Wednesday, June 29, 2011

အမျိုးသမိး များအဖွဲ့ချုပ် ( မြန်မာနိုင်ငံ )

WLB Statement for Military Government's Offensive in Kachin State

မြန်မာအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတကာ တွင် ကချင်များပြုလုပ်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အားမြန်မာ အစိုးရစစ်တပ်မှထိုးစစ်ဆင်မှုများရပ်တန့်ပေးရန် ပြည်ပရောက် ကချင်တိုင်းရင်းသားများမှ မြန်မာသံရုံးများရှေ့တွင်ဇွန်၂၄ရက်
နေ့ကဆန္ဒပြခဲ့ ကြသည်။

မလေးရှား၊ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံများတွင် ပြည်ပရောက် ကချင်တိုင်းရင်းသားအယောက် (၁၀၀၀) နီးပါးခန့်ပါဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ကျတော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြန်မာစစ်အစိုးရလုပ်နေတဲ့ လုပ်ရပ်ကိုကျတော်တို့ ကချင်တွေ လက်မခံနိုင်တာကိုကမ္ဘာကသိစေချင်တဲ့ အကြောင်းရင်းနဲ့ ပြခြင်းဖြစ်ပါတယ်။ မြန်မာကထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။” ဟု သြစတေးလျနိုင်ငံတွင် ဆန္ဒပြ ပါဝင်ခဲ့သူ ဦးအောင်ဒန်ကပြောသည်။

သြစတေးလျရောက် ကချင်အမျိုးသားများ ယခုလို မြန်မာအစိုးရ ဆန့်ကျင်ဆန္ဒပြနေပုံ

Tuesday, June 28, 2011

KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိသို့ ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယုနန်ပြည်နယ် မန်ရှီ၌ သွားရောက်တွေ့ခဲ့ဆုံစဉ် ယခုကိစ္စတောာင်းဆိုခဲ့ကြောင်း မန်ရှီသတင်းရပ်ကွက်က ဆိုသည်။

KIA ဌာနချုပ် လိုင်ဇာ။

ကချင်ပြည်နယ်ငြိမ်းချမ်းရန် အစိုးရမှစီစဉ် ဆုတောင်း

မြန်မာအစိုးရ၏ စီစဉ်မှုဖြင့် ကချင်ပြည်နယ်ငြိမ်းချမ်းရန် ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ ဆုတောင်းခြင်း အစီအစဉ်ကို ဗန်းမော်မြို့တွင် ဇွန် ၂၆၊ တနင်္ဂနွေနေ့ ညနေက ပြုလုပ်ခဲ့သည်။

ခရိုင် ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်မှ ဒေသခံခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ အသင်းတော် (၁၄)ပါးမှ ဆရာတော်များအားဖိတ်ခေါ်၍ ခရိုင်ရုံးတွင် အထူးဆုတောင်းခြင်းအစီအစဉ် ပြုလုပ်ခြင်းဖြစ်သည်။

ဗန်းမော်မြို့၊ ကချင်ပြည်နယ်။

Saturday, June 25, 2011

KIO/KIA အား ထိုးစစ်ဆင်ခြင်းပေါ် မလေးရောက် ကချင်များ ဆန့်ကျင်ဆန္ဒပြ

မြန်မာအစိုးရသစ်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)အား တိုက်ခိုက်ခြင်းပေါ် ဆန့်ကျင်ဆန္ဒပြခြင်းကို ဇွန် ၂၄၊ သောကြာနေ့ မလေးရှားမြို့တော် ကွာလာလမ်ပူ မြန်မာသံရုံးရှေ့တွင် ကချင်အမျိုးသားများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရခြင်းအဓိက အကြောင်းရင်းမှာ မြန်မာစစ်တပ်မှ KIO/KIA အား ဇွန် ၉ရက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ပေးရန်နှင့် ကချင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေမှုကို ရုတ်သိမ်းပေးရန် ဖြစ်ကြောင်း ဆန္ဒပြပွဲ ပါဝင်သူတစ်ဦးပြောသည်။

မြန်မာအစိုးရမှ KIO/KIA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပေါ် မလေးနိုင်ငံ ကွာလာလမ်ပူ မြန်မာသံရုံးရှေ့ ကချင်များ ဆန့်ကျင်ဆန္ဒပြနေပုံ။

ကချင်ပြည်နယ် မန်ဂျေတိုက်ပွဲမှာ မြန်မာစစ်သား ၃ ဦးကျ

မြန်မာ-KIA တိုက်ပွဲများဖြစ်ပွားနေဆဲ၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မန်မော်ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကြာသပတေးနေ့ နေ့ခင်းတိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး ကျဆုံးခဲ့သည်ဟု ရှေ့တန်းသတင်းမှသိရသည်။

မိနစ် ၂၀ ကြာတိုက်ပွဲမှာ စင်းခန်းအနီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးပြောသည်။ KIA ဘက်ထိခိုက်ဒဏ်ရာရမှု မရှိဟု ဆိုသည်။

တိုက်ပွဲအပြီး မြန်မာစစ်သားရုပ်အလောင်း ၃ လောင်းအား မြန်မာစစ်သားများ ဂေါင်ရွန်ကျေးရွာသို့ သယ်ယူသွားသည်ဟု မျက်မြင်များပြောသည်။


ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရှိရာသို့ ဆွမ်ပရာဘွမ်လမ်းမှ ဦးတည်လာသည့် မြန်မာအစိုးရတပ်သည် KIA ဗုံးကြောင့် ၁ ဦးကျ၍ ၅ ဦးဒဏ်ရရှိခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်ပြောသည်။

ဇွန် ၂၃၊ ကြာသပတေးနေ့က KIA တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေတွင်းတက်လာချိန် မြန်မာတပ်တွေဖက်က ထိခိုက်သွားခြင်း ဖြစ်သည်ဟုပြောသည်။

ဇွန် ၉ ရက်၊ မြန်မာစစ်တပ်မှ KIAအား စတင်ထိုးစစ်ဆင်ပြီးနောက် ကျယ်ပြန့်သောခံစစ် ပေါ်လစီကို KIA ကျင့်သုံးနေရကြောင်း KIA အရာရှိများပြောပါတယ်။

လိုင်ဇာဒုက္ခသည်စခန်းမှ ကျောင်းသားများ စာသင်ရန် အခက်အခဲရှိနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသားများ ကျောင်းဆက်တက်နေရသော်လည်း စာရေးကိရိယာမလုံလောက်မှု အခက်အခဲများဖြစ်ပေါ်နေသည်ဟု ကျောင်းဆရာတစ်ဦး ပြောသည်။

“မြေဖြူလောက်တော့ ရှိတယ်။ စာအုပ်မရှိကြဘူး၊ ရှိတာကို ချိချိနဲ့နဲ့ သုံးနေကြတယ်။ စာရေးကိရိယာတွေ မရှိတော့ အဆင်မပြေကြဘူး။ အဲ့တာကြောင့် ဆရာက မှာလိုက်တယ် ဦးနှောက်မှာ ပဲ ထည့်မှတ်ကြလို့ ပြောလိုက်တယ်။”


ကေအိုင်အို လိုင်ဇာဒုက္ခသည်စခန်းတခု။


ကချင်စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်သို့ ထွက်နေဆဲ

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲမငြိမ်မသက်မှုကြောင့် ဒုက္ခသည်များဆက်လက် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

လိုင်ဇာမြို့တွင် မျိုးလောတ်ဝံလီးစခန်း၊ မနောဝင်းစခန်း၊ နံပတ်(၃) ဈေးကွက် စခန်း၊ ဖုံလုံယန် စခန်း၊ နောင်ဧခူးစခန်းစသည့် ဒုက္ခသည် စခန်း (၅)ခု၌ ဇွန် (၂၁)ရက်နေ့ KIO စာရင်းအရ (၁၃၀၀၀) ကျော်ခိုလှုံနေကြောင်း ၎င်းစခန်းတွင် ဆေးကုသပေးနေသည့် ဆရာဝန် တစ်ဦးဆိုသည်။


မြန်မာအစိုးရထိန်းချုပ်နယ်မြေမှ တရုတ်နယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ ထွက်ပြေးရောက်ရှိနေသော ကချင်ဒုက္ခသည်များ။


Tuesday, June 21, 2011

ပူတာအို ခရိုင် မချမ်းဘောမြို့တွင် ညမထွက်ရအမိန့် ထုတ်

ကချင်ပြည်နယ် ပူတာအို ခရိုင် မချမ်းဘောမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု ဒေသခံများပြောသည်။

သတင်းတို


ကချင်ပြည်နယ် ပူတာအို ခရိုင် မချမ်းဘောမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု ဒေသခံများပြောသည်။