Friday, February 28, 2014

KIA ဆယ်ဇင်း တိုက်နယ်အုပ်ချုပ်ရေးရုံးအား အစိုးရတပ် စီးနင်းတိုက်ခိုက်ရာ KIA ၁ ဦးကျ ၄ ဦးဒဏ်ရာရ

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ စစ်သားနှစ်ဦး။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနောက်ပိုင်းတိုင်းအတွင်းရှိ အင်းတော်ကြီးဒေသ ဆယ်ဇင်း KIA တိုက် နယ်အုပ်ချုပ်ရေးရုံးအား အစိုးရတပ် တပ်မ (၆၆) အောက် ခလရ ၆ မှ ဖေဖ၀ါရီ ၂၆ ရက် ၂ နာရီခန့်တွင် ရုတ်တရက်ဝင် ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် တဦးကျကာ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

Thursday, February 27, 2014

တရုတ်အစိုးရ၏ ကူညီပစ္စည်းများရရှိသော်လည်း ခက်ခဲမှုအခြေအနေများရှိနေဆဲ

ဖေဖေါ်ဝါရီ ၂၁ တရုတ်နိုင်ငံကြက်ခြေနီအဖွဲ့မှ KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ လူသားချင်းစာနာအကူအညီနဲ့ အတူ သွားရောက်လေ့လာနေစဉ်။

တရုတ် ပီကင်းအစိုးရ၏ လူသားခြင်းစာနာမှုဖြင့် ပထမဆုံးအကြိမ် ကူညီပေးသော ပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ရရှိနေပြီဖြစ်သော်လည်း နေရာထိုင်ခင်းနှင့် အိမ်သာ၊ ရေတို့ အခက်ခဲဖြစ်နေဆဲဖြစ်သည်။

Wednesday, February 26, 2014

ကချင်ပါတီများ ၁ ခုတည်းပေါင်းစည်းနိုင်ရေး စတင်ဆွေးနွေးမှု အားမရသေး

KSDP ဒေါက်တာ တူးဂျာ (ဘယ်) နဲ့ KDP ဦးအောင်ခမ်း

ကချင်ပြည်နယ်တွင်း ကချင်နိုင်ငံရေးပါတီများ ၁ ခုတည်းပေါင်းစည်းနိုင်ရေးအတွက် ပါတီပေါင်းစုံဆွေးနွေးပွဲကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် စတင်ဆွေးနွေးခဲ့ရာ ပါတီခေါင်းဆောင်များ၏ သဘောထားတုံ့ပြန်မှု နှေးကွေးနေသည်။

Tuesday, February 25, 2014

အစိုးရတပ်နှင့် KIA တပ်များကြား တပ်မဟာ (၄) ဒေသတွင် တင်းမာနေဆဲ

ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုးဒေသမှ KIA စစ်သားများ

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နယ်မြေတွင် ယမန်နေ့ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တပ်ရင်း (၂) နေရာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိများမှသိရသည်။

Monday, February 24, 2014

တရုတ်အစိုးရ၏ အကူအညီများ KIO ထိန်းချုပ်ဒေသရှိ ဒုက္ခသည်စခန်းသို့ စတင်ရောက်ရှိ

ဖေဖေါ်ဝါရီ ၂၁ ရက် ပထမဆုံး တရုတ်အစိုးရဒုက္ခသည်အကူအညီနဲ့ ကြက်ခြေနီအသင်း အရာရှိများ KIO လိုင်ဇာ ဒုက္ခသည်စခန်သို့ ရောက်ရှိနေပုံ။

တရုတ်ပြည် ပီကင်းအစိုးရမှ ပထမဆုံးအကြိမ် လူသားခြင်းစာနာထောက်ပံ့မှု အကူအညီပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ စစ်ပြေးဒုက္ခသည်စခန်းများသို့ ဦးစွာရောက်ရှိခဲ့သည်။

Wednesday, February 19, 2014

ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ

နှင်းမုန်တိုင်းဒဏ်ကို ခံနေရတဲ့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဝါဒေသ။ ပုံ - facebook

တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ်တွင် နှင်းခဲကျဆင်းမှုနှုန်းများခြင်းကြောင့် ဒေသခံများနှင့် ထိုဒေသတွင်ခိုလှုံနေသော ဒုက္ခသည်များအတွက် အအေးလွန်ကဲမှုဒာဏ်ခံနေရကြောင်း စခန်းမှသိရသည်။

တရုတ်အစိုးရက ကချင်ဒုက္ခသည်များ ကို အကူညီပေးမည်

တရုတ်အစိုးရသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပေးမည်

တရုတ်အစိုးရသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးက ဖေဖ၀ါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ရှင်ဟွာသတင်းတွင် သတင်းထုတ်ပြန် ရေးသားဖော်ပြထားသည်။

Tuesday, February 18, 2014

ဗန်းမော်ခရိုင် KIA မှသိမ်းပိုက်ထားသော စခန်းကို အစိုးရတပ် နောက်ဆုတ်ပေး

ဗန်းမော်ခရိုင် ရှေ့တန်းတနေရာမှ KIA စစ်သားတဦး။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) KIA စခန်းအားသိမ်းပိုက်ထားသော အစိုးရတပ်သည် ဖေဖေါ်ဝါရီ ၁၆ တနင်္ဂနွေ မွန်းလွဲ ၁ နာရီကျော်တွင် ၎င်းစခန်းမှ ဆုတ်ခွာသွားကြောင်း KIA ကပြောသည်။

Monday, February 17, 2014

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ ရောက်ရှိ

KIO လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိစဉ် ဂျေယန့်ဒုက္ခသည်စခန်းသို့ လည်ပတ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်စားလှယ် မစ္စတာ သောမတ် အိုဟေးကင်တားနား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားသည် ကချင်ပြည်နယ်သို့ရောက်ရှိလာချိန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ ပထမဆုံး လာရောက်လေ့လာခဲ့သည်။

KIO အရာရှိများက ပြင်းထန်သောတိုက်ပွဲများ ထပ်မံမဖြစ်စေရန် ဆုတောင်းကြဖို့ပြောကြား

KIO လိုင်ဇာမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ယခုတဖန်ပြင်းထန်သည့်တိုက်ပွဲကြီးထပ်မံမဖြစ်ပွားအောင် KIO အရာရှိများသည် လိုင်ဇာရှိ အသင်းတော် အသီးသီးတွင် ဆုတောင်းရန်ပြောကြားလိုက်သည်။

Friday, February 14, 2014

အစိုးရစစ်တပ်၏ ဖမ်းဆီးထောင်ချခံခဲ့ရသော KIA အဖွဲ့ဝင် တဦး ရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာတဲ့ KIA အဖွဲ့ဝင် ဦး Zau Seng Nan
တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့KIO ဗဟိုဌာနချုပ်လိုင်ဇာအနီး ဂျာအိန်ရွာ (Ja Ing Yang) မှ ဦးဇော်ဆိုင်းနန် (Slg. Zau Seng Nan) အား လဂျားယန် (Laja Yang) တွင် အစိုးရတပ်မှ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် ဇန်န၀ါရီလတွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၄င်း၏ ဖမ်းဆီးခံခဲ့ရခြင်းနှင့် ထောင်တွင်းရင်ဆိုင်ရသော အခြေအနေများကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဦးဇော်ဆိုင်းနန် ဘယ်နေ့မှာဖမ်းဆီးခံရပြီး ဘယ်ထောင်ကျတာလဲ။
ဖြေ။ ။ လဂျားယန်စခန်းနဲ့ ဗန်းမော်ထောင်ကြီးမှာ ကျခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ၉ လ ၂၅ ရက်နေ့မှာ လဂျားယန်ဂိတ်တပ်ရင်း ၂၉ ကနေဖမ်းဆီးပြီး မြေတိုက်ကျင်းမှာ ၈ လနေခဲ့တယ် ဗန်းမော်ထောင်ကြီးမှာ ၁ နှစ်ကျော်နေတယ် စုပေါင်း ၂ နှစ် ၄ လ ကျခဲ့ပါတယ်။

မေး။ ။ ဘယ်လို ဖမ်းဆီးခံခဲ့ရတာလဲ?
ဖြေ။ ။ ကျနော်က ဂျာအိန်ယန်ရွာ (Ja Ing Yang)အသင်းတော်မှာ ဆက်ကပ်နေသူပါ။ နိုင်ငံရေးမကောင်းလာတော့ အထက်လူတွေက ရွာသားတွေကို စည်းရုံးဖို့ကျနော့်ကိုတာဝန်ပေးလို့ ထမ်းဆောင်နေချိန် အစည်းဝေးသွားဖို့ရန် ဗိုလ်ကြီးနဲ့ ကျနော်တို့ ၁၀ ယောက်ကျော်၊ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ကြီးသေနတ်ကိုင်ပေးထားတယ် အဲဒါ လဂျားယန်ဂိတ်မှာ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ထောက်လှမ်းရေးတွေက ကျနော့်ကို ကြိုပြီး ဓာတ်ပုံရိုက်ထားလိုက်တာမသိဘူး။ ဖမ်းလိုက်တဲ့ချိန်မှာပဲ တပ်သားတယောက်က ပြေးလာပြီး ဒီကောင်ပဲ ဒီကောင်ပဲဆိုပြီး ကျနော်တစ်ယောက်ထဲကိုဖမ်းလိုက်တာ ဟုတ်တယ်။

မေး။ ။ ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ ဘယ်လိုစစ်ဆေးမေးမြန်းမှုတွေခံရလဲ။
ဖြေ။ ။ ဘယ်လို နှိပ်စက်တယ်ဆိုတာတောင် မပြောပြတတ်တော့ဘူး။ တခါထဲကြိုးတုတ်ပြီး ထိုးတယ်၊ ရိုက်တယ်။ ဓါးနဲ့လည်း ခြေထောက် တွေမှာရိုက်ပေးတယ်။ မင်းနာမည်ဘယ်လိုခေါ်လဲလို့မေးတော့ ကျနော်လည်း ညာလိုက်တယ်။ အဲချိန်မှာ မင်းမညာနဲ့ နင့်နာမည်ဇော်ဆိုင်းနန် လို့ခေါ်တယ်မဟုတ်လား။ နင့်ဓာတ်ပုံတွေကြည့်မလားလို့ပြောပြီးရိုက်တယ် ဆိုင်ကယ်မှာ ကြိုးချည်ပြီးတော့လည်းဆွဲတယ်။ ရေလောင်းတယ်။ ဓာတ်တို့ပြီးနှိပ်စက်တယ်။ ခြေထောက်နှစ်ဖက်လည်းကြိုးတုတ်ထားပေးတယ် အဲဒီနောက် ၈ လ လဂျားယန်မြေတိုက်ကျင်းမှာ ထည့်ထားတယ်။

မေး။ ။ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး KIO ဘက်ကကော လွတ်မြောက်လာဖို့ အစိုးရနဲ့ ညှိနှိုင်းမှုတွေရှိလား။
ဖြေ။ ။ သူတို့ဘက်က ပိုက်ဆံနဲ့ရွေးမယ် လို့ပြောတယ် ဒါမဲ့အစိုးရတပ်ကတော့မဖြစ်နိုင်ဘူး လို့ပြောတော့ စစ်သုံ့ပန်းအချင်းချင်းလဲမယ် ဇော်ဆိုင်းနန်ကို လွတ်ပေးဖို့ပြောနေတာ ကြားနေရတယ်။ အဲချိန်မှာ ဒီကောင်က ဒီလောက်တောင်အရေးကြီးနေရလားဆိုပြီး စစ်ချက်အသစ် တွေပြန်လုပ်ပြီး မနှိပ်စက်တော့ဘူး။ လဂျားယန်မှာ တိုက်ပွဲစဖြစ်တဲ့နေ့ ၂၀၁၂ ခုနှစ် ၄ လ ၂၈ ရက်နေ့က လမ်းတောင်မလျှောက်နိုင်တဲ့ကျနော့်ကို ထမ်းစင်နဲ့ထမ်းပြီး လေယာဉ်နဲ့ မြစ်ကြီးနား ပမ္မတီး (မပခ စစ်ဌာနချုပ်) ကိုသယ်ခဲ့တယ် အဲဒီမှာ ၁ ညအိပ်ခဲ့ပြီး စရဖ တွေက တာဝန်မယူနိုင်ဆိုပြီး ဒေါ့ဖုန်းယန်ရဲစခန်းမှာ ပြန်လာခဲ့တယ် ၂၀၁၂ ခုနှစ် ၆ လ ၇ ရက်နေ့မှာ ဗန်းမော် ထောင်ကြီး ထဲပို့လိုက်တာပါ။

မေး။ ။ အဲတော့ ထောင်ဒာဏ် ဘယ်နှစ်နှစ်ကျခံထားရတာကို ပြန်လွတ်ပေးခဲ့တာလဲ။
ဖြေ။ ။ သမ္မတအမိန့်နဲ့ လွှတ်တဲ့ ၄ ကြိမ်မြောက် ၂၀၁၄ ခုနှစ် ၁ လ ၁ ရက်နေ့မှာ ကျနော်လွတ်မြောက်ခဲ့တာပါ။ ၁၇ (၁) ပုဒ်မ ၁၉ (စ) လက်နက်မှုနဲ့ဖမ်းဆီးထောင်ချခဲ့တာဖြစ်တယ်။ ၁၇ (၁) ပုဒ်မ ကတော့ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး လက်နက်မှုက ထောင်ဒဏ် ၆ လ ကျခံခဲ့ရတာပါ။

မေး။ ။ အခုလွတ်မြောက်လာတော့ကော ဘယ်လိုခံစားရလဲ ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ။ အခုချိန်မှာ ကျနော့်ကိုယ်ခန္ဒာမှာ ခါးရိုးလွဲသွားပြီး အရမ်းကိုနေရခက်၊ နာကျင်မှုခံစားနေရတယ် ခြေထောက်တွေမှာလည်း ဓာတ်တို့ပေးထားလို့ လမ်းလျှောက်တာကြာလာရင် အကြောတွေသေလာမတတ် မလျှောက်နိုင် တော့ဘူး ခက်ခဲမှုတွေများစွာရှိနေတယ်။ ဒါပေမဲ့ မသေပဲ လွတ်မြောက်လာတာကိုပဲ ဦးစွာ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ မိသားစုတွေ ဒေသခံတွေနဲ့ ပြန်တွေ့ဆုံရတာ အရမ်းဝမ်းသာတယ်။ ခုတော့ ဒုက္ခသည်စခန်းမှာပဲ နေပါတယ်။

ဦး ဇော်ဆိုင်းနန်နှင့်အတူ ဗန်းမော်ထောင်ကြီးတွင် KIA တပ်ဖွဲ့ဝင်အဖြစ် လက်နက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၃ ယောက်ရှိနေဆဲဖြစ်ပြီး ကျန်ကချင်တိုင်းရင်းသား ၂၀၀ ကျော်သည်လည်း မူးယစ်မှုဖြင့် ဖမ်းဆီးထောင်ချ ခံထားရကြောင်း သိရသည်။

Thursday, February 13, 2014

ကချင်တောင်ပေါ်ဒေသတို့ အကြိုသန်းခေါင်စာရင်းကောက်ခံရန် စတင်လုပ်ဆောင်


ကချင်ပြည်နယ် တောင်ပေါ်ဒေသနှင့်ဝေးလံသော ဒေသတို့တွင် အစိုးရ၏ တစ်နိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံသောလုပ်ငန်းစဉ်အား ရက်ပေါင်း (၃၀)ကြိုတင်ကောက်ခံသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

Wednesday, February 12, 2014

အစိုးရတပ်များ KIA ဌာနချုပ်အနီး တပ်စခန်းတခု ထပ်မံသိမ်းပိုက်

မြစ်ကြီးနား-လိုင်ဇာ လမ်းမပေါ်မှ အစိုးရတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တခု။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး KIA ခအူ (Hka -U) စခန်းအား ယနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန်တွင် အစိုးရတပ်မှထပ်မံသိမ်းပိုက်လိုက်ကြောင်း KIO နည်းပညာအဖွဲ့ Technical Advisory Team မှ ဆရာဒေါင်ခါး ပြောသည်။

Tuesday, February 11, 2014

KIO ဌာနချုပ်ဒေသရှိ တပ်စခန်းတခုအား အစိုးရတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ် သိမ်းပိုက်

ဌာနချုပ် လိုင်ဇာမြို့ကို လုံခြုံရေးပေးနေတဲ့ KIA စခန်းတခု
ဗဟိုဌာနချုပ် လိုင်ဇာမြို့ KIA တပ်ရင်း ၁၈ ဒေသရှိ ဂျာအိန်ယန် (Ja Ing Yang) စခန်းအား အစိုးရတပ်များ တိုက်ခိုက်ပစ်ခတ်လာသောကြောင့် ယမန်နေ့ တင်္နလာနေ့ ညနေ ၅ နာရီကျော်ချိန်တွင် နောက်ဆုတ်လိုက်ကြောင်း လိုင်ဇာရှိ KIA အရာရှိတဦး အတည်ပြုပြောဆိုသည်။

Monday, February 10, 2014

အစိုးရ၏ ကချင်တိုင်းရင်းသားများအား ခွဲခြမ်း၍ သန်းခေါင်စာရင်းကောက်ခံမည့်အပေါ် ကချင်လူထုကန့်ကွက်

ကချင်အဖွဲ့ အစည်းများမှ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း သို့ပေးပို့တဲ့စာ

ကချင်ပြည်နယ် ရှိလူထုအခြေပြုအဖွဲ့အစည်းများက မကြာမီ အစိုးရကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကချင်တိုင်းရင်းသားများကို ခွဲခြမ်းစိပ်ဖြာ ထားသော အမှတ်စဉ် ကုတ်(code)နံပါတ်များကို ဖြုတ်ပေးရန် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အစိုးရထံသို့ ကြေငြာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း သိရသည်။

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောတိုက်ပွဲတွင် KIA အရာရှိ ၂ ဦးကျ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာမှ KIA စစ်တပ်ဖွဲ့များ။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

Friday, February 7, 2014

ကေအိုင်အေ အခြေစိုက် စခန်းတခုကို မြန်မာအစိုးရတပ် သိမ်းပိုက်

မြန်မာအစိုးရတပ်များကို ခုခံနေတဲ့ KIA တပ်ဖွဲ့များ။

ကချင်ပြည်နယ် တောင်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စွဲရာ စခန်းနေရာ တခုကို မြန်မာအစိုး ရတပ်များက သိမ်းပိုက်တပ်စွဲ လိုက်သည်ဟု ဗန်းမော်ခရိုင် KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင်က ပြောသည်။

Thursday, February 6, 2014

ကချင်ပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွား

စစ်ရေးလေ့ကျင့်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် စစ်သား နှစ်ဦး

ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် KIA တပ်ရင်း ၁၂ ဒေသတွင် ကောင်ရွန်(Gawngrun) ရွာတွင် ယနေ့ ၆ ရက်နေ့ နံနက် ၁၀ နာရီချိန်မှ နှစ်ဖက်တပ်မှ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်နေကြောင်း KIA အရာရှိများပြောသည်။

Wednesday, February 5, 2014

ကချင်တော်လှန်ရေး အခန်းအနားများ နေရာ အနှံ့အပြားတွင် ကျင်းပ

၅၄ ကြိမ်မြောက် ချင်းမိုင်မြို့ ကချင်တော်လှန်ရေးနေ့ Rev. Dr. Ja Gun မှ ကောင်းချီးပေးနေပုံ။

ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သော ကချင်တော်လှန်ရေး နေ့ အခန်းအနားကို ကချင်ပြည်နယ်နှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများက ကျင်းပခဲ့ကြသည်။

Tuesday, February 4, 2014

ဈေးသည်များနှင့် သစ်ကုန်သည်များအား အစိုးရတပ်များ ဖမ်းဆီးပြီး ကျေးရွာအတွင်း စခန်းချ

ဗန်းမော်ခရိုင် မန်စီမြို့နယ်မှ သစ်များ တရုတ်နယ်စပ် နောင်တောင် သို့ သယ်ထုတ်နေစဉ်။

မြန်မာအစိုးရ တပ်ဖွဲ့များသည် ဗန်းမော်ခရိုင်ကျေးရွာ တရွာတွင် စခန်းချလျက်ရှိပြီး ဈေးသည်များနှင့် သစ်ကုန်သည် ၃၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိ တဦးက ပြောသည်။

ကချင်ဒုက္ခသည် စခန်းတွင်း နေအိမ်နှင့် အိမ်သာများ အရေးပေါ် လိုအပ်

ဂျေယန့်ဒုက္ခသည်စခန်း၊ လိုင်ဇာ။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်လိုင်ဇာဒေသရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၇၀၀ ကျော်အတွက် အိမ်ခန်းများ အမြန်ဆုံးပြုပြင်ရန် အရေးကြီးလိုအပ်နေကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့က ပြောသည်။

Monday, February 3, 2014

တိုင်းရင်းသား စာပေကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရန် တိုင်းရင်းသား ပါတီများ တောင်းဆို

ဇွန် ၁၁-၁၂၊ ၂၀၁၃ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရယ်ရှင်း ညီလာခံ။

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation) က တိုင်းရင်းသားဘာသာစာပေကို အစိုးရကျောင်းတွင် သင်ရိုးညွှန်းတမ်းဖြင့်ထည့်တွင်း သင်ကြားပို့ချရန်နှင့် သန်းခေါင်စာရင်း လူမျိုး သတ်မှတ်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် ညှိနှိုင်းပေးရန် အပါအ၀င် အချက် ၇ ချက်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ပြောသည်။

Saturday, February 1, 2014

ကေအိုင်အေ တပ်စခန်းငယ် တခုအား အစိုးရတပ် သိမ်းပိုက်

အစိုးရ တပ်မ ၃၃ စစ်သားတစ်ဦး။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတခုအား ဇန္န၀ါရီလ ၃၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကေအိုင်အေက တပ်စခန်း လက်လွှတ်လိုက်ရပြီး တစ်ဦး ကျဆုံးခဲ့သည်ဟု ပြောသည်။

RFA Kachin Language TV Program, 2014 January 4th Week

www.kachinnews.com www.burmese.kachinnews.com www.kahcin.kachinnews.com www.kachin-news.blogspot.com http://www.facebook.com/Kachin-News-Group

RFA Kachin Language TV Program, 2014 January 3rd Week

www.kachinnews.com www.burmese.kachinnews.com www.kahcin.kachinnews.com www.kachin-news.blogspot.com http://www.facebook.com/Kachin-News-Group