Sunday, November 22, 2015

ရှမ်းမြောက် မုံးကို KIA တပ်ရင်း(၃၈)ကို အစိုးရတပ် တိုက်ခိုက်


မုံးကိုဒေသ KIA တပ်ဖွဲ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကို မြို့ (Mong Ko) အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၈) တပ်ဖွဲ့ ယနေ့ နံနက် အစောပိုင်း (၅)နာရီ ကျော်မှ မြန်မာအစိုးရတပ်များ စတင် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မုံးကို (Mong Ko) မြောက်ဘက် ဘန်လုံး လီဆူးရွာနှင့် ချင်းဆိုင် တရုတ်ရွာ ကြားမှာ ဖြစ်ပြီး ယခုသတင်းရေးသားနေချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည်ဟု မုံးကို (Mong Ko) ဒေသခံတဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် အစိုးရတပ်နှင့် KIA တပ်မဟာ(၈) တပ်ဖွဲ့များကြား နိုဝင်ဘာ ၁၅ မှ တိုက်ပွဲဖြစ်နေချိန် ယခု ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကို ဒေသမှာလည်း နှစ်ဖက်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပါသည်။


0 comments:

Post a Comment