Friday, November 28, 2014

သယံဇာတများအားလုံး မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း မူကြမ်းကို တောင်သူများ ကန့်ကွက်

နိုဝင်ဘာ ၂၈၊ ၂၀၁၄ လယ်ယာမြေ အခွင့်အရေးအတွက် မြစ်ကြီးနားမြို့တွင် လယ်သမားများ ဆန္ဒပြနေပုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထုအခြေပြုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ အပါအဝင် လူထု ၁၅၀ ကျော်သည် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် သုံးသပ်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူများက ပြောသည်။

Thursday, November 27, 2014

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် NCCT တွေ့ဆုံရန် သဘောတူ

နိုင်ဟံသာ၊ NCCT ခေါင်းဆောင်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)တို့ လာမည့် ဒီဇင်ဘာလ ၂၅ ရက် မတိုင်မီ ပြန်လည် တွေ့ဆုံရန် မူအားဖြင့် သဘော တူညီမှု ရခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်း ဗဟိုဌာန (MPC)မှ ဦးလှမောင်ရွှေ က ပြောသည်။

Tuesday, November 25, 2014

အစိုးရလုပ်ရပ် ငြိမ်းချမ်းရေးထိခိုက်ဟု UWSP နှင့် SSPP ပြော


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ ဗိုလ်လောင်းများ ၂၃ ဦးသေဆုံးမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ထိခိုက်စေသည်ဟု UWSP၊ မိုင်းလားနှင့် SSPP/SSA အဖွဲ့များက ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

Monday, November 24, 2014

အစိုးရစစ်တပ် KIO သို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်


အစိုးရ တပ်မ ၆၆ မှ ဖားကန့် ကျောက်စိမ်းမှော် KIA တပ်ရင်း ၆ အား ပစ်ခတ်ရန် အဆင့်သင့် အနေထားရှိနေပုံ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေအတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်မှုများ ရှိနေသဖြင့် ဒုက္ခသည်စခန်း နှစ်ခုမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကာ နိုင်ငံတကာ ကူညီထောက်ပံ့မှုလည်း ရပ်တန့်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူနှင့် စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

Saturday, November 22, 2014

ဗိုလ်လောင်းများ ကျဆုံးမှု ဆုတောင်းပွဲ အာဏာပိုင်များ ဖိအားပေးမှုကြား က ပြုလုပ်ခဲ့



ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား စီတာပူမနောကွင်းတွင် KIA ဗိုလ်လောင်းများကျဆုံးခြင်း အောက်မေ့ဘွယ်ဆုတောင်းပွဲ ၂ ရက်ကြာပြုလုပ်ရာ အစိုးရအာဏာပိုင်များမှ ကချင်အမျိုးသားအလံကို ဖြုတ်ရန်ဖိအားပေးနေသည့်ကြားက ပြုလုပ်ခဲ့ရသည်ဟု ဆုတောင်းပွဲပါဝင်သူများ ပြောသည်။

Thursday, November 20, 2014

ကချင်သမိုင်းတွင် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ကချင်လူထု ဆုတောင်းပွဲပြုလုပ်

KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကျဆုံးသွားတဲ့ KIA ဗိုလ်လောင်း ၂၃ ဦးအတွက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပနေပုံ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗိုလ်လောင်းများ ကျဆုံးသွားခဲ့သည့် ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် အောက်မေ့ခွန်အားယူသည့် ဆုတောင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန်ဘော်ဒါကျောင်းတွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ လူထုများပြုလုပ်ခဲ့သည်။

ဖားကန့် ကျောက်စိမ်းမှော် ပြည်သူများ အသက်လုံခြုံမှုရှိရေး ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆို


ကုမ္ပဏီ စွန့်ပစ်တဲ့ မြေစာပုံတွင် ရေမဆေး ကျောက်စိမ်း ကောက်သူများ၊ ဖားကန့်၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်၌ ဒေသခံ ပြည်သူများ အသက်လုံခြုံမှု ရှိနေစေရန်နှင့် တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် သတ်ဖြတ်ခံရသည့် ဦးဂွမ်ဂျာအောင် (ခေါ်)ဇယ်လွမ်း သေဆုံးသွားမှုနှင့် ပတ်သက်၍ မကျေနပ်သဖြင့် ဖားကန့် ဒေသခံ ၂၀၀၀ ကျော် လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု ဆန္ဒပွဲတွင် ပါဝင်ခဲ့သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဒုဥက္ကဌ ဦးစာဂျီ က ပြောသည်။

အစိုးရစစ်တပ်က KIO ကို အလစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ် ဟု UNFC ပြော


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အား အစိုးရ စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်က ပြောဆိုလိုက်သည်။

အစိုးရတပ်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေ ၂၀ ဦးဒဏ်ရာရရှိမှုအပေါ် KIA ရှုတ်ချ

KIA စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဂမ်ရှောင် (လယ်) နဲ့ ဗိုလ်လောင်းကျောင်းနဲ့ ကျဆုံးသွားတဲ့ ကျောင်းသားများ

အစိုးရ စစ်တပ်၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ထိခိုက်သေဆုံးမှု ရှိနေပြီး သင်တန်းနည်းပြ အရာရှိများနှင့်သင်တန်းသားများ စုစုပေါင်း ၂၀ ဦး ဒဏ်ရာရရှိသည့် အစိုးရစစ်တပ်၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် KIO က ပြောဆိုလိုက်သည်။

Wednesday, November 19, 2014

အစိုးရတပ်ပစ်ခတ်သော လက်နက် ကြီးကြောင့် KIO ဗိုလ်လောင်း ၂၀ ပွဲချင်းပြီးသေ အများအပြား ဒဏ်ရာရ

 လိုင်ဇာဗဟိုဌာနချုပ် KIA ဗိုလ်လောင်းများ စစ်ရေးပြနေပုံ

ကချင်လွတ်မြေက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ ခရာတောင် (Hka Ya Bum) အခြေစိုက် အစိုးရ၏ ခမရ တပ်ရင်း ၃၈၉ တပ်မှ ပစ်ခတ်လိုက်သော ၁၀၅ မမ လက်နက်ကြီး ဗိုလ်လောင်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗိုလ်လောင်း ၂၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

ဖားကန့်မှ တောက်ပကြယ် ကုမ္ပဏီထွက်သွားရန် လူထုဆန္ဒ ဖော်ထုတ်မည်

ဖားကန့်ရှိ ကုမ္ပဏီများရဲ့ ကျောက်တူး စက်ယန္တရားကြီးများ

တောက်ပကြယ် ကုမ္ပဏီ အား ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှ ထွက်သွားရန် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုသော ဆန္ဒဖော်ထုတ်မှုကို မနက်ဖြန် နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ဖားကန့် ဒေသခံ ဆရာလမောင် လတောင် (Sara Lamawng La Tawng) က ပြောသည်။

အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တဦးကျ

KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းတနေမှ စစ်သားတဦး

ကချင်ပြည်နယ် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။

Tuesday, November 18, 2014

မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးကို ဖမ်းဆီးသတိပေး


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကချင်စုရပ်ကွက် လဖ (La Hpa) စက်လှေဂိတ်တ၀ိုက်တွင် နေထိုင်သော အိမ်များမှ မူးယစ်ဝါးရောင်းဝယ်သူ ၇ ဦးအား အသင်းတော်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးစစ်ဆေး၍ သတိပေးခဲ့ကြောင်းသိရသည်။

Monday, November 17, 2014

UNFC အပေါ် အထင်လွဲမှား စွပ်စွဲမှုကို ပြေလည်အောင် ဖြေရှင်းခဲ့

UNFC ဒု ဥက္ကဌ (၁) နိုင်ဟံသာ

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် UNFC အပေါ် အမြင်လွဲမှားပြီး စွပ်စွဲထားသည့် ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု UNFC ဒု ဥက္ကဌ (၁) နိုင်ဟံသာ က ပြောသည်။

အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ အား တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇  တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ နိုဝင်ဘာလ ၁၆ရက်က ရင်ဆိုင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

Saturday, November 15, 2014

သမ္မတ အိုဘားမားနှင့်တွေ့ဆုံစဉ် ကချင်အသင်းတော် က ဒုက္ခသည်အရေး တင်ပြ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် (Dr. Hkalam Samson) သည် အရပ်ဘက်လူမှု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့်အတူ အမေရိကန် သမ္မတ ဘားရပ် အိုဘားမားနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် လူ့အခွင့်အရေးနှင့် ကချင်ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

Friday, November 14, 2014

တောင်သူများသွားလာမှုလွယ်ကူရန် ပြန်ဖွင့်ထားသောလမ်းကို ယုဇနကုမ္ပဏီ ဖျက်ဆီးလိုက်

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမရှိ ယုဇနကုမ္ပဏီ ဂိတ်

ကချင်ပြည် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမရှိ ယုဇကုမ္ပဏီပိတ်ပင်ထားသော လမ်းဟောင်းကို ၀ါရာဇွပ် (Wa Ra Zup) ကျေးရွာ တောင်သူလယ်သမားများသည် တနိုင်တပိုင်လုပ်ကိုင်နေသော တောင်ယာသွားသည့်လမ်း လွယ်ကူအောင်ပြန်လည် ပြုပြင်ထားရာ ကုမ္ပဏီက လမ်းကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

Wednesday, November 12, 2014

တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေး

 နိုဝင်ဘာ ၁၂၊ “Attacks on Peace” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ဆွေးနွေးပွဲပြုလုပ်

တိုင်းရင်းသားဒေသ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ရှိနေသည့် အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိလူ့အခွင့်အရေးလှုပ်ရှားသူများက ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်၌ နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

Tuesday, November 11, 2014

ဘုံရန်သူ မူးယစ်ဆေးဝါးပပျောက်ရေး မံဝင်းကြီးတွင် လှုပ်ရှား

 ဟူးကောင်းချိုင့်ဝှမ်း ရှထူးဇွပ် ကျေးရွာတွင် မြင်ရတဲ့ အသင်းတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်

ကချင်ပြည် မန်စီမြို့နယ် မံဝင်းကြီးကျေးရွာတွင် ကချင်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ အဖွဲ့များက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသခံလူထုများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သတိပေး ဗီနိုင်းပိုစတာများ စိုက်ထူသည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

RFA Kachin Language TV Program, 2014 November 1st Week

Monday, November 10, 2014

အပိုင်းပိုင်းပြတ် သတ်ဖြတ်ထားသည့် ကိစ္စ တောက်ပကြယ်ကုမ္ပဏီမှ နစ်နာကြေး ပေးမည် ဟုဆို


 ဖားကန့် ရေမဆေး ကောက်သူများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း (Lawng Hkang) ကျေးရွာအုပ်စု မဒန်ယန် (Madang Yang) ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း၏ သေဆုံးမှုနှင့် ပတ်သက်၍ တောက်ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီက နစ်နာကြေး သိန်း ၂၀၀ ကျပ် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ အစ်ကို ဦးဘရန်နန် က ပြောသည်။

Tuesday, November 4, 2014

KIA အဖွဲ့ဝင်ဟု စွပ်စွဲထောင်ချထားသူ ၂ ဦးအား လွှတ်ပေးရန် ဆုတောင်း


 နိုဝင်ဘာ ၄ ရက် ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် အထူးဆုတောင်းပွဲ ကျင်းပနေပုံ

ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် ကျင်းပခဲ့ရာပြည်သူလူထု ၁၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

Monday, November 3, 2014

ဆပ်ကြေးကောက်ခံမှုဖြင့် KIO အဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံကို အစိုးရတပ် ဖမ်းဆီး


ဖားကန့် ယခင် KIA တပ်ရင်း ၆ စခန်း Seng Ra တွင် နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား နှစ်ဦး

ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ခွဲ ၂ လိုင်ဆိုင်း တိုက်နယ်ခွဲ ရုံးစာရေးတစ်ဦးနှင့် ဒေသခံတစ်ဦးအား အစိုးရတပ်မှ ဆပ်ကြေးကောက်ခံမှုဖြင့် ဖမ်းဆီး ထားကြောင်း သိရသည်။