Monday, February 23, 2015

၇ ကြိမ်မြောက်စိုးရကော်မတီနှင့် NCCTတွေ့ဆုံမှု မတ်လလယ်တွင်ပြုလုပ်မည်


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လာမည့် မတ်လလယ်တွင် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့သည်ဟု သိရသည်။

Saturday, February 21, 2015

တိုက်ပွဲကြောင့် ရွာသား ၇၀၀ ခန့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာ


ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့နယ်အတွင်းရှိ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပါအဝင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသား ၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူဆယ်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စစ်ပြေးဒုက္ခများ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာ Sumlut Brang San က ပြောသည်။

Friday, February 20, 2015

ကချင်ဆရာမ ၂ ဦးအမှု အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်သာလန် ရှိ ကချင်တိုင်းရင်းသားများ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၅ Belgium နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်၍ ဆန္ဒပြနေပုံ။

အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ကချင်ကျောင်း ဆရာမ နှစ်ဦး၏အမှု တရားမျှတစွာ ဖော်ထုတ်နိုင်ရန်နှင့် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှု ဖြေရှင်းပေးရန် နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။

Tuesday, February 17, 2015

သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင်အမှု ရှုံး စီရင်ချက် ချခံရ



လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

Saturday, February 14, 2015

ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်

ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်းစခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

Friday, February 13, 2015

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

Thursday, February 12, 2015

ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်


ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ ကျရောက်သော (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Tuesday, February 10, 2015

KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို

ဖေဖေါ်ဝါရီ ၅၊ ၂၀၁၅ အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (ABCUSA) မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Medley နဲ့ အဖွဲ့ ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်

အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦး၏အမှုကို တရားမျှတစွာ ဖော်ထုတ်ပေးရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ် (American Baptist Churches USA) မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Roy Medley က ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဖေဖော်ဝါရီလ ၉ ရက် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု KBC ၏ အတွင်းရေးမှူး Rev. Dr. Hkalam Samson က ပြောသည်။

Monday, February 9, 2015

ကြပ်တည်းနေသော ဒုက္ခသည်များကို ၈၈ မျိုးဆက်များ ကူညီပေး


ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ကချင်စစ်ပြေးဒုက္ခသည်များကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းနိုင်ခဲ့သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

Friday, February 6, 2015

မပြေလည်သေးသော အပစ်ရပ်ရေးဆွေးနွေးပွဲ မကြာမီ ပြန်စမည်

NCCT ခေါင်းဆောင် နိုင်ဟံသာ
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် (၇) ကြိမ်မြောက် ဆွေးနွေးမှုကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် နောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံရန် သဘောတူညီမှု ရရှိသည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

ဇန်န၀ါရီ ၂၂ ကချင်လူငယ်များ မြစ်ကြီးနား မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှေ့ ဆန္ဒပြ နေပုံ။

မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

Wednesday, February 4, 2015

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး


ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုထားရှိမည့်ကိစ္စကို အချိန်မတန်သေးကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ သတိပေးစာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။

ပိတ်မိနေသော ကချင်ဒုက္ခသည်များထံ ၈၈ ကျောင်းများ စားနပ်ရိက္ခာသွားရောက် ကူညီမည်


ရှစ်လေးလုံး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

Monday, February 2, 2015

အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား


 သတ်ဖြတ်ပြီး မီးရှုထားတဲ့ ရွာသား လူငယ် ၃ ဦးနဲ့ လူကြီး ၁ ဦးရဲ့ အလောင်းကို မြေမြှုပ် သင်္ဂြိုဟ် နေပုံ။

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။