Friday, April 29, 2016

လေးပြင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ကူညီမှု အကောင်ထည်မဖော်နိုင်သေး


လေပြင်းဒဏ် ဒုတိယအပြင်းဆုံး ခံခဲ့ရသည့် ဘွမ်စစ်ပါ ကချင်စစ်ပြေးဒုက္ခသည်စခန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်နားအနီးမှာရှိတဲ့ ကချင်ဒုက္ခသည်စခန်း ၈ခုမှာ ဧပြီလ ၁၉ ရက်နေ့က လေပြင်းတိုက်ခိုက်ခဲ့လို့ အိုးအိမ်တွေပျက်စီးကာ ခက်ခဲကြုံနေရပေမဲ့လည်း အကူအညီအတွက် တစုံတရာ လက်တွေ့အကောင်ထည်ဖော်လာတာမျိုး မရှိသေးကြောင်း သိရပါတယ်။

Wednesday, April 27, 2016

မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား



ကချင်ပြည်နယ် တောင်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၈) မိုးညှင်း ဘက် ဧပြီလ ၂၂ နေ့တွင် အစိုးရတပ်နှင့် KIA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်မဟာ ၆ ဖောင်းဆိုင် တွင် တိုက်ပွဲ ပြန်ဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ ဖောင်းဆိုင်ဒေသ

ရှမ်းပြည်နယ်မြောက်ပိုင်း ဖောင်းဆိုင် (Hpawng Seng) အနီး အစိုးရတပ်မ ၉၉ နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပါသည်။

Tuesday, April 26, 2016

ကချင် UDPKS နှင့် USDP မဟာမိတ် ပယ်ဖျက်မည်


ကချင်ပြည်နယ်အင်ရျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ

ကချင် ပါတီ တစ်ခုဖြစ်သည့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (UDPKS) သည် ၅ နှစ်ကြာ မဟာမိတ် ဖြစ်ခဲ့သည့် ယခင် အစိုးရ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ (USDP)နှင့် မဟာမိတ် ပျက်ပယ်တော့ မည်ဖြစ်ကြောင်း သိရသည်။

Monday, April 25, 2016

ဆန္ဒပြပွဲဖြင့် ကချင် အမျိုးသားများ မူးယစ် တိုက်ဖျက်ရေး နေ့ ကျင်းပ


၂ နှစ်ပြည့် ကချင်အမျိုးသားများမူးယစ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမနောကွင်းတွင် ဝတ်ပြုနေစဉ်

ကချင်အမျိုးသားများ၏ ‘ဘုံရန်သူ’ အဖြစ် သတ်မှတ် ချေမှုန်းနေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့ ဧပြီ ၂၅ ကချင်ဒေသ အသီးသီးတွင် လမ်းလျှောက်ဆန္ဒပြလျှက် ဝတ်ပြု ဆုတောင်းခဲ့ကြပါသည်။

Sunday, April 24, 2016

KIA ကို ထိုးစစ် ဆင်ရာမှ ပြည်တွင်းစစ် ဦးတည်နိုင် ဟု KNO သတိပေး


KNO (16) နှစ်ပြည့်ဆုတောင်းပွဲ အခမ်းအနား၊ ချင်းမိုင်မြို့ ထိုင်းနိုင်ငံ

အရပ်သား အစိုးရသစ် လက်ထက် မြန်မာစစ်တပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ပြည်တွင်းစစ်သို့ ပြန်လည် ဦးတည်နိုင်ကြောင်း ပြည်ပအခြေစိုက် ကချင် အမျိုးသား အစည်းအရုံး KNO မှ ယနေ့ ဧပြီ ၂၄ တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။

Saturday, April 23, 2016

သမိုင်းဝင် ကမ္ဘာ့ ရာသီဥတုဆိုင်ရာ သဘောတူလက်မှတ် ရေးထိုး


ပဲရစ်သဘောတူညီချက်ကို မြေကမ္ဘာနေ့မှာ လက်မှက်ရေးထိုးနေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ

ရာသီဥတု ဖေါက်ပြန်ပြောင်းလဲခြင်း ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၇၅ ခုမှ ကိုယ်စားလှယ်များက ဧပြီ ၂၂ ရက်နေ့တွင် ကမ္ဘာ့ကုလသမ္မဂ ရုံးချုပ်စိုက်ရာ နယူးရောက်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Friday, April 22, 2016

အမိမြေ ကမ္ဘာ အတွက် သစ်ပင် စိုက်ကြစို့


Earth Day Network

‘မြေ ကမ္ဘာ အတွက် သစ်ပင် စိုက်ကြစို့’ ခေါင်းစဉ်ဖြင့် ယနေ့ အပြည်ပြည်ဆိုင်ရာ မြေကမ္ဘာကြီးနေ့ ကို နိုင်ငံအများတွင် ပြုလုပ်နေပါသည်။ ဤနေ့ကို ၁၉၇၀ အမေရိကန်နိုင်ငံမှ စတင်ပြုလုပ်လာပြီး၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမ္မဂ အထွေထွေညီလာခံ ကလည်း နှစ်စဉ် ဧပြီ ၂၂ ကို ‘အမိမြေ ကမ္ဘာနေ့’ အဖြစ် သတ်မှတ်ခဲ့ပါသည်။

Thursday, April 21, 2016

ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်းမှ KIA စစ်သားများ

ယနေ့မနက် ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်တို့သည် အချိန် တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

Wednesday, April 20, 2016

လေဘေးသင့် ကချင် ဒုက္ခသည်စခန်း ပြန်တည်ဆောက်ရန် အကူအညီ လိုအပ်နေ


လေပြင်းကြောင့် ပျက်စီးသွားသော ဒုက္ခသည် တဲများ

ယမန်နေ့ ရုတ်တရုတ် လေပြင်းလေရိုင်း ဒဏ်ကြောင့် ပျက်စီးသွားသော ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် တရုတ်နယ်စပ် စစ်ပြေးဒုက္ခသည် နေအိမ်တဲများနှင့် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရန် အကူအညီ လိုအပ်နေကြောင်း သိရပါသည်။

Tuesday, April 19, 2016

လေပြင်းကြောင့် တရုတ်နယ်စပ် ကချင် ဒုက္ခသည်စခန်း ပျက်စီးမှု များ


မဂါယန် စစ်ပြေးဒုက္ခသည်စခန်း လေပြင်းကြောင့် ပျက်စီးနေပုံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် အနီး မဂါးယန် စစ်ပြေးဒုက္ခသည်စခန်း (Maga Yang IDP camp) တွင် ယနေ့ မွန်းလွဲပိုင်း၂ နာရီခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အများအပြား ပျက်စီး သွားသည်။

Monday, April 18, 2016

KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ


KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ

အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ စတုထ္တမြောက် စခန်းငယ်တစ်ခုကို ယနေ့ မနက် ပိုင်းတွင် ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

လိုင်ဇာ အနီး တိုက်ပွဲတွင် KIA ဘက် ထိခိုက် သေဆုံး ဒဏ်ရာရ


ဧပြီ ၇ ရက်မှ အစိုးရတပ်က ကချင်တိုက်ပွဲ စတင်ပြုလုပ်လာ

ယမန်နေ့ နေ့လယ်ပိုင်း အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပေါင်စေး (Pau Se) ရှေ့တန်းစခန်းကို တိုက်ခိုက်ရာတွင် KIA မှ သေဆုံး ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရပါသည်။

တြိဂံဒေသ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ယာ မီး မရှို့နိုင်


တြဂံဒေသ (Uma Ga) ပုံ

ကချင်လူမျိုးများ ဆင်းသက်လာရာ ဌာနေဖြစ်သည့် ကချင်ပြည်နယ် တြဂံဒေသ (Uma Ga)တွင် ထူးထူးခြားခြား မိုး အဆက်မပြတ် ရွာသွန်း နေမှုကြောင့် ယခုနှစ် တောင်ယာ မီးမရှို့နိုင်သေးကြောင်း သိရပါသည်။

သင်္ကြန် ပြီးခြင်း အစိုးရတပ်က KIA ကို ပြန်လည် တိုက်ခိုက်


ကချင်ပြည်နယ် ရှေ့တန်းရောက်ရှိနေသည့် အစိုးရစစ်သားများ

သင်္ကြန် ပြီးနောက် မြန်မာ အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာချုပ် လိုင်ဇာ အနီး ရှေ့တန်းစခန်းငယ် တစ်ခုကို ဧပြီ ၁၇၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

Friday, April 15, 2016

KIO နယ်မြေတွင် သင်္ကြန်ပွဲတော် ကျင်းပ


သင်္ကြန်ပွဲ ကျင်းပနေသော ရခိုင်တပ်မတော်သားများနှင့် ပြည်သူအချို့

‘ထာဝရ ဘုရားသခင် ကျွနိုပ်တို့၏ အောင်မြင်ခြင်း’ (Anhte a awng padang Yehowa Karai Kasang) ခေါင်းစဉ်ဖြင့် ခရစ်ယာန် ကချင်အမျိုးသားများကို ယနေ့ထိ ဦးဆောင်နေသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ တွင် ဗုဒ္ဓဘာသာ ယုံကြည်သူများ၏ သင်္ကြန်ပွဲတော်ကို ကျင်းပနေကြောင်း သိရပါသည်။ 

Thursday, April 14, 2016

အစိုးရတပ် က မူကြိုဆရာမ တဦးမှ ငွေနှင့် ပစ္စည်း လုယှက်


မြန်မာအစိုးရ စစ်သားများ၊ ကချင်ပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ နယ်မြေ တွင် ရောက်ရှိနေသော အစိုးရတပ်များမှ ဧပြီလ ၁၂ ရက်နေ့ ကလေး မူကြို ဆရာမ တဦးထံမှ ငွေနှင့် ပစ္စည်း လုယှက်မှု ပြုခဲ့ကြောင်း သိရပါသည်။

ကချင်ပါတီ ၃ ခု ပေါင်းစည်းရေး ရှေ့တလှမ်း တက်


KDP-ဥက္ကဌ ဦးအောင်ခမ်း(ဘယ်) KSDP-ဥက္ကဌ Dr.Tu Ja (အလယ်),KNCD-ဒုဥက္ကဌ Dr. Aung dun (ညာ)

ကချင်ပါတီ ၃ ခု ပေါင်းစည်းရေး ရှေ့တလှမ်း တက်လာခြင်း အနေဖြင့် ရံပုံငွေ ရှာဖွေရေး ဆပ်ကော်မတီ ကို ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

Tuesday, April 12, 2016

အစာ အဆိပ် သင့်သော မိုးကောင်း လူငယ် ၈၇ ဦး ဆေးရုံ ရောက်


ဆေးရုံတက်နေရသော လူငယ်များကို အသင်းတော်ဆရာများမှ ဆုတောင်းပေးနေစဉ်

ကချင်ပြည်နယ် မိုးကောင်း စိန်ပီတာ ကက်သလစ် ဘုရားကျောင်းတွင်း နွေရာသီ ဂီတနှင့် အင်္ဂလိပ်စာ သင်တန်းသား လူငယ် ၈၇ ယောက်သည် အစာအဆိပ်သင့်၍ ဆေးရုံ တက်ရကြောင်း သိရပါသည်။

Monday, April 11, 2016

KIA စခန်း ၂ ခု ဆုတ်ပေး ပြီးနောက် အစိုးရတပ် တိုက်ခိုက်မှု ရပ်နေ


KIO ဗဟိုဌာဏချုပ်အနီး လဂျားယန်စစ်စခန်း

စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာသဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ ၎င်း၏ ရှေ့တန်းစခန်း ၂ ခုကို ဆုတ်လိုက်ပြီးနောက် အစိုးရတပ်၏ ထိုးစစ်ဆင်မှုသည် ယခုချိန်ထိ ရပ်တန့် နေဆဲဖြစ်ပါသည်။

Friday, April 8, 2016

အစိုးရတပ်ကို KIA မှ ဗုံးဖြင့် တုံ့ပြန် တိုက်ခိုက်


burma army ni kachin front line

ယမန်နေ့ လိုင်ဇာ ဗဟိုဌာနချုပ်အနီး ဘန်ဒေါင်ယန် (Ban Dawng Yang) KIA တပ်ရင်း (၁၈) ၏ ရှေ့တန်း စခန်းငယ် ၂ ခုအား အပြင်းအထန် တိုက်ခိုက်သိမ်းပိုက် လိုက်သော အစိုးရတပ်ကို ယနေ့ KIA တပ်ဖွဲ့များမှ ဗုံးဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

ငြိမ်းချမ်းရေး လက်မှတ် ထိုးရန် KBC မှတဆင့် KIO ဖိအားပေး ခံရ


KBC rung kaw Myen hpen du ni sa jahkrum

မြန်မာအစိုးရစစ်တပ် ထိပ်တန်းအရာရှိတဦး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေး လက်မှတ် ထိုးရန် ယမန်နေ့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှတဆင့် အသစ်တဖန် ဖိအားပေးခဲ့သည်။

Thursday, April 7, 2016

အစိုးရတပ်မှ လိုင်ဇာ အနီး KIA စခန်းကို အပြင်းအထန် တိုက်ခိုက်


Kachin Army

မြန်မာ အစိုးရတပ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ အနီး KIA ရှေ့တန်း တပ်စခန်း တစ်ခုကို ယနေ့ မနက် ၇ နာရီခန့်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ မြန်မာ အစိုးရတပ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ အနီး KIA ရှေ့တန်း တပ်စခန်း တစ်ခုကို ယနေ့ မနက် ၇ နာရီခန့်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ် တွင် ရှမ်းနီ တပ်များ တိုးချဲ့ ဖွဲ့စည်းနေ


Shan Nationalities Army -facebook

ကချင်ပြည်နယ် အတွင်း ရှမ်းနီ တပ်စခန်းများ တိုးချဲ့ ဖွဲ့စည်း လာနေကြောင်းကို ဧပြီလ ၅ ရက်နေ့ မိုင်ဂျာယန်မြို့ စစ်ရေး အခြေအနေ သုံးသပ် ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိပ်ပိုင်း ခေါင်းဆောင်များ ပြောသည်။

လီဆူ အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း KIA တပ် ဝန်ခံ


KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်

လီဆူ အမျိုးသား ၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် KIA စစ်သားများ သတ်ဖြတ်ခဲ့ခြင်း မှန်ကန်ကြောင်းကို ဧပြီ ၅ ရက်နေ့ မိုင်ဂျာယန်မြို့တွင် ပြုလုပ်သည့် တပ်ပိုင်းဆိုင်ရာ ရှင်းလင်းပွဲတွင် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင် က ဝန်ခံ ပြောကြားခဲ့သည်။
လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ၏ မတ်လ ၂၄ ရက် ထုတ်ပြန်ချက်တွင် လီဆူ အမျိုးသား ၂ ဦးဖြစ်သည့် ဦးသောင်းဆီး နှင့် ဦးငွါးတား တို့ကို KIA မှ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါသည်။

Tuesday, April 5, 2016

ကချင် လူငယ် ‘နိုင်ငံရေး အမြင်’ ပညာပေး အစည်းအဝေး ကောင်းခါးမြို့တွင် စတင်


ကောင်းခါး လူငယ် နိုင်ငံရေးအမြင်ပွင့် သင်တန်း အဖွင့် ဆုတောင်းခြင်းအစီအစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လူငယ်များ၏ သုံးရက်ကြာ ‘နိုင်ငံရေး အမြင်’ ပညာပေး အစည်းအဝေးကြီးကို ဧပြီ ၅၊ ယနေ့မှစပြီး ကောင်းခါးမြို့ ကချင်ယဉ်ကျေးမှု မနောကွင်း တွင် ကျင်းပနေပါသည်။

ကချင် နိုင်ငံရေး ပါတီ သုံး ခု ပေါင်းစည်းရန် မူ အရ သဘောတူ




ကချင်နိုင်ငံရေးပါတီများနှင့် ကချင်ပြည်နယ်မြေပုံ

ကချင်နိုင်ငံရေးပါတီ သုံးခုကို ပါတီကြီးတစ်ခုအဖြစ် ပေါင်းစည်းလိုက်ရန် ဧပြီ ၂ရက် စနေနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မူ အရ သဘောတူညီချက် ရရှိခဲ့ ပါသည်။

တိုင်းရင်းသား တပ်ပေါင်းစု ‘ခေါင်းဆောင်’ ဖြစ်လိုကြောင်း UWSA တင်ပြ


UWSA ဦးဆောင်ကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးအစည်းအဝေး

NCA အပစ် မရပ် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မတ် ၂၆-၂၈ သုံးရက် ထိပ်သီး အစည်းအဝေးတွင် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA မှ တော်လှန်ရေး အဖွဲ့များ၏ ‘ခေါင်းဆောင်’ ဖြစ်လိုကြောင်း တင်ပြလာကြောင်း သိရပါသည်။

Saturday, April 2, 2016

ကံကော် ကျောင်းသားများ၏ နွေရာသီ ပညာရေး ရံပုံငွေရှာ ဈေးရောင်ပွဲ


ရံပုံငွေရှာပွဲတွင် သီချင်းဆိုနေတာ ကချင် ကျောင်းသား တစ်ဦး

ကချင်လူငယ် ၁၄ ဦးအပါအဝင် မြန်မာပြည်အရပ်ရပ်မှ လူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးနေတဲ့ ကံကော်ပညာရေးစင်တာ ကျောင်းသူ/သားများ၏ တိုင်းရင်းရိုးရာအစားအသောက်စုံ နှင့် အသုံးအဆောင် ဈေးရောင်းပွဲကြီး ကို ယနေ့ ရန်ကုန် ပြည်လမ်းမ ပေါ်ရှိ ယုဒဿ      န် ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

Friday, April 1, 2016

အစိုးရ ကျောက်မျက်ရတနာ ဥပဒေ ကို ဖားကန့် ပြည်သူများ ဆန္ဒပြမည်


Hpakan, kachin state, Jade Mine

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အစိုးရ၏ ကျောက်မျက်ရတနာ  ဥပဒေကို ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲ ကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။