Thursday, June 27, 2013

ရှမ်းမြောက် KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ တပ်စခန်းနေရာလု တိုက်ပွဲဖြစ်ပွားနေဆဲ

ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် စစ်ရေးလှုပ်ရှားနေတဲ့ အစိုးရစစ်သား ၂ ဦး။ (အရပ်ဝတ် အပါအ၀င်)။


ယနေ့နံနက် ၉း၀၀ နာရီမှ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ  ပန်ဆိုင်း (ကြူကုတ်) မြို့ မုန်းကိုးဒေသတွင် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) မှ အခြေစိုက်ရန် ပြင်ဆင်ထားသော စခန်းနေရာတခုကို အစိုးရတပ်ဖက်မှလည်း နေရာယူရန်လှုပ်ရှားလာခဲ့ သောကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

Wednesday, June 26, 2013

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်ကလေးများ အခက်ခဲအမျိုးမျိုးကြောင့် စာမသင်နိုင်သေး

လိုင်ဇာအနီး JEYANG ဒုက္ခသည်စခန်း မူလတန်းကျောင်း

ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသော ကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်မလုံလောက်မှုနှင့် ဆရာများမှအစ လိုအပ်နေသောကြောင့် ကျောင်းဖွင့်ရန်အခက်ခဲရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့မူးယစ်ဆေး တိုက်ဖျက်ရေးနေ့တွင် KIO မှ မီးရှို့ရန်မလိုတော့ဟုဆို

ဝိုင်းမော်မြို့နယ်တွင် ဘိန်းခင်းဖျက်ဆီးနေတဲ့ KIA စစ်သားတဦး။

ဇွန်လ ၂၆ ရက် ယနေ့ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအထိန်းအမှတ်နေ့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တွင် ပြုလုပ်ရာ ယခုနှစ်အတွက် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပြရန်မလို တိုက်ဖျက်နိုင်ခဲ့ကြောင်း KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ (Dukaba Gam Ba) ပြောလိုက်သည်။

Tuesday, June 25, 2013

တိုင်းရင်းသား လူငယ်များ အတွက် နိုင်ငံသားနှင့် ဆိုင်သော သင်တန်း ပို့ချပေးနေ

မြစ်ကြီးနား စီတာမူရပ်ကွက်တွင် ကချင်လူငယ်များကို CIVIC EDUCATION သင်တန်း ပေးနေပုံ။

ကချင်ပြည်နယ် နှစ်ခြင်းခရစ်ယာန်လူငယ်များ ဦးစီးကာ ယနေ့ခေတ်ကာလတွင် လူငယ်များ သိသင့် သိထိုက်သောပညာရပ်များဆိုင်ရာ (Civic Education) သင်တန်းတခုကို မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ပြုလုပ်နေကြောင်း သိရသည်။

Monday, June 24, 2013

မြစ်ဆုံရေကာတာ အမြန်ဆုံး တည်ဆောက်နိုင်ရန် တရုတ်အစိုးရ CPI ကြိုးစား

အောင်မြင်သာစံပြ ရွှေ့ပြောင်းကျေးရွာ။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် မေခ-မလိခပေါ်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်တည်ဆောက်နိုင်ရန် တရုတ်အစိုး၏ လျှပ်စစ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း CPI မှ တန်ဖရဲ ဒေသခံများကိုလိုက်လံစည်းရုံးနေကြောင်း ဒေသခံများပြောသည်။

ကျည်ဆံခွံ လက်ဝါးကပ်တိုင်နှင့် ဆင်းတုတော် လိုင်ဇာမြို့သို့ ပင့်ဆောင်လာ

လိုင်ဇာမြို့သို့ ယူဆောင်လာတဲ့ ကျည်ဆံခွံ လက်ဝါးကပ်တိုင်။ ဓါတ်ပုံ - ကချင်သတင်းဌာန

ငြိမ်းချမ်းရေးလိုလားကာ ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်ခဲ့သောအဖွဲ့မှ လမ်းတွင်ကောက်ခဲ့သော ကျည်ခွံများဖြင့် အမှတ်တရထုလုပ်ထားသော ခရစ်ယာန်လက်ဝါးကပ်တိုင်နှင့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာသို့ ပင့်ဆောင်ခဲ့ရာ လိုင်ဇာလူထုက လက်ဝါးကပ်တိုင်ကိုလက်ခံပေးခဲ့ကြောင်းသိရသည်။

Friday, June 21, 2013

KIO စစ်ဗိုလ်အဖြစ် စွပ်စွဲချုပ်နှောင်ခံထားရသူ ဦးဘရန်ရှောင် မလွှတ်နိုင်သေး

မြန်မာအစိုးရရဲ့ မတရား အဖမ်းခံနေရသူ ဦးဘရန်ရှောင်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng)ကို လွှတ်ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်တရားခွင်မှ အဆင်သင့်မဖြစ်သေးကြောင်း မိသားစုဝင်များကပြောသည်။

Thursday, June 20, 2013

မိုင်ဂျာယန်ဒေသအတွင်း အစိုးရနှင့် KIA ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာ

လိုင်ဇာ ဗဟိုဌာနချုပ် နယ်မြေ ရှေ့တန်းတနေရာမှ KIA စစ်သားများ။


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် အစိုးရတပ်ကြား ရှမ်းပြည်မြောက်ပိုင်းတွင် တင်းမာနေချိန်တဆက်တည်း ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ တပ်မဟာ (၃) ရှိရာ မိုင်ဂျာယန် (Mai Ja Yang) ဘက်သို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည်။

Wednesday, June 19, 2013

KIO အလယ်တန်းနှင့် အထက် တန်းကျောင်းများ အတွက် အကူညီလိုအပ်

မိုင်ဂျာယန် KIO အထက်တန်းကျောင်း။


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ အလယ်တန်းနှင့် အထက်တန်းကျောင်း သားများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေကြောင်း ကျောင်းအုပ်ကြီးများထံမှ သိရသည်။

အစိုးရတပ် တိုက်ခိုက်မှုကြောင့် တပ်ပေါင်းစုစခန်းတခု နောက်ဆုတ်ပေး

KIA တပ်ရင်း ၈ စစ်သားများ။


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂွတ်ခိုင်မြို့နယ် နမ်ဖတ်ကာ ကျေးရွာ (Nam Hpat Ka)ရှိ KIA နှင့် တအောင်း (ပလောင်) တပ်ဖွဲ့ (TNLA) တပ်ပေါင်းစု ရှိရာတပ်စခန်းအား အစိုးရတပ်မှ အင်အားတိုးချဲ့ တိုက်ခိုက်လာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့က နောက်ဆုတ်ထားလိုက်သည်။

Tuesday, June 18, 2013

ကြက်သားထမင်း စားမှားပြီး လူ ၁၅၀ ခန့် ဆေးကုသနေ

မြစ်ကြီနားဆေးရုံကြီးတွင် ဆေးကုသခံယူနေတဲ့ ဒေါ် ဆွမ်လွတ်ထု။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် ခရစ်ယာန် အိမ်ထောင်ဝတ်ပြုဆုတောင်းပွဲတခု၌ ဧည့်ခံကျွေးမွေးသော ကြက်သားထမင်းနှယ် (ကချင်ဒံပေါက် Shat Jam) ထမင်းကြောင့် ဆုတောင်းပွဲတွင်စားသုံးသူ လူ ၁၅၀ ခန့် အစာအဆိပ်သင့်ကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိသွားခဲ့သည်။

မုန်းဂိုးဒေသ အစိုးရနှင့် KIA တင်းမာမှုကြောင့် ရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်မြောက်ပိုင်း KIA စစ်သားတစ်ဦး

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေ မူဆယ်မြို့နယ် မုန်းဂိုးဒေသ တပ်ရင်း (၃၆) နယ်မြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ကျေးရွာ ၄ ခုမှ ဒေသခံများ ၁၀၀ ကျော်သည် လွတ်မြောက်ရာသို့အသီးသီးထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Monday, June 17, 2013

လိုင်ဇာ ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်များ စစ်ရေးလှုပ်ရှားလာစဉ် မြေမြုပ်မိုင်းမိ

လိုင်ဇာမှ KIA တပ်ဖွဲ့များ။

သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော အစိုးရတပ်သည် အင်တဲမ်ဘွမ် (Ntap Bum) တောင်ခြေတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းမိုင်းသည် ယခင်စစ်ပွဲဖြစ်ပွားခဲ့စဉ် ထောင်ထားခဲ့သော နေရာဟောင်းမှဖြစ်ပြီး စစ်အင်အား ၅၀ ကျော်ဖြင့် အစိုးရတပ်များ လှုပ်ရှားလာချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရှေ့တန်းမှ KIA အရာရှိတစ်ဦးပြောသည်။

ကုလအဖွဲ့ မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ

မတ် ၂၈၊ ၂၀၁၂ က UN အကူညီအဖွဲ့မှ မိုင်ဂျာယန် ဆိုင်မိုင်ပါ စခန်းတွင် ဆန်ဝေငှပေးနေပုံ။

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ ပါကထောင် ဒုက္ခသည်စခန်းတွင် ပထမကြိမ် လာရောက်ကူညီပေးခဲ့သည်။

Friday, June 14, 2013

သမ္မတ သက်တမ်းအကုန် မြစ်ဆုံပြန်စရန် တရုတ်ကြိုးပမ်းနေ

ဧပြီ ၂၄ ရက်နေ့က CPI မှ ငှားရမ်းတဲ့ ပီကင်းရုန်ဇီအဖွဲ့ ကိုယ်စားလှယ်များ မြစ်ဆုံရေကာတာ ရွှေ့ပြောင်း ရွာသား ၄ ဦးနဲ့ တွေ့ဆုံခဲ့တယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သက်တမ်းတလျှောက် ရပ်ဆိုင်းထားမည်ဟုဆိုသော  ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို တရုတ်အစိုးရဖက်မှ  သမ္မတသက်တမ်းမကုန်ဆုံးသေးခင်ကပင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဒေသခံနှင့် ကချင်လူမှုအဖွဲ့အစည်းများက ပြောသည်။

မုန်းဂိုးဒေသတွင် အစိုးရတပ်နှင့် KIA တပ်ပွဲဖြစ်

ပန်ဆိုင်း (ကြူကုတ်) ရှေ့တန်းတနေရာမှာ မြင်ရတဲ့ မြန်မာစစ်သား ၂ ဦး (ယူနီဖုန်းနဲ့ အရပ်ဝတ်)


အဖွဲ့အတွင်း အစည်းအဝေးမှ ပြန်လာသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိအဖွဲ့ကို အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ ယနေ့ ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Wednesday, June 12, 2013

12-06-2013-KIO-statement ဇွန် ၁၂၊ ၂၀၁၃ KIO ထုတ်ပြန်ကြေညာချက်

ဇွန် ၁၂၊ ၂၀၁၃ KIO ထုတ်ပြန်ကြေညာချက်  


www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


Monday, June 10, 2013

ကချင်စစ်ပွဲ ၂ နှစ်ပြည့် ဆုတောင်းပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်

ကချင်ပြည်တွင်းစစ် ၂ နှစ်ပြည့် ချင်းမိုင်မြို့ အခမ်းအနား။


ကချင်ပြည်တွင်းစစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ဇွန်လ ၉ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကချင်လူမှုအသိုင်းအ၀ိုင်း (Kachin Community in Thailand) မှ ဦးဆောင်ကာဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

Friday, June 7, 2013

မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရစစ်တပ် လုံခြုံရေး တင်းကြပ်ထားဆဲ

မန္တလေး-မြစ်ကြီးနားရထားလမ်းရှိ မြန်မာအစိုးရ တပ်စခန်းတခုမြင်ကွင်း။


ကချင်ပြည်နယ်သို့ ပြေးဆွဲနေသော မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရတပ်များ လုံခြုံရေးတင်းကြပ်စွာချထားဆဲဖြစ်သည်။

Wednesday, June 5, 2013

တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ

လိုင်ဇာပတ်ဝန်းကျင်မှ ဒုက္ခသည်စခန်း တခု။


ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက် (အင်မောက်) မြို့နယ် တရုတ်နယ်စပ်ရှိ ဒွမ်ဘုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် မေလမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ဆေးဝါးများအရေးတကြီး လိုအပ်နေကြောင်းသိရသည်။

Tuesday, June 4, 2013

ဂျေယန့် ဒုက္ခသည့်စခန်းတွင် မူလတန်းကျောင်းသုံးပစ္စည်း လိုအပ်

ဂျေယန့် ဒုက္ခသည်စခန်း စာသင်ကျောင်း။


ကချင်ပြည်နယ် လိုင်ဇာမြို့ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အခြေခံမူလတန်းကျောင်းသားများအတွက် ကျောင်းသုံးပစ္စည်းများ ထက်ဝက်ခန့် လိုအပ်နေသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများမှသိရသည်။

Monday, June 3, 2013

ပန်ဆိုင်း ဒေသတွင် အစိုးရတပ်နှင့် KIA ပစ်ခိုက်မှု ဖြစ်ပွား

ယခင် ပန်ဆိုင်း (ကြူကုတ်) ဒေသ ရှေ့တန်းတနေရာမှာ မြင်ရတဲ့ မြန်မာစစ်သား ၂ ဦး။


မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့ ပတ်ဝန်းကျင်တွင် ဇွန် ၃ ရက် ယနေ့ညနေပိုင်းတွင် အချိန်တို တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

KIA စစ်ဗိုလ် မသင်္ကာမှုဖြစ် အဖမ်းခံရသော ဦးဘရန်ရှောင် ကို လွှတ်ပေးမည်

မတရား အဖမ်းခံနေရတဲ့ ဦးဘရန်ရှောင်။


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်ကြီးဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင် (Salang Lahtaw Brang Shawng) ကို တစ်ပတ်အတွင်း လွှတ်ပေးမည်ဟု  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ပြောခဲ့ကြောင်း သိရသည်။