဆိုရင်လည်း ရှမ်းနိုင်ငံ၊ အလယ်ပိုင်းမှာပဲ ဗမာနိုင်ငံကြီးဖြစ်သလို ကချင်တို့၊ ချင်းတို့၊ ၀တို့ ဆိုရင်လည်း သူတို့နယ်မြေကို သူတို့ပဲကိုယ်ပိုင် အမြဲတမ်း ကိုယ်ပိုင်အုပ်ချုပ်လာခဲ့တာကို တွေ့ရပါတယ်။ ပဒေသရာဇ်ခေတ်မှာ အာဏာကြီးတဲ့ တပ်အင်အားကြီးတဲ့ သူကတော့ နယ်မြေသိမ်းလိုက်လုပ်ခဲ့ပါပြီ။ အဲ့ဒီနောက်မှာ အင်္ဂလိပ်တွေအားလုံးကို သိမ်းလိုက်တဲ့ အချိန်မှာ မြန်မာနိုင်ငံတွင်းရှိလူမျိုးအားလုံးဟာ အင်္ဂလိပ်ရဲ့ ကျွန်ဖြစ်၊ ဂျပန်ရဲ့ကျွန်တွေ ဖြစ်ခဲ့ကြတယ်။

ကချင်နဲ့ ရှမ်းတိုင်းရင်းသားများဟာ အတူတကွ ဖိနှိပ်ခံရသူများ သာ ဖြစ်ကြောင်း KIA ဗိုလ်ချုပ်ဂွန်မော် ပြော

မေ ၁၃၊ ၂၀၁၄ KIA စစ်သားစုဆောင်းရေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများကို ဗိုလ်ချုပ်ဂွန်မော်ရှင်းပနေပုံ။

ကချင်ပြည်နယ်မှာ ရှမ်းတိုင်းရင်းသားများနဲ့ ကချင်တိုင်းရင်းသားများက အတူတူနေထိုင်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်မှာသော်လည်းကောင်း၊ တရုတ်ပြည်မှာသော်လည်းကောင်း၊ ထိုင်းနိုင်ငံသော်လည်းကောင်း၊ အိန္ဒိယနိုင်ငံမှာသော်လည်းကောင်း အတူတကွနေထိုင်ခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အစကတည်းက ပေါ်ပေါက်လာတာမဟုတ်ပါဘူး။

Friday, May 16, 2014

ပူးတွဲစောင့်ကြည့်ရေး (Joint Monitoring) ပိုပြီးအောင်မြင်နိုင်ဖို့ လူထုပါဝင်မှုလို

မေ ၁၃၊ ၂၀၁၄ နေ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသို့ ရောက်လာစဉ် လူထုအား ဗိုလ်ချုပ်ဂွန်မော် နှုတ်ဆက်။

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား သဘောတူထားပေမဲ့ မဖွဲ့စည်းနိုင်သေးတဲ့ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ’ (Joint Monitoring Committee) အား ထပ်မံဖွဲ့စည်းရန် နှစ်ဘက်ကိုယ်စားလှယ်များ မေ ၁၃ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ တွင် သဘောတူခဲ့တယ်။ ဒီအကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် အား မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မေးမြန်းထားပါတယ်။

Thursday, May 15, 2014

အစိုးရနှင့် KIO သို့ ကချင်လူငယ်များ တင်ပြသည့် ဘုံဆန္ဒ အသံ



၂၀၁၄ မေ ၁၅ မြစ်ကြီးနားပြည်သူများနှင့် KIO ကိုယ်စားလှယ် ဆွေးနွေးပွဲ (Public Consultation) သို့ တင်ပြသည့် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့ပေါ်ရှိ ကချင်လူငယ်များ၏ ဘုံအသံ



Check more at http://www.facebook.com/KachinNewsGroup

မြစ်ကြီးနား KIO လူထုဆွေးနွေးပွဲ (Public Consultation) ကို ကချင်လူငယ်များ ထောက်ခံဆန္ဒပြ

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ်ဂွမ်မော်အား ထောက်ခံတဲ့ ပိုစတာ

မေ ၁၃ ရက် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ဆွေးနွေးပြီး မေ ၁၅ ယနေ့ မြစ်ကြီးနား ကချင်ရိုးရာမနောကွင်းတွင် ကျင်းပတဲ့ KIO လူထုဆွေးနွေးပွဲ (Public Consultation) ကို ကချင်လူငယ် ရာပေါင်းများစွာ ထောက်ခံဆန္ဒပြနေပုံ။

KNG ကချင်သတင်းဌာန မြစ်ကြီးနားသတင်းထောက် ဂျိန်းဖော့လာ ပေးပို့တဲ့ နောက်ဆုံးဓါတ်ပုံများကို KNG Facebook တွင်ကြည့်ရှုနိုင်ပါပြီ  CLICK http://www.facebook.com/KachinNewsGroup

Photo News: KIO နဲ့ NCCT ခေါင်းဆောင်များ မြစ်ကြီးနား လူထုဆွေးနွေးပွဲ ကျင်းပ


မေ ၁၅ ယနေ့ KIO နဲ့ NCCT တိုင်းရင်းသား ခေါင်ဆောင်များမှ မြစ်ကြီးနား ကချင်ရိုးရာမနောကွင်းတွင် လူထုဆွေးနွေးပွဲ (Public Consultation) ကျင်းပနေပုံ။

KNG ကချင်သတင်းဌာန မြစ်ကြီးနားသတင်းထောက် ဂျိန်းဖော့လာ ပေးပို့တဲ့ နောက်ဆုံးဓါတ်ပုံများကို KNG Facebook တွင်ကြည့်ရှုနိုင်ပါပြီ  CLICK http://www.facebook.com/KachinNewsGroup

Wednesday, May 14, 2014

ဒို့တိုင်းရင်းသားတွေ"သမ္မတကြီးပြောသလိုကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး"

NCCT တာဝန်ခံ နိုင်ဟံသာ

မေ၁၃ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တာဝန်ခံ ဦးနိုင်ဟံသာ ကို မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မှ မေးမြန်းထားတယ်။

Tuesday, May 13, 2014

"ကျွန်တော်တို့က ဌာနေသားတွေကို စုဆောင်းရေးလုပ်တာပါ"

မေ ၁၃ နေ့ အစိုးရနဲ့ KIO ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် KIA စစ်သားသစ်စုဆောင်းခြင်းနဲ့ပတ်သက်ပြီး ဆန္ဒပြကြတဲ့ ရှမ်းလူမျိုးများကို KIA ဗိုလ်ချုပ်ဂွန်မော် တွေ့ဆုံရှင်းလင်းနေပုံ။

KIO/KIA တွေ တပ်သားသစ်စုဆောင်းမှုနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားအချို့ မနောကွင်းရှေ့တွင် ယနေ့ညနေ ၃ နာရီ နှင့် ၄ နာရီကြားတွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်တဲ့ ရှမ်းတိုင်းရင်းသားများကို ဗိုလ်ချုပ်ဂွန်မော်မှ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်နဲ့ မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မေးခွန်းအချို့ကို မေးမြန်းထားပါတယ်။

Monday, May 12, 2014

မြစ်ဆုံစီမံကိန်းကြီး ပြန်လည် စတင်လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေ တွေ့ရ

ရဲထွဋ္ဌ်ခေါင်

ကချင်ပြည်နယ်တွင် တည်ဆောက်နေသည့် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားရန် မေ ၈-၉ ရက်နေ့ မြစ်ကြီးနားမှ မြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒပြပွဲကို ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ မှ ဦး ရဲထွဠ်ခေါင် အား KNG ကချင်သတင်းဌာန မြစ်ကြီးနားသတင်းထောက် ဂျိန်းဖော့လာ မေးမြန်းထားသည်။