Friday, September 27, 2013

ကချင်ဖက် အစိုးရတပ်လှုပ်ရှားမှုများ ခေတ္တငြိမ်သက်

လိုင်ဇာဌာနချုပ် ရှေ့တန်းတနေရာမှ KIA စစ်သားတစ်ဦး။

လတ်တလော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ချထားသော နယ်မြေများတွင် အစိုးရတပ်ဖက်မှ လှုပ်ရှားမှုများ အရှိန်လျော့နည်းလာကြောင်းသိရသည်။

ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရန် အချိန်ယူပြီးပြင်ဆင်ခဲ့ခြင်းဖြစ်


အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက် နည်းပညာအဖွဲ့များသည် အချိန်ကြာပြင်ဆင်ကာ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် KIO တွေ့ဆုံဆွေးနွေးရေးအဖွဲ့များ အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း တွေ့ဆုံရန်သဘောတူခဲ့ကြသည်။

Wednesday, September 25, 2013

ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို တရားဝင်မှတ်ပုံတင် မချပေးသေး

KSDP ခေါင်းဆောင် Dr. Tu Ja

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ပါတီသည် တရားဝင်ဖြစ်ရေးအတွက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားပြီးနောက် စက်တင်ဘာလလယ်ပိုင်းတွင် ချပေးမည်ဟု မျှော်လင့်ထားသော်လည်း အကြောင်းပြန်ခြင်း တစုံတရာမရှိသေးကြောင်းသိရသည်။

Tuesday, September 24, 2013

တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးကို အစိုးရအား ကိုယ်တိုင် လိုက်နာဆောင်ရွက်ပေးစေလို

KIO တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (လယ်)နဲ့ အစိုးရငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး ဦးအောင်မင်း


လက်ရှိ အစိုးရနှင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားနေသော ပဋိပက္ခပြဿနာများသည် အစိုးရပြောဆိုနေသော ‘တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး’ ကို မိမိအစိုးရကိုယ်တိုင်ကြေငြာပြီး လက်တွေ့ဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားနိုင်မည့် ကိစ္စရပ်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောသည်။

ကုလအကူညီပေးကားတန်း မြစ်ကြီးနား-လိုင်ဇာကြား မြေပြို၍ လမ်းတွင်ရပ်ထားရ

တတိယ အကြိမ် မြစ်ကြီးနားမှ KIO လိုင်ဇာဒုက္ခသည်စခန်းသို့ စားနပ်ရိက္ခာသယ်လာတဲ့ UN ယာဉ်တန်း

ကချင်ပြည်နယ် တရုတ်နယ်စပ်လိုင်ဇာမြို့ပတ်ဝန်းကျင်အနီးရှိ ဒုက္ခသည်စခန်းများကို စက်တင်ဘာလ အတွင်း တတိယကြိမ် မြောက်အကူညီပေးရန် မြစ်ကြီးနားမှ ပစ္စည်းများတင်ဆောင် လာသောသော ကုလအကူညီပေးအဖွဲ့၏ ကားတန်းသည် ဂန်ဒေါင်ယန် (Gangdau Yang)နှင့် အင်ပေါန် (N’Pawn) ကြား မြေပြိုမှုကြောင့် ခရီးစဉ်ကို လမ်းတွင် ခတ္တရပ်ထားရကြောင်း သိရသည်။

Friday, September 20, 2013

မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာသား ၂ ဦး သတ်ခံရပြီး သိက္ခာတော်ရဆရာ ညှင်းပန်းနှိပ်စက်ခံရ ဟုဆို



ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့ နယ် အင်ခါးဂါးကျေးရွာအနီး အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ် (KIA) ကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ရွာသားများကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ရွာသား ၂ ဦး သတ်ခံရပြီး ဓမ္မဆရာနှင့် အချို့ရွာသားများ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပူတာအိုဒေသခံများမှ သိရသည်။

လိုင်ဇာတွင် ဒုက္ခသည်များဘောက်ချာ စနစ်ဖြင့် ၀ယ်ယူနိုင်သော ဈေးရောင်း ပွဲတော်ပြုလုပ်ပေး

စက်တင်ဘာ ၁၉ ဈေးရောင်းပွဲသို့ ရောက်လာကြတဲ့ လိုင်ဇာ ၀န်းကျင်မှ ဒုက္ခသည်များ။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဒုက္ခသည်များအတွက် ၄င်းတို့လိုအပ်သောပစ္စည်းများကို သတ်မှတ်ချက်ပမာဏနှင့်အညီ လက်မှတ် (ဘောက်ချာ)စနစ်ဖြင့် ၀ယ်ယူနိုင်သည့် ဈေးရောင်းပွဲတော်တခုကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (KRDC) တို့မှကြီးမှူး၍ လိုင်ဇာ မနောကွင်း မဂျွယ်ခမ်းမတွင် ကျင်းပပေးခဲ့ကြောင်းသိရသည်။

Wednesday, September 18, 2013

ပူတာအိုခရိုင် အင်ခါဂါးရွာသားများ အစိုးရတပ်၏ မေးမြန်းစစ်ဆေးခြင်း ခံနေရ

ပူတာအိုခရိုင် မြန်မာအစိုးရတပ်နဲ့ တန်ဂူးတန် ပြည်သူ့စစ်များ။


ကချင်ပြည်နယ် ပူတာအိုခရိုင် အင်ခါဂါးကျေးရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံများသည် ယခုအချိန် အစိုးရတပ်၏ ထိပ်တိုက် မေးမြန်းစစ်ဆေးမှုများနှင့် အခက်ခဲများရင်ဆိုင်နေရကြောင်း ပူတာအိုသတင်းရပ်ကွက်အရသိရသည်။

အစိုးရနှင့် KIO ကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်တွေ့မည်

KIO အဖွဲ့ခေါင်းဆောင် ဆွမ်လွတ်ဂမ် (လယ်) နဲ့ နေပြည်တော်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးမှူး ဦးအောင်မင်း (ညာ)

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ Technical Advisory Team တို့သည် စက်တင်ဘာလ ၁၆-၁၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပွဲကို လာမည့် အောက်တိုဘာလ ပထမအပတ်အတွင်းကျင်းပနိုင်ရန် ပဏာမသဘောတူညီမှုရရှိထားပြီ ဖြစ်သည်။

Tuesday, September 17, 2013

လိုင်ဇာရှိ ဒုက္ခသည်စခန်းသို့ ကုလအကူညီပေးအဖွဲ့များ ထပ်မံကူညီမှုပေး

စက်တင်ဘာ ၁၆ နေ့မှ KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ ဒုတိယအကြိမ် စားနပ်ရိက္ခာ အကူညီပေးရန် ရောက်ရှိနေတဲ့ ကုလအဖွဲ့။

ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာရှိ ဒုက္ခသည်စခန်းများအတွက် စားနှပ်ရိက္ခာပစ္စည်းများကို ကား (၁၇)စီးဖြင့် ရောက်ရှိနေပြီး ယနေ့နံနက် စခန်းအချို့တွင်ဖြန့်ဝေပေးနေကြောင်းသိရသည်။

Monday, September 16, 2013

ကက်သလစ်ဘာသာ ဆုတောင်းတောင်တက်ပွဲနေ့ စည်းကားစွာကျင်းပ

စက်တင်ဘာ ၁၄ လိုင်ဇာမြို့ ဝေကြိုင်ကက်သလစ်အသင်းတော်ရဲ့ လက်ဝါးကပ်တိုင် တောင်တက်ပွဲ။

ကချင်ပြည်နယ် လိုင်ဇာမြို့ခရစ်ယာန်ကက်သလစ်မြို့နယ်ခွဲတွင် စက်တင်ဘာလ(၁၄)ရက်က ကျင်းပသော ဝေကြိုင်ရှိ လက်ဝါးကပ်တိုင် ဆုတောင်းတောင် တက်ပွဲတော်ကို (၄)နှစ်အတွင်း ယခုနှစ်တွင် ရာသီဥတုသာယာဆုံး စည်းကားစွာကျင်းပနိုင်ခဲ့သောကြောင့် ပွဲတော်ပါဝင်တက်ရောက်သူများက ၀မ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

Friday, September 13, 2013

တိုက်ပွဲကြောင့် တောသို့တိမ်းရှောင်နေသော အင်ခါဂါး ဒေသခံများ အရေးပေါ်ကူညီမှုမရသေး

KBC အဖွဲ့ချုပ်ရုံး၊ မြစ်ကြီးနားမြို့။

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာတွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်များတိုက်ပွဲကြောင့် တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော ဒေသခံရွာသား ၁၀၀ ခန့်ကို ခေါ်ယူနိုင်ရန် အစိုးရခွင့်မပေးသောကြောင့် အကူအညီမရရှိပါက အသက်အန္တရာယ် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

Wednesday, September 11, 2013

ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) တွင် အစိုးရတပ်လှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသရှိ မုန်းဒိန်ပါ၊ မုန်းခေါင်နေရာတွင် ယနေ့နံနက် အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနား-လိုင်ဇာ သွားလမ်းကို အစိုးရဂိတ်မှ ပိတ်ပင်ထား

မြစ်ကြီးနား-လိုင်ဇာလမ်း။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လိုင်ဇာ၊ ဗန်းမော် သွားလမ်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များရောက်ရှိနေချိန် စက်တင်ဘာ ၉ ရက်နေ့က နမ်ဆန်ယန် မြန်မာအစိုးရဂိတ်မှ ပြည်သူလူထုများသွားလာခွင့်ပိတ်ပင်ထားကြောင်း နမ်ဆန်ယန်မှ ပြန်ခေါက်လာသော ခရီးသည်များမှသိရသည်။

Monday, September 9, 2013

ကုလအကူညီပေးရေးအဖွဲ့များ ကူညီထောက်ပံ့ရေးပစ္စည်း ကား ၁၁ ဖြင့် လိုင်ဇာသို့ ရောက်ရှိနေ

ကေအိုင်အို လိုင်ဇာသို့ ဒုက္ခသည်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ကုလ ကားတစီး။

ကမ္ဘာ့ကုလသမဂ္ဂအကူအညီပေးအဖွဲ့များသည် တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်တွင်ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များအတွက် အကူညီပေးရေးပစ္စည်း ကုန်တင်ကားကြီး (၁၁)ဖြင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကာ အသီးသီးဖြန့်ဝေပေးနေကြောင်းသိရသည်။

Saturday, September 7, 2013

ရာမွန်မတ်ဆေးဆေးဆု လက်ခံရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်အား လိုင်ဇာမှ ကြိုဆိုဂုဏ်ပြု

Ramon Magsaysay ဆုရှင် လဖိုင်ဆိုင်းရော် အား KIO မှ ဂုဏ်ပြုလက်ဆောင်ပေးနေပုံ။

၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး ဆုချီးမြှင့်မှုခံယူပြီး ပြန်လည်ရောက်ရှိလာသော ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ယမန်နေ့က လိုင်ဇာမြို့ PDR ခမ်းမ၌ နေ့လည်စာဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ်ဆုတံဆိပ် ချီးမြှင့်ခြင်း ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။

Thursday, September 5, 2013

တိုက်ပွဲကြောင့် တောထဲတိမ်းရှောင်နေသော အင်ခါကျေးရွာ ဒေသခံ ၁၀၀ ခန့် အတွက် အရေးပေါ် အကူညီလိုအပ်



ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါကျေးရွာတွင် သြဂုတ်လ ၂၈-၂၉ အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံရွာသားများ အသီးသီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တောထဲတွင် ပုန်းခိုနေသော ဒေသခံ ၁၀၀ ခန့်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်းသိရသည်။

Wednesday, September 4, 2013

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ ပြားများ အရောင်းသွက်လျက်ရှိ

မြစ်ကြီးနားမြို့ ဆိုင်တစ်ဆိုင်မှာ ရောင်းနေတဲ့ ဆိုလာပြားများ။


ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မီးပြတ်တောက်ပြီးနောက်ပိုင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ (Solar) ပြားများ လတ်တလောအရောင်းသွက်နေကြောင်း လျှပ်စစ်နှင့်စက်ပစ္စည်းအရောင်းဆိုင်များ ထံမှသိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းကျောင်းကို ပညာသင်စနစ်ပြောင်းလဲ၍ အရည်အသွေးမြင့်မားအောင် ဆောင်ရွက်နေ

ဂျေယန့်ဒုက္ခသည်ကျောင်း၊ လိုင်ဇာ။


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်နယ်မြေရှိ ဂျေယန့်ဒုက္ခသည်စခန်းကျောင်းတွင် ပညာရေးစနစ်သစ်များ ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်တောင်ပေါ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ကျောင်းများ၏ ရှေ့ဆုံးတွင်နေရာယူသွားနိုင်မည် ဟု မျှော်လင့်ထားကြောင်း ဂျေယန့်စခန်း ကျောင်းအုပ်ဆရာကြီး ဦးခွန်ဆန့် က ပြောသည်။

Tuesday, September 3, 2013

အစိုးရနှင့် KIO စက်တင်ဘာလ အတွင်း တွေ့ဆုံနိုင်ရန်ပြင်ဆင်




ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ်များကြား ယခုလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ Technical Team တို့ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်လျှောက်ထား

ဒေါက်တာတူးဂျာ (ဘယ်)။

ဒေါက်တာတူးဂျာ ဦးဆောင်သော  ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP)ကို တရားဝင်ပါတီဖြစ်ရန်အတွက် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင်လျှောက် ထားပြီဖြစ်ကြောင်း သိရသည်။

Monday, September 2, 2013

ပဋိပက္ခအတွင်း ထိခိုက်နစ်နာသူများဘ၀ မြှင့်တင်ရေးအတွက် ကြိုးပမ်းခဲ့သူ ဒေါ်လဖိုင်ဆိုင်းရော် Ramon Magsaysay ဆု လက်ခံရရှိ

Ramon Magsaysay Award ဆုရှင် ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော။ ဓါတ်ပုံ - GMA News by Danny Pata

၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး (Ramon Magsaysay Award) ဆုချီးမြှင့်ခံခဲ့ရသော ဒေါ်လဖိုင်ဆိုင်းရော်သည် သြဂုတ်လ ၃၁ ရက်နေ့တွင် ဖိလပိုင်နိုင်ငံ Cultural Center ခမ်းမတွင် ကျင်းပသော အခမ်းအနား၌ ဆုကိုလက်ခံရရှိခဲ့သည်။