Wednesday, October 30, 2013

ဝိုင်းထားဆဲ အစိုးရတပ်များလှုပ်ရှားမှုကို KIA ချုံခိုတိုက်ခိုက်

KIA စစ်သားတစ်ဦး


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသသို့ အစိုးရစစ်တပ် စကခ -၂၁ အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၁၀၀ ကျော်ရိက္ခာနှင့် မြင်းအကောင် ၅၀ ကျော်ဖြင့် စစ်ကူလာသောစစ်ကြောင်းနှင့် ဆဂနမ်ခွမ် (Saga Nam Hkum) သွားလမ်း အောင်နန် (Awng Nan) ရွာဟောင်းလမ်း တလျှောက်တွင် ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tuesday, October 29, 2013

မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်



ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားချိန် ဘုရားကျောင်းသို့ထိန်းသိမ်းထားသော ရွာသား ၅၀၀ ကျော်သည် ဗန်းမော် ဖန်းခါးကုန်း စစ်ပြေးဒုက္ခသည်စခန်းဘက်သို့ ထွက်ပြေးတိမ်းသွားနေကြပြီဖြစ်ကြောင်း ရွာသားများမှသိရသည်။

Monday, October 28, 2013

အစိုးရတပ်များ KIA တပ်ရှိရာသို့ စစ်အင်အားများ တိုးချနေ

ကချင်ပြည်နယ် အရှေ့ဘက် ကန်ပိုင်တီလမ်းကြောင်းဘက် ချီတက်ဘာတဲ့ အစိုးရ တပ်မ ၃၃ စစ်သားတဦး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင်ဆွေးနွေးပွဲပြုလုပ်ရန် ပြင်ဆင်နေချိန် အစိုးရတပ်ဖက်မှ KIA တပ်များသို့ အသီးသီး စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း သိရသည်။

လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံသို့ အဖွဲ့ကိုယ်စားလှယ်များရောက်ရှိ

အောက်တိုဘာ ၂၈ နေ့ မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ရောက်ရှိလာတဲ့ UNFC တပ်ပေါင်းစု ခေါင်းဆောင်များကို KIO ဥက္ကဌ ဇောင်းဟရား (ဘယ်)မှ ကြိုဆိုနေပုံ။

လိုင်ဇာ၊ ကချင်ပြည်နယ် - တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးအကြိုဆွေးနွေးပွဲအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ကျင်းပမည့် ‘Ethnic Armed Organizations Conference’ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံသို့ ထိပ်သီးခေါင်းဆောင်များအသီးသီး အောက်တိုဘာ ၂၈ ယနေ့မှစ၍ ရောက်ရှိနေကြပြီဖြစ်သည်။

KIA နှင့်အစိုးရတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေဆဲ

KIA တပ်ဖွဲ့။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum)တွင် အစိုးရ စုပေါင်းတပ်ရင်းနှင့် KIA တပ်ဖွဲ့များကြား ဆက်တိုက် တိုက်ပွဲများဖြစ်ပွားကာ အခြေအနေပို၍ပြင်းထန်လာနိုင်ကြောင်း KIA တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင်ပြောသည်။

Saturday, October 26, 2013

လဆန်အောင်ဝါ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်တဦး ဒေသခံလူငယ်တဦးအား သေနတ်ဖြင့်ပစ်ခတ်

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အဒူးလေး ဆေးကုသမှုခံယူနေစဉ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခွဲထွက် ဦးလဆန်အောင်ဝါပြည်သူ့တပ်ဖွဲ့ မှသေနတ်ဖြင့် ပစ်ခတ်ထားသောကြောင့် ဆယ်ကျော်သက် လူငယ်တစ်ဦးမှာမြစ်ကြီးနားပြည်သူ့ ဆေးရုံးကြီး အရေးပေါ်လူနာခန်းတွင် အူခွဲစိတ်ကုသမှုခံယူနေရကြောင်း ၄င်း၏မိသားစုဝင်များထံမှ သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို ရှောင်လွှဲမနေသင့်ဟု KIO ဥက္ကဋ္ဌ အထိမ်းအမှတ်နေ့တွင် ပြောကြား

KIO ningbaw kaba Lanyaw Zawng Hra

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးကြောင့်ဖြစ်ပေါ်နေသော ပြဿနာများအားဖြေရှင်းရာတွင် ရှောင်လွှဲနေခြင်းကြောင့် တိုင်းရင်းသားများနေထိုင်ရာဒေသတို့တွင် တော်လှန်ရေး ခရီးကြာရှည်နေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO (၅၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် KIO ဥက္ကဋ္ဌဇောင်းဟရား မိန့်ခွန်း ပြောကြားခဲ့သည်။

Friday, October 25, 2013

အစိုးရတပ်များ မုန်းဒိန်ပါရွာမှဆုတ်သွားသော်လည်း အနီးတွင် ရှိနေသောကြောင့် ရွာသားများကြောက်လန့်နေဆဲ


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင်လှုပ်ရှားနေသော အစိုးရတပ်များသည် ယနေ့နံနက် ၄ နာရီတွင် ရွာမှဆုတ်သွားသော်လည်း ရွာအနီးတွင်သာ ဆက်လက်ရှိနေခြင်းကြောင့် စိုးရိမ်ကြောက်လန့်နေဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။

Thursday, October 24, 2013

အစိုးရ စုပေါင်းတပ်နှင့် Saga Nam Hkum တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ

ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာမှ KIA စစ်သားတဦး။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် အစိုးရတပ်ပေါင်းစုများ ဂျေဦး၊ နမ်ခန်ဖက်မှ ထိုးစစ်ဆင် လှုပ်ရှားလာသောကြောင့် ယမန်နေ့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Wednesday, October 23, 2013

မုန်းဒိန်ပါ ရွာသား ၇၀၀ ကျော်ကို အစိုးရတပ်မှ ဘုရားကျောင်းသို့ အဓ္ဓမ ထိမ်းသိမ်းထား


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mungding Pa) ကျေးရွာရှိ အပြစ်မဲ့ ကချင်ရွာသား ၇၀၀ ကျော်အား မြန်မာအစိုးရတပ်သည် ယမန်နေ့ ၂၂ ရက် အင်္ဂါနေ့မှ စ၍ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် လုံခြုံရေးချထိမ်းသိမ်းထားကြောင်းသိရသည်။

Tuesday, October 22, 2013

KIA နောက်ဆုတ်ထားသော တပ်စခန်းများကို အစိုးရတပ်များနေရာယူ

ကန်ပိုင်တီလမ်းပေါ်မှ အစိုးရ တပ်မ ၃၃ စစ်သားတဦး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရကိုယ်စားလှယ်များ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲနောက်ပိုင်း စစ်ရေးတင်းမာမှုများနှင့်အတူ သဘောတူညီချက်များအရ KIA ဖက်မှ တပ်စခန်းအချို့ နောက်ဆုတ်ထားသည် ကို အစိုးရဖက်မှ သိမ်းပိုက်ထားကြောင်းသိရသည်။

Monday, October 21, 2013

KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်

တိုင်းရင်းလက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်တဲ့ UNFC တပ်ပေါင်းစု။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြားဆွေးနွေးပွဲသဘောတူညီချက်အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်များပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်း ၂၈-၃၀ ကြား ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Friday, October 18, 2013

KIO လူထုရှင်းလင်းပွဲ လိုင်ဇာတွင်ပြုလုပ်

အောက်တိုဘာ ၁၈ လိုင်ဇာ လူထုတပ်ထု နိုင်ငံရေးရှင်းလင်းပွဲ။


မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တနိုင်ငံလုံးအပစ်အခတ်ရပ်ဆိုင်းရေးတွင် လက်မှတ်ရေးထိုးခြင်းမှာ လက်နက်ကိုင်များအကြား နားလည်မှုတစ်ခုအဖြစ် ရယူထားခြင်းသာဖြစ်ပြီး၊ ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမှုမရှိကြောင်း ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော လူထုရှင်းလင်းပွဲတွင် KIO ကာကွယ်ရေးအရာရှိ တဦးကပြောကြားလိုက်သည်။

Thursday, October 17, 2013

အစိုးရတပ် ခမရ (၅၀၇) လှုပ်ရှားမှုကို KIA မိုင်းဖြင့်တိုက်ခိုက်



ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၂၇) ဒေသတို့ အစိုးရတပ် စကခ (၁၆) အောက် ခမရ (၅၀၇)အဖွဲ့ စစ်အင်အား ၁၀၀ ကျော်ဖြင့် လှုပ်ရှားလာသောကြောင့် ယမန်နေ့ နံနက် KIA ဖက်မှ မိုင်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Wednesday, October 16, 2013

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာမှ KIA စစ်သားများ။

ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်မဟာ (၃) နယ်မြေသို့ အစိုးရစစ်အင်အားများဖြည့်ဆဲချိန်တပ်မ ( ၉၉) နှင့် KIA တပ်ရင်း (၁၂) ကြား ယမန်နေ့ ညနေ ၅ နာရီချိန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

NDF ဒေါ်ဘောက်ဂျာအမှု အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေး

ဖါးကန့်မြို့နယ် တရားရုံသို့ အမှုစစ်ဆေးခံရန် ရောက်နေတဲ့ NDF ပါတီရဲ့ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ (လယ်)။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာကို ယခုလအထိ သက်သေများအား အကြိမ်ကြိမ်ရုံး ထုတ်စစ်ဆေးနေဆဲဖြစ်ကြောင်း NDF  ဒု-ဥက္ကဌ ဦးသန်းဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

Tuesday, October 15, 2013

အစိုးရတပ်များ KIA စခန်းသို့ အင်အားတိုးချမှုများရှိနေဆဲ


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရငြိမ်ချမ်းရေး ကိုယ်စားလှယ်များ ဆွေးနွေးမှုအပြီး အစိုးရတပ်ဖက်မှ KIA တပ်မဟာ (၃)၊ တပ်မဟာ (၄) နယ်မြေများသို့ စစ်အင်အားဖြည့်ခြင်းများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Monday, October 14, 2013

KIO ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြန်ခရီး လူငယ် ၁၀၀၀ ကျော် လိုက်ပါပို့ဆောင်

အစိုးရနဲ့ ဆွေးနွေးပွဲအပြီး ကချင်လူငယ်များ KIO ကိုယ်စားလှယ်အဖွဲ့အား မြစ်ကြီးနားမှ လိုင်ဇာသို့ လိုက်ပို့နေပုံ။

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ကိုယ်စားလှယ်များကို အောက်တိုဘာလ ၁၂ ရက် ဌာနချုပ်လိုင်ဇာမြို့ အပြန်ခရီးကို ဒေသခံလူငယ်များ ၁၀၀၀ ကျော်သည် အားတက်တရော ဝိုင်းမော်မြို့နယ်အထိ ဆိုင်ကယ်ဖြင့် စီတန်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

Thursday, October 10, 2013

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု KIO လိုင်ဇာတွင်ပြုလုပ်ရန် သဘောတူ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC တပ်ပေါင်းစု။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား တပြည်လုံးအတိုင်းအတာ အပစ်ရပ်ဆွေးနွေးမှု မပြုမီ အောက်တိုဘာလအတွင်း KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင် အားလုံးပါဝင်သော ဆွေးနွေးပွဲတရပ်ကို KIO ဗဟို ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ်ကျင်းပသွားရန် ၃ ရက်ကြာဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့ကြသည်။

Wednesday, October 9, 2013

ခေါင်လန်းဖူးမြို့နယ်ရှိကျောင်းများတွင် ယခုချိန်ထိ ပုံနှိပ်စာအုပ်များ မရရှိသေး

ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ။

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ အစိုးရ ပညာရေးကျောင်းတွင် ယခုချိန်ထိ ပုံနှိပ်စာအုပ်များမရရှိသေးသောကြောင့် ကျောင်းသူ/သားများ စာသင်ကြားမှုတွင် နေ့စဉ်ခက်ခဲ ရင်ဆိုင် နေရကြောင်း သိရသည်။

လယ်ကွင်းမှကောက်လာသော ဗုံးပေါက်ကွဲမှုတွင် ကလေးငယ် ၁ ဦးသေ၊ ၄ ဦးဒာဏ်ရာရ

အရေးပေါ်လူနာခန်းမှ သေဆုံးသူကလေးဖခင် ဦးဖောင်ယမ်လဂျာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ခွဲ လဘန်ကထောင်ကျေးရွာတွင် အောက်တိုဘာလ (၇) ရက်နေ့ မနက် (၁၀) နာရီခန့်တွင် လယ်ကွင်းမှကောက်လာသောလက်ထောက်မော်တာ တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် (၁) ဦးသေဆုံးကာ (၄)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၍ မြစ်ကြီးနားဆေရုံးကြီးတွင် ဆေးကုသနေကြောင်း ဒေသခံ အသင်းတော်ဆရာများထံမှ သိရသည်။

Tuesday, October 8, 2013

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ နှစ်ဖက်တိုးတက်မှုများကိုဆွေးနွေး

အစိုးရနဲ့ KIO ဆွေးနွေးပွဲ ကျင်းပတဲ့ Majoi Gawknu ခမ်းမ၊ မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များကြား အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းတွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ရာ ပထမနေ့တွင် နှစ်ဖက်သဘော တူညီခဲ့သော အချက်များ၏ ရလဒ်များကိုဆွေးနွေးတင်ပြခဲ့ကြသည်။

အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် နားအူကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်လာ



ကချင်ပြည်နယ် ဗန်းမော်ခရိုင်ဖက်သို့ အစိုးရတပ်များ အင်အားဖြင့်လှုပ်ရှားလာသောကြောင့် ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် မန်စီမြို့နယ် နားအူကြီးရွာမှ အိမ်ခြေ ၃၂ အိမ်၊ ရွာသား ၁၃၀ သည် ဖန်းခါးကုန်းကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းအသင်းတော်မှ ပြောသည်။

Monday, October 7, 2013

ဂျေယန့်ဒုက္ခသည်စခန်းက အပြာရောင်မျက်လုံးပိုင်ရှင်လေး

ဂျေယန့်ဒုက္ခသည်စခန်းက ထူးဆန်းတဲ့ အဖြာရောင် မျက်လုံးပိုင်ရှင် ၂နှစ်အရွယ် မိန်းကလေးငယ် Dingring Seng Lu Awng

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang)  ဒုက္ခသည်စခန်းတွင်ထူးခြားသော အပြာရောင်မျက်လုံးပိုင်ရှင် ၂ နှစ် အရွယ် မိန်းကလေးငယ်တဦး ခိုလှုံနေကြောင်း သိရသည်။

Saturday, October 5, 2013

အစိုးရတပ်များ အဆိပ်ငွေ့ပါသော လက်နက်ကြီးဖြင့် KIA ကို ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း မုံဂိုးဒေတတွင် လှုပ်ရှားနေတဲံ အစိုးရစစ်သား ၂ ဦး။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မူဆယ်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) နယ်မြေ နမ်မူဘွမ် (Nam Mu Bum) သို့ ယမန်နေ့နံနက် ၇ နာရီခန့်တွင် အစိုးရတပ်ဖက်မှ လှုပ်ရှားလာပြီး KIA ပြည်သူ့စစ် (MKM)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဓါတုအဆိပ်ငွေ့ပါလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် KIA ၆ ဦးထိခိုက်ခဲ့ကြောင်း သိရသည်။

Friday, October 4, 2013

ဂျေယန့်ဒုက္ခသည်စခန်းမှ ပျက်စီးသွားသောနေအိမ်အချို့ကို ကရုဏာအဖွဲ့မှ ပြန်လည်ပြုပြင်ပေးမည်

ဂျေယန့်ဒုက္ခသည်စခန်း ပြန်လည်တည်ဆောက်ရန် ကရုဏာအဖွဲ့မှ ပြင်ဆင်ထားတဲ့ သစ်သားပျဉ်များ။

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည့် ဒုက္ခသည်အိမ်ထောင်စု (၇၀၀) အတွက် အိမ်ခန်းအသစ်များအား မြစ်ကြီးနား ရိုမန်ကက်သလစ် ကရုဏာအဖွဲ့ (KMSS)မှ ယခင်ထက်ပိုမိုကောင်းမွန်အောင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဂျေယန့်ဒုက္ခသည်စခန်း တာဝန်ရှိသူများ ထံမှသိရသည်။

Thursday, October 3, 2013

အစိုးရတပ်များ ကချင်လွတ်မြောက်ရေးတပ် KIA ရှိရာ နေရာအသီးသီးတွင် စစ်အင်အားတိုးချနေ

မြစ်ကြီးနား-ကန်ပိုင်တီလမ်းပေါ်မှ အစိုးရ တပ်မ ၃၃ စစ်သားတစ်ဦး။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အောက်တိုဘာလတွင် တွေ့ဆုံဆွေးနွေး နိုင်ရန် နှစ်ဖက် နည်းပညာအဖွဲ့များ ညှိနှိုင်းဆွေးနွေးနေဆဲချိန် အစိုးရတပ်သည် တပ်အပြောင်း အလဲဖြင့် KIO နယ်မြေ ရှေ့တန်းနေရာများတွင် စစ်အင်အားများတိုးချဲ့နေကြောင်း သိရသည်။

Wednesday, October 2, 2013

တရုတ်နယ်စပ် ဒုက္ခသည်စခန်းများ တွင် ဆောင်းအ၀င် အရေးတကြီး အကူညီများလိုအပ်

ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီး ဒုက္ခသည်စခန်း။

ကချင်ပြည်နယ် တရုတ်နယ်စပ်တလျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ အအေးဒဏ်ကိုခံနိုင်သည့်စောင်များနှင့် ပျက်စီးနေသောယာယီစခန်းများ ပြန်လည်ပြုပြင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ဇိုင်းအောင်စခန်းရှိ ဒုက္ခသည် အယောက် ၂၀၀ ခန့်တွင် နှာစေး၊ချောင်းဆိုးဖြစ်ပွားနေ

ဇိုင်းအောင် (မုန်ဂါဇွပ်) ဒုက္ခသည်စခန်း ဆေးရုံ။


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူကြီးလူငယ် အယောက် ၂၀၀ ခန့်တွင် အအေးမိ နှာစေး၊ ချောင်းဆိုး ရောဂါဖြစ်ပွားနေပြီး ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း သိရသည်။

Tuesday, October 1, 2013

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း ဒေသခံများစိုးရိမ်နေရဆဲ

သီတာရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှာ ကျင်းပတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားတဲ့ ၂ နှစ်ပြည့် အခမ်းအနား

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား အစိုးရမှ တရားဝင်ရပ်ဆိုင်းထားသောကာလ ၂ နှစ် ပြည့်နေသော်လည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI)မှ လှုပ်ရှားမှုများ ရပ်သွားခြင်းမရှိသေးကြောင်း မြစ်ဆုံစီမံကိန်းကျေးရွာနယ်မြေ ဒေသခံများကပြောသည်။

အင်ခါးဂါးကျေးရွာသို့ ကူညီခွင့် ရသော်လည်း လုံခြုံရေး တင်းကြပ်ထားဆဲ

ပူတာအို ခရိုင်မှ မြန်မာအစိုးရတပ်များ။

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါးဂါးကျေးရွာတွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA)ကြားတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် ကူညီမှုများလိုအပ်နေသော ရွာသားများကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ လုံခြုံရေးတင်းကြပ်ထားသည့်ကြားက အစိုးရခွင့်ပြုချက်ဖြင့်  စက်တင်ဘာ ၂၆-၂၈ ရက်အတွင်း ပထမဦးဆုံးအကြိမ်သွားရောက်ကူညီခွင့်ရခဲ့ကြောင်း KBC မှသိရသည်။