Friday, January 31, 2014

သန်းခေါင်စာရင်းတွင် ကချင် အမည် ထည့်သွင်းရန် ကချင်နှစ်ခြင်း အသင်းတော် ကြေညာချက် ထုတ်ပြန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး REV. DR. HKAMLAM SAM SUN

လာမည့် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်မျိုးနွယ်စု များအနေဖြင့် လူမျိုးနေရာတွင် ကချင် 101 အဖြစ် ထည့်သွင်းသွားကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန္နဝါရီလ ၂၀ ရက် နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဗန်းမော်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွား

ဇန်န၀ါရီ ၃၁ ရက်မှ စပြီး အစိုးတပ်နဲ့ ကေအိုင်အေ တပ်ကြား ကေအိုင်အေ တပ်မဟာ ၃ နယ်မြေ ဗန်းမော်ခရိုင်တွင် တိုက်ပွဲများပြင်းထန်လာ။

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ ဒေသ ၃ နေရာတွင် နှစ်ဖက်တပ်မှ ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားနေကြောင်း တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန် ဂျွန်းအောင် KNG ကချင်သတင်းဌာနသို့ပြောသည်။

Thursday, January 30, 2014

ကချင်ဒုက္ခသည်များအား ဆက်လက်ကူညီရန် ဗြိတိန် ကတိပြု


ဇန်န၀ါရီ ၂၉ ဗြိတိသျှနိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာနအာရှရေးရာဒုတိယဝန်ကြီး MR HUGO SWIRE ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့စဉ်။

ဗြိတိသျှနိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာနအာရှရေးရာဒုတိယဝန်ကြီး ဟူဂိုဆွားယားနှင့် အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖိအားပေးသွားမည် ဖြစ်ပြီး ကချင် ဒုက္ခသည်များအတွက် အကူအညီများ ဆက်ပေးသွားမည် ဖြစ်ကြောင်း ကေအိုင်အို နည်းပညာ အကြံပေး အလုပ်အဖွဲ့ကို ပြောကြားခဲ့သည်။

Tuesday, January 28, 2014

ကချင်တပ်စခန်းအတွင်း အရပ်ဝတ်ဖြင့် ၀င်လာသော အစိုးရ အရာရှိ ၂ ဦးအား ထိန်းသိမ်း




ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ် တပ်မဟာ (၃) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၂၇ မန်းဝင်းကြီးနှင့် နောင်တောင်း KIA လူဝင်မှုကြီးကြပ်ရေးဂိတ်သို့ အရပ်ဝတ်ဖြင့် ဝင်လာသော အစိုးရ အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးအား ဇန္နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီချိန်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KIA မှ ပြောသည်။

အချုပ်ခန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ဒေါ်ဘောက်ဂျာ ပြော




အချုပ်ခန်းရှိလူများ အခက်အခဲများစွာ ကြုံတွေ့ခံစားနေရကြောင်း ဖားကန့် အချုပ်ခန်းမှ လွတ်မြောက်လာသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာက ပြောသည်။

Monday, January 27, 2014

ကချင်ပါတီများ တစ်ခုတည်းဖြစ်ရေး ဆွေးနွေး



ကချင်ပြည်နယ်တွင်ရှိသော ကချင်ပါတီများ တစ်ခုတည်းဖြစ်ရန် ကချင်ပါတီ ၄ ပါတီနှင့် ဇန္နဝါရီလ ၂၅ ရက် စနေနေ့က ‘ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ- ဖါးကန့်မြို့နယ်’ မှ ပထမဆုံးအနေဖြင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ သည်။

Saturday, January 11, 2014

KIO ဌာနချုပ်ဒေသရှိ တပ်စခန်းတခုအား အစိုးရတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ် သိမ်းပိုက်

ဌာနချုပ် လိုင်ဇာမြို့ကို လုံခြုံရေးပေးနေတဲ့ KIA စခန်းတခု
ဗဟိုဌာနချုပ် လိုင်ဇာမြို့ KIA တပ်ရင်း ၁၈ ဒေသရှိ ဂျာအိန်ယန် (Ja Ing Yang) စခန်းအား အစိုးရတပ်များ တိုက်ခိုက်ပစ်ခတ်လာသောကြောင့် ယမန်နေ့ တင်္နလာနေ့ ညနေ ၅ နာရီကျော်ချိန်တွင် နောက်ဆုတ်လိုက်ကြောင်း လိုင်ဇာရှိ KIA အရာရှိတဦး အတည်ပြုပြောဆိုသည်။

Tuesday, January 7, 2014

ပြည်သူ့စစ်အဖွဲ့က သင်းထောက်ဆရာတဦးထံမှ မြေသိမ်းသည့်အပြင် ရိုက်နှက်ထိုးကြိတ်


ရွှေတူးဖော်ရန် လဆန်အောင်ဝါပြည်သူ့စစ်အဖွဲ့မှ အဓ္ဓမသိမ်းယူထားသော ဒေသခံ KBC အသင်းတော် သင်းထောက် LASAN LA RAW ပိုင် လယ်ကွင်းနဲ့ TE WAI NGA JAT YANG ရွာ၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်။

လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီး တဦးက ကချင်နှစ်ခြင်းခရစ်ယာန် (KBC) အသင်းတော်မှ သင်းထောက် တဦး၏ လယ်ယာမြေကို သိမ်းယူရုံမက လူကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

All JINGPAWS (KACHINS) agree common language

www.kachinnews.com www.burmese.kachinnews.com www.kahcin.kachinnews.com www.kachin-news.blogspot.com http://www.facebook.com/Kachin-News-Group

ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ ၁ လက်၊ ရိက္ခာကား ၁ စီး KIAမှ သိမ်းဆည်း

မြန်မာအစိုးရတပ်မှ KIA သိမ်းဆည်းရမိတဲ့ လက်နက်များ။


ကချင်ပြည်နယ် တောင်ပိုင်းတွင် မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြောသည်။

Friday, January 3, 2014

တိုင်းရင်းသား စာပေကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရန် တိုင်းရင်းသား ပါတီများ တောင်းဆို


ဇွန် ၁၁-၁၂၊ ၂၀၁၃ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း ညီလာခံ။

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation) က တိုင်းရင်းသားဘာသာစာပေကို အစိုးရကျောင်းတွင် သင်ရိုးညွှန်းတမ်းဖြင့်ထည့်တွင်း သင်ကြားပို့ချရန်နှင့် သန်းခေါင်စာရင်း လူမျိုး သတ်မှတ်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် ညှိနှိုင်းပေးရန် အပါအ၀င် အချက် ၇ ချက်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ပြောသည်။

ဆုတ်ခွာခဲ့သော စခန်းများသို့ အစိုးရ တပ်များ ပြန်လည် ၀င်ရောက်လှုပ်ရှား

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ရှေ့တန်းသို့ ချီတက်လာတဲ့ မြန်မာအစိုးရစစ်သားများ။


ကချင်ပြည်တောင်ပိုင်းဒေသ တပ်စခန်းများမှ ဆုတ်ခွာသွားသော မြန်မာစစ်တပ်ဖွဲ့များ ပြန်လည်လှုပ်ရှားလာသဖြင့် ရွာသားများ ပြန်လည် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Thursday, January 2, 2014

ကချင်ပြည်နယ် တပ်ရုတ်စဉ် ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်၊ အရာရှိ ၂ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုးဒေသမှ KIA စစ်သားများ။


ကချင်ပြည်နယ် တောင်ပိုင်းမန်စီမြို့နယ်ရှိ အစိုးရတပ်စခန်းများ ရုတ်သိမ်းသွားသော်လည်း ရှမ်းပြည်မြောက် KIA နယ်မြေများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိများက ပြောသည်။

ကချင် ဘုံသာသာစကား ဖော်ထုတ်ရန် ဆွေးနွေး

ဒီဇင်ဘာ ၃၀၊ ၂၀၁၃ ကချင် ဘုံဘာသာစကား သတ်မှတ်ရန်ကိစ္စ ဆွေးနွေးနေကြာပုံ။

နိုင်ငံတကာရှိ ကချင်အမျိုးသားများအားလုံး အသုံးပြုနိုင်မည့် ဘုံစာပေနှင့် စကားကို ဖော်ထုတ်သွားရေးအတွက် ကချင်အမျိုးသားများ စုဝေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။