Monday, December 29, 2014

KIA တပ်စခန်း တခု အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

ဖားကန့် KIA တပ်ရင်း ၆ စခန်းရှိရာ အောင်ဘာလေ တွင် နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား တဦး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ၏ တက်ခွဲ ၂ ပြည်သူ့စစ်တပ်ဖွဲ့၏ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များက လာရောက်တိုက်ခိုက် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

Thursday, December 25, 2014

ကချင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုကို အစိုးရတပ်ဂိတ် ပိတ်ပင်


ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က လှူဒါန်းမည့် ပစ္စည်းများကို အစိုးရ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဂိတ်မှ ညွန်ကြားရေးမှူး ဗိုလ်မှူး တင်ရဲဝင်းက ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု မူဆယ်မြို့ မုန်မောင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ရာက ပြောသည်။

Tuesday, December 23, 2014

NCCT နှင့် အစိုးရကော်မတီ ဇန်န၀ါရီအတွင်း ဆက်လက်ညှိနှိုင်းရန် သဘောတူ


၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလလယ်တွင် ထပ်မံတွေ့ဆုံရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ သဘောတူခဲ့သည်။

KIA စခန်းသို့ အစိုးရတပ် ၀င်ရောက် တိုက်ခိုက်မှုကြောင့် ၂ ဦး ကျဆုံး ၁ ဦး ဖမ်းဆီး ခံရ

 နိုဝင်ဘာ ၁၉၊ ၂၀၁၄ ကချင်ပြည်နယ် မိုးညှင်းခရိုင်ရှိ KIA တပ်စခန်းတခုအား အစိုးရတပ်မှ ၀င်ရောက်တိုက်ခိုက်စဉ် ကျဆုံးသွားတဲ့ KIA တပ်ရင်း ၂၆ စစ်သားတဦးရဲ့ အလောင်း

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် မုန်းလွဲချောင်း (Munglai Hka) တဖက်ကမ်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ စစ်တပ်က လာရောက် ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦး ကျဆုံးကာ တစ်ဦးအား ဖမ်းဆီးသွားသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

Monday, December 22, 2014

ကချင်ပါတီများ ပေါင်းစည်းရေး ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်

 ဒီဇင်ဘာ ၁၉၊ ၂၀၁၄ ဒုတိယအကြိမ် ကချင်ပါတီများ ပေါင်းစည်းရေး မြစ်ကြီးနား YMCA ရုံးတွင် ဆွေးနွေးနေကြပုံ။

ကချင်ပြည်နယ်တွင်ရှိသော ကချင်ပါတီများ တစ်ခုတည်းပေါင်းစည်းရေးအတွက် ကချင်ပြည်သူ့ အသံထုတ်ဖော်ရေးကော်မတီ- ဖားကန့်မြို့နယ်မှ ဦးဆောင်၍ ကချင်ပါတီများကိုခေါ်ဖိတ်ကာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပေါင်းစည်းရေးဆွေးနွေးမှုကို မြစ်ကြီးနားမြို့ YMCA ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်

ကချင်အသင်းတော်များ ဦးဆောင်၍ မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး ဆန့်ကျင် ဆန္ဒပြနေစဉ်။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးအတွက် ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီမှ ၂ နာရီထိ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ကော်မတီဝင် ဦးဆိုင်းနော် က ပြောသည်။

Friday, December 19, 2014

ပစ်သတ်ခံရသော ကျောင်းသူ၏ ဖခင်ပေါ် တရားစွဲဆိုခြင်း ရုပ်သိမ်းပေးရန် လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက် အစိုးရတပ် ခမရ ၃၈၉ ရဲ့ ပစ်သတ်ခံရတဲ့ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန်

လွန်ခဲ့သည့် ၂ နှစ်ကျော်ကြာ ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုကို တိုင်ကြားခဲ့သူ ဖခင် ဦးဘရန်ရှောင် အား တရားစွဲမှုမှ ရုပ်သိမ်းပေးရန် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက သမ္မတ ဦးသိန်းစိန်ကို ဒီဇင်ဘာလ ၁၈ ရက်က တောင်းဆိုလိုက်သည်။

Thursday, December 18, 2014

လုံခြုံရေးနှင့် အစိုးရခွင့် မရသဖြင့် ကချင်ဒုက္ခသည်များအား ရိက္ခာ မပို့ရ ၂ လ ကြာ

ကချင်ဒုက္ခသည်များ၊ လိုင်ဇာ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးနှင့် အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသည့် စစ်ပြေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ပို့ဆောင်ခွင့်မရခဲ့သည်မှာ နှစ်လခန့် ကြာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၆ ရက် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

Wednesday, December 17, 2014

NCCT နှင့် အစိုးရ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးမူကြမ်းဆွေးနွေးမှု ဒီဇင်ဘာလအတွင်း သတ်မှတ်

NCCT ကိုယ်စားလှယ်အဖွဲ့က အစိုးရ MPC အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံနေပုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် လာမည့် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် တွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးပါ ကိုယ်စားလှယ်တို့ သွားရောက်ရန် ဒီဇင်ဘာလ ၁၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်  နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် ကျေးရွာသားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

Tuesday, December 16, 2014

ကျေနပ်အားရမှု မရှိသေးသည့် အချက်များ အစိုးရနှင့် NCCT ဆက် ဆွေးနွေးမည်

 ဒီဇင်ဘာ ၁၅၊ ၂၀၁၄ အစိုးရ MPC နဲ့ တိုင်းရင်းသား NCCT ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ နေကြပုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မတိုင်မီ ရန်ကုန်မြို့တွင် ပြန်လည်တွေ့ဆုံရန် ဒီဇင်ဘာလ ၁၅ ရက်က NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူလိုက်သည်။

Saturday, December 13, 2014

ကုလထောက်ပံ့မှု ရပ်ဆိုင်းနေသော ကချင်စစ်ပြေးဒုက္ခသည်တွင် အခက်ခဲဆိုးဝါးလာနိုင်

 အောက်တိုဘာလ ကတည်းက ကချင်ဒုက္ခသည်စခန်းသို့ ကုလ အကူညီများ ရပ်ဆိုင်းထားကြောင်း ဆိုပါတယ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်အခဲများ ရှိလာနိုင်သည်ဟု ကချင်ဒုက္ခသည်များ ကူညီပေးနေသူများက ပြောသည်။

Wednesday, December 10, 2014

စစ်ရှိန်လျှော့ချရေးအတွက် အစိုးရနှင့် ညှိနှိုင်းမှုတွင် KIO တက်ရောက်မည် မဟုတ်

 KIO ဘက်မှ ပူးတွဲ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်ဘူ

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ KIO တို့အကြား ပစ်ခတ် တိုက်ခိုက်မှုနှင့် စစ်ရှိန်လျှော့ချနိုင်ရန်အတွက် ဖွဲ့စည်းထားသော နှစ်ဖက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ကေအိုင်အိုဘက်မှ တက်ရောက်မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။

Tuesday, December 9, 2014

KIA မှ ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဒီဇင်ဘာလ ၈၊ ၂၀၁၄ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ တပ်ရင်း ၉ ဒေသ ဟိုဘန်ကျေးရွာအနီး ဘိန်းမဲ ၃ ကီလို၊ ဘိန်းဖြူ ၄.၅ ကီလို၊ ရာမဆေးပြား ၄၂၂၄ ပြား၊ ရာမဈေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆေး ၈ ပိဿာ စုစုပေါင်း ကျပ် ၁၀၄ ၈၁၀ ၀၀၀ တန်ဖိုးကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပနေပုံ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသတွင် ကျပ်သိန်းပေါင်း (၁၀၀၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု KIA တပ်မဟာ ၄ မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ကြီး ဇော်လ က ပြောသည်။

ကျည်ဆံထိမှန် သေဆုံးသွားသောကျောင်းသူ အမှုမှန်စုံစမ်းစစ်ဆေးရန် အစိုးရအား တောင်းဆို

၂၀၁၂ စက်တင်ဘာ ၁၃၊ ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်း ရက်ကွက်တွင် တပ်မတော် ခမရ ၃၈၉ တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူသေဆုံးခဲ့မှုကို အမှုမှန် ဖော်ထုတ်ပေးရန် အစိုးရဘက်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် သေဆုံးသူ၏ ဖခင်နှင့် ၄င်းအမှုနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီတို့က တောင်းဆိုလိုက်သည်။

Thursday, December 4, 2014

ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ

ဒီဇင်ဘာ ၄၊ ၂၀၁၄ နေမှစပြီး ထိုင်းနိုင်ငံတွင် ကချင်မနောပွဲတော် စတင်ကျင်းပနေပုံ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းသောင်းမြို့နယ် ဘန်းမိုင် ဆာမခီကျေးရွာရှိ ကချင်တိုင်းရင်းသားများ၏ ၆ ကြိမ်မြောက် Wunli Hkridip ကချင်မနောပွဲကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

Wednesday, December 3, 2014

ငြိမ်းချမ်းရေးအတွက် NCCT နှင့် အစိုးရ ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေး

 ဒီဇင်ဘာ ၂၊ ၂၀၁၄ အစိုးရ MPC နဲ့ NCCT ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေကြပုံ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ခြင်း ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Imperial ဟိုတယ်တွင် ဒီဇင်ဘာလ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

Friday, November 28, 2014

သယံဇာတများအားလုံး မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း မူကြမ်းကို တောင်သူများ ကန့်ကွက်

နိုဝင်ဘာ ၂၈၊ ၂၀၁၄ လယ်ယာမြေ အခွင့်အရေးအတွက် မြစ်ကြီးနားမြို့တွင် လယ်သမားများ ဆန္ဒပြနေပုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထုအခြေပြုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ အပါအဝင် လူထု ၁၅၀ ကျော်သည် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် သုံးသပ်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူများက ပြောသည်။

Thursday, November 27, 2014

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် NCCT တွေ့ဆုံရန် သဘောတူ

နိုင်ဟံသာ၊ NCCT ခေါင်းဆောင်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)တို့ လာမည့် ဒီဇင်ဘာလ ၂၅ ရက် မတိုင်မီ ပြန်လည် တွေ့ဆုံရန် မူအားဖြင့် သဘော တူညီမှု ရခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်း ဗဟိုဌာန (MPC)မှ ဦးလှမောင်ရွှေ က ပြောသည်။

Tuesday, November 25, 2014

အစိုးရလုပ်ရပ် ငြိမ်းချမ်းရေးထိခိုက်ဟု UWSP နှင့် SSPP ပြော


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ ဗိုလ်လောင်းများ ၂၃ ဦးသေဆုံးမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ထိခိုက်စေသည်ဟု UWSP၊ မိုင်းလားနှင့် SSPP/SSA အဖွဲ့များက ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

Monday, November 24, 2014

အစိုးရစစ်တပ် KIO သို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်


အစိုးရ တပ်မ ၆၆ မှ ဖားကန့် ကျောက်စိမ်းမှော် KIA တပ်ရင်း ၆ အား ပစ်ခတ်ရန် အဆင့်သင့် အနေထားရှိနေပုံ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေအတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်မှုများ ရှိနေသဖြင့် ဒုက္ခသည်စခန်း နှစ်ခုမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကာ နိုင်ငံတကာ ကူညီထောက်ပံ့မှုလည်း ရပ်တန့်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူနှင့် စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

Saturday, November 22, 2014

ဗိုလ်လောင်းများ ကျဆုံးမှု ဆုတောင်းပွဲ အာဏာပိုင်များ ဖိအားပေးမှုကြား က ပြုလုပ်ခဲ့



ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား စီတာပူမနောကွင်းတွင် KIA ဗိုလ်လောင်းများကျဆုံးခြင်း အောက်မေ့ဘွယ်ဆုတောင်းပွဲ ၂ ရက်ကြာပြုလုပ်ရာ အစိုးရအာဏာပိုင်များမှ ကချင်အမျိုးသားအလံကို ဖြုတ်ရန်ဖိအားပေးနေသည့်ကြားက ပြုလုပ်ခဲ့ရသည်ဟု ဆုတောင်းပွဲပါဝင်သူများ ပြောသည်။

Thursday, November 20, 2014

ကချင်သမိုင်းတွင် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ကချင်လူထု ဆုတောင်းပွဲပြုလုပ်

KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကျဆုံးသွားတဲ့ KIA ဗိုလ်လောင်း ၂၃ ဦးအတွက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပနေပုံ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗိုလ်လောင်းများ ကျဆုံးသွားခဲ့သည့် ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် အောက်မေ့ခွန်အားယူသည့် ဆုတောင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန်ဘော်ဒါကျောင်းတွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ လူထုများပြုလုပ်ခဲ့သည်။

ဖားကန့် ကျောက်စိမ်းမှော် ပြည်သူများ အသက်လုံခြုံမှုရှိရေး ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆို


ကုမ္ပဏီ စွန့်ပစ်တဲ့ မြေစာပုံတွင် ရေမဆေး ကျောက်စိမ်း ကောက်သူများ၊ ဖားကန့်၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်၌ ဒေသခံ ပြည်သူများ အသက်လုံခြုံမှု ရှိနေစေရန်နှင့် တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် သတ်ဖြတ်ခံရသည့် ဦးဂွမ်ဂျာအောင် (ခေါ်)ဇယ်လွမ်း သေဆုံးသွားမှုနှင့် ပတ်သက်၍ မကျေနပ်သဖြင့် ဖားကန့် ဒေသခံ ၂၀၀၀ ကျော် လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု ဆန္ဒပွဲတွင် ပါဝင်ခဲ့သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဒုဥက္ကဌ ဦးစာဂျီ က ပြောသည်။

အစိုးရစစ်တပ်က KIO ကို အလစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ် ဟု UNFC ပြော


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အား အစိုးရ စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်က ပြောဆိုလိုက်သည်။

အစိုးရတပ်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေ ၂၀ ဦးဒဏ်ရာရရှိမှုအပေါ် KIA ရှုတ်ချ

KIA စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဂမ်ရှောင် (လယ်) နဲ့ ဗိုလ်လောင်းကျောင်းနဲ့ ကျဆုံးသွားတဲ့ ကျောင်းသားများ

အစိုးရ စစ်တပ်၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ထိခိုက်သေဆုံးမှု ရှိနေပြီး သင်တန်းနည်းပြ အရာရှိများနှင့်သင်တန်းသားများ စုစုပေါင်း ၂၀ ဦး ဒဏ်ရာရရှိသည့် အစိုးရစစ်တပ်၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် KIO က ပြောဆိုလိုက်သည်။

Wednesday, November 19, 2014

အစိုးရတပ်ပစ်ခတ်သော လက်နက် ကြီးကြောင့် KIO ဗိုလ်လောင်း ၂၀ ပွဲချင်းပြီးသေ အများအပြား ဒဏ်ရာရ

 လိုင်ဇာဗဟိုဌာနချုပ် KIA ဗိုလ်လောင်းများ စစ်ရေးပြနေပုံ

ကချင်လွတ်မြေက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ ခရာတောင် (Hka Ya Bum) အခြေစိုက် အစိုးရ၏ ခမရ တပ်ရင်း ၃၈၉ တပ်မှ ပစ်ခတ်လိုက်သော ၁၀၅ မမ လက်နက်ကြီး ဗိုလ်လောင်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗိုလ်လောင်း ၂၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

ဖားကန့်မှ တောက်ပကြယ် ကုမ္ပဏီထွက်သွားရန် လူထုဆန္ဒ ဖော်ထုတ်မည်

ဖားကန့်ရှိ ကုမ္ပဏီများရဲ့ ကျောက်တူး စက်ယန္တရားကြီးများ

တောက်ပကြယ် ကုမ္ပဏီ အား ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှ ထွက်သွားရန် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုသော ဆန္ဒဖော်ထုတ်မှုကို မနက်ဖြန် နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ဖားကန့် ဒေသခံ ဆရာလမောင် လတောင် (Sara Lamawng La Tawng) က ပြောသည်။

အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တဦးကျ

KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းတနေမှ စစ်သားတဦး

ကချင်ပြည်နယ် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။

Tuesday, November 18, 2014

မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးကို ဖမ်းဆီးသတိပေး


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကချင်စုရပ်ကွက် လဖ (La Hpa) စက်လှေဂိတ်တ၀ိုက်တွင် နေထိုင်သော အိမ်များမှ မူးယစ်ဝါးရောင်းဝယ်သူ ၇ ဦးအား အသင်းတော်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးစစ်ဆေး၍ သတိပေးခဲ့ကြောင်းသိရသည်။

Monday, November 17, 2014

UNFC အပေါ် အထင်လွဲမှား စွပ်စွဲမှုကို ပြေလည်အောင် ဖြေရှင်းခဲ့

UNFC ဒု ဥက္ကဌ (၁) နိုင်ဟံသာ

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် UNFC အပေါ် အမြင်လွဲမှားပြီး စွပ်စွဲထားသည့် ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု UNFC ဒု ဥက္ကဌ (၁) နိုင်ဟံသာ က ပြောသည်။

အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ အား တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇  တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ နိုဝင်ဘာလ ၁၆ရက်က ရင်ဆိုင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

Saturday, November 15, 2014

သမ္မတ အိုဘားမားနှင့်တွေ့ဆုံစဉ် ကချင်အသင်းတော် က ဒုက္ခသည်အရေး တင်ပြ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် (Dr. Hkalam Samson) သည် အရပ်ဘက်လူမှု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့်အတူ အမေရိကန် သမ္မတ ဘားရပ် အိုဘားမားနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် လူ့အခွင့်အရေးနှင့် ကချင်ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

Friday, November 14, 2014

တောင်သူများသွားလာမှုလွယ်ကူရန် ပြန်ဖွင့်ထားသောလမ်းကို ယုဇနကုမ္ပဏီ ဖျက်ဆီးလိုက်

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမရှိ ယုဇနကုမ္ပဏီ ဂိတ်

ကချင်ပြည် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမရှိ ယုဇကုမ္ပဏီပိတ်ပင်ထားသော လမ်းဟောင်းကို ၀ါရာဇွပ် (Wa Ra Zup) ကျေးရွာ တောင်သူလယ်သမားများသည် တနိုင်တပိုင်လုပ်ကိုင်နေသော တောင်ယာသွားသည့်လမ်း လွယ်ကူအောင်ပြန်လည် ပြုပြင်ထားရာ ကုမ္ပဏီက လမ်းကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

Wednesday, November 12, 2014

တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေး

 နိုဝင်ဘာ ၁၂၊ “Attacks on Peace” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ဆွေးနွေးပွဲပြုလုပ်

တိုင်းရင်းသားဒေသ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ရှိနေသည့် အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိလူ့အခွင့်အရေးလှုပ်ရှားသူများက ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်၌ နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

Tuesday, November 11, 2014

ဘုံရန်သူ မူးယစ်ဆေးဝါးပပျောက်ရေး မံဝင်းကြီးတွင် လှုပ်ရှား

 ဟူးကောင်းချိုင့်ဝှမ်း ရှထူးဇွပ် ကျေးရွာတွင် မြင်ရတဲ့ အသင်းတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်

ကချင်ပြည် မန်စီမြို့နယ် မံဝင်းကြီးကျေးရွာတွင် ကချင်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ အဖွဲ့များက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသခံလူထုများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သတိပေး ဗီနိုင်းပိုစတာများ စိုက်ထူသည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

RFA Kachin Language TV Program, 2014 November 1st Week

Monday, November 10, 2014

အပိုင်းပိုင်းပြတ် သတ်ဖြတ်ထားသည့် ကိစ္စ တောက်ပကြယ်ကုမ္ပဏီမှ နစ်နာကြေး ပေးမည် ဟုဆို


 ဖားကန့် ရေမဆေး ကောက်သူများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း (Lawng Hkang) ကျေးရွာအုပ်စု မဒန်ယန် (Madang Yang) ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း၏ သေဆုံးမှုနှင့် ပတ်သက်၍ တောက်ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီက နစ်နာကြေး သိန်း ၂၀၀ ကျပ် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ အစ်ကို ဦးဘရန်နန် က ပြောသည်။

Tuesday, November 4, 2014

KIA အဖွဲ့ဝင်ဟု စွပ်စွဲထောင်ချထားသူ ၂ ဦးအား လွှတ်ပေးရန် ဆုတောင်း


 နိုဝင်ဘာ ၄ ရက် ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် အထူးဆုတောင်းပွဲ ကျင်းပနေပုံ

ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် ကျင်းပခဲ့ရာပြည်သူလူထု ၁၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

Monday, November 3, 2014

ဆပ်ကြေးကောက်ခံမှုဖြင့် KIO အဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံကို အစိုးရတပ် ဖမ်းဆီး


ဖားကန့် ယခင် KIA တပ်ရင်း ၆ စခန်း Seng Ra တွင် နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား နှစ်ဦး

ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ခွဲ ၂ လိုင်ဆိုင်း တိုက်နယ်ခွဲ ရုံးစာရေးတစ်ဦးနှင့် ဒေသခံတစ်ဦးအား အစိုးရတပ်မှ ဆပ်ကြေးကောက်ခံမှုဖြင့် ဖမ်းဆီး ထားကြောင်း သိရသည်။

Thursday, October 30, 2014

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်


 ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) နှုတ်ထွက်မှု ဆက်လက် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ၆ ရက်ကြာ ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

RFA Kachin Language TV Program, 2014 October 4th Week

Tuesday, October 28, 2014

ရွှေတူးဖော်သည့်နေရာသို့ ရုတ်တရက် ဖမ်းဆီးမှုများ ပြုလုပ်လာ

မိုးကောင်းချောင်း ရှိ ရွှေ မုန်ဆိုင်း တခု

ကချင်ပြည် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု (Wa Ra Zup) မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းတွင် ရွှေတူးဖော်နေသူများအား အောက်တိုဘာ ၂၄ ရက် နေ့က ဖားကန့်မြို့နယ် ဌာနဆိုင်ရာပေါင်းစုံမှ ပူးပေါင်း ကွင်းဆင်းကာ ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Monday, October 27, 2014

ထောင်ဒဏ် နှစ် ၂၀ ကျော်ချခံထားရသည့် ကချင်စစ်ပြေးဒုက္ခသည် ၂ ဦးအမှုမှန် လူထုရှင်းလင်းပွဲ လုပ်မည်


ယခင် NDF ပါတီဝင် ရှေ့နေ ဦးဂျီမာခါး

မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၁ နှစ်ထိ ချခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမှုနှင့် ပတ်သက်၍ ပြည်သူလူထု ရှင်းလင်းပွဲနှင့် ဆုတောင်းပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ၄င်းတို့၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

Saturday, October 25, 2014

မူးယစ်ဆေးဝါးနှင့်အတူ KIO အဖွဲ့ဝင်တဦးအား ဖမ်းဆီး

ဟူးကောင်းချိုင့်ဝှမ်း ရှထူးဇွပ် ကျေးရွာတွင် ကချင်ဘာသာလို ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေး ပိုစတာ တခု

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးအကြီးစားဖြန့်ဝေရောင်းချနေသော ဦးမရစ်ဂမ်အောင် (Marip Gam Awng) အား အောက်တိုဘာလ ၂၂ ရက်နေ့ည ၁၁ နာရီချိန်က လွယ်ခေါကျေးရွာတွင် ခရစ်ယာန်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

Friday, October 24, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ

ခူဦးရယ်၊ UNFC အထွေထွေ အတွင်းရေးမှူး

အစိုးရက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင် နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများသည် ယနေ့ထိ ပြေလည်မှုမရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပထမဆုံးအကြိမ် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ကောင်စီမျက်နှာစုံညီ အစည်းအဝေးတွင် ထုတ်ပြန်လိုက်သည်။

Wednesday, October 22, 2014

ယုဇနကုမ္ပဏီ ရှိနေခြင်းအား အလို မရှိကြောင်း ဒေသခံများ ဆန္ဒမဲ ပေး

ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများ ယုဇနကုမ္ပဏီ အား မလိုလားကြောင်း ဆန္ဒမဲ ပေးနေပုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာတောင်သူများသည် ၄င်းတို့ဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်း၏ ဆိုးကျိုးများရင်ဆိုင်နေရသောကြောင့် ‘အလိုရှိ မရှိ’ ဆန္ဒမဲပေးသည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိနေရာ ယမန်နေ့ ကျေးရွာ ၂ ရွာ ထပ်မံ ဆန္ဒမဲပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Tuesday, October 21, 2014

အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှု များကြောင့် ဒေသခံများ စိုးရိမ်

ဟူးကောင်းချိုင့်ဝှမ်းရှိ အကြီးစား ရွှေတူးစက် တခု

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းမဘေးတွင် ဧရာမ ရွှေတူးဖော်မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာကာ ဒေသခံများ ဆိုးကျိုးအန္တာရာယ်စိုးရိမ်နေကြောင်းသိရသည်။

Friday, October 17, 2014

ဖားကန့် KIA တပ်ရင်း ၆ နှင့် အစိုးရတပ်များကြား တင်းမာနေဆဲ


မြန်မာအစိုးရ စစ်တပ် တပ်မ ၆၆ စစ်သား ၃ ဦး၊ ဖားကန့်၊ ကချင်ပြည်နယ်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ တပ်မ ၆၆ တပ်နှင့် တို့အကြား စစ်ရေးတင်မာလာသဖြင့် အောင်ဘာလေကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု KIA တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆန့် က ပြောသည်။

ရှမ်းပြည်နယ်တွင် အစိုးရတပ်နှင့် FUA တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေ


ရှမ်းပြည်အရှေ့မြောက်ဖက်  မြန်မာအစိုးရတပ်နှင့် ပြည်ထောင်စုတပ်မတော် (Federal Union Army-FUA) တပ်ဖွဲ့ အကြား လွန်ခဲ့သည့်နှစ်ရက်နေ့မှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရပါသည်။

Wednesday, October 15, 2014

ဖားကန့် KIA တပ်စခန်း ဆုတ်ခွာပေးရန် အစိုးရ ထပ်မံသတိပေး

 ဖားကန့် ရှေ့တန်းတနေရာမှ KIA တပ်ရင်း ၆ စစ်သား တဦး

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် တပ်မ ၆၆ တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် သတိပေး ပြောဆိုခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

ဖားကန့်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား နိုင်

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ စစ်သား ၂ ဦး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်များ ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း သိရပါသည်။