Wednesday, October 7, 2015

ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ တိုက်ပွဲဖြစ်


ဖားကန့် KIA တပ်ရင်း (၆) အောင်ဘာလီမှော် အနီး နေရာယူထားသော အစိုးရ တပ်များ

ယနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း(၆) တပ်စခန်းရှိရာ အောင်ဘာလီမှော်၊ Awng Len ကျေးရွာသို့ အစိုးရ တပ်မ(၄၄) လက်အောက် စစ်ကြောင်းများ ထိုးဖောက်စစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် မိနစ်(၃၀)ကျော် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။

တိုက်ပွဲတွင် အစိုးရတပ်ဖက် ထိခိုက်သေဆုံးမှုများကာ ပြန်ဆုတ်သွားခြင်းကြောင့် ပစ်ခတ်မှု ပြန်ရပ်သွားကြောင်း ဒေသခံများ ဆိုပါတယ်။

၎င်းနောက် နမ်မဖြစ်မှော် ဘက်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၆) တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွား နေသည်ဟု ဒေသခံများ ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးလျှင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါဝင်ရေး ‘မူ’ တိုင်းရင်းခေါင်းဆောင်များ တင်ပြချက်ကို အစိုးရ လက်မခံသောကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအ၀င် အဓိက လက်နက်ကိုင်အဖွဲ့များ စာချုပ်လက်မှတ်ထိုးရန် ပြီးခဲ့သောအပတ်က ငြင်းဆန်ခဲ့သည်။

ယင်းနောက် အစိုးရက NCA လက်မှတ် မထိုးသောအဖွဲ့များကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် KIO နယ်မြေများတွင် စစ်အင်အား ပြန်လည် ဖြည့်တင်းနေပါသည်။


0 comments:

Post a Comment