Monday, August 8, 2016

KIO ဗဟို ဌာနချုပ် နယ်မြေမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်


ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေမှာ မြန်မာ အစိုးရတပ်နှင့် KIA ဗဟိုဌာနချုပ် လုံခြုံရေး တပ်ကြား သြဂုတ် ၇ရက် ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ရှောင်များ ရောက်လာချိန် အစိုးရ ဆေးရုံနှင့် ဆေးပေးခန်း ပိတ်ထား


ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လတ်တလော အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်များ ထွက်ပေါ်လာချိန် ဒေသတွင်း အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများ ပိတ်ထားပါသည်။

Tuesday, July 12, 2016

ရှမ်းမြောက် မုံးကို ဒေသတွင် အစိုးရ စစ်အင်အား တိုးချဲ့


ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကို ဒေသ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေတွင် အစိုးရတပ် စစ်အင်အား ယခင်ထက် ယခုလဆန်းပိုင်းမှ စပြီ သိသိသာသာ တိုးချဲ့ဝင်ရောက် လာမှုများ ရှိလာကြောင်း သိရပါသည်။

ပစ်သတ်ခံရသော ကချင်ကျောင်းသား အမှု သက်သေများကို စတင် စစ်ဆေး


အစိုးရတပ်မတော်သား ၂ ဦး ပစ်သတ်လိုက်သည့် ကွန်ပျူတာကျောင်းသားတစ်ဦး အမှုနှင့် ပတ်သက်ပြီး တရားလို တရားခံ နှစ်ဖက် သက်သေများကို ဇူလိုင် ၁၁ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် ပထမဆုံးအကြိမ် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

Monday, July 11, 2016

မိုင်ဂျာယန် အစည်းအဝေး ‘၂၁ ရာစု ပင်လုံ ညီလာခံ’ မှာ အဓိက ကျမည်



တိုင်းရင်းသား အခွင့်အရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ဦးဆောင်ကျင်းပသည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ကျင်းပမည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး၏ သဘောတူညီချက် သည်သာ ၂၁ ရာစုပင်လုံ ညီလာခံမှာ အဓိက ကျမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ က ပြောပါသည်။

ကချင်ပါတီများ ပူးပေါင်းရေး ကော်မတီမှ လုပ်ငန်း ဌာန (၅)ခု ဖွဲ့စည်း


လက်ရှိ ကချင် နိုင်ငံရေး ပါတီ (၃)ခု ပါဝင်သည့် ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) သည် လက်တွေ့ လုပ်ငန်းဆောင်ရွက်ရန် အတွက် အရေးကြီးသည့် ဌာန (၅)ခုကို ဖွဲ့စည်းလိုက်သည်။

Friday, July 8, 2016

စစ်ရေး လှုပ်ရှားလာသော အစိုးရတပ်ကို KIA ခုခံ တိုက်ခိုက်


မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် ကန်တော်ယန် ကျေးရွာ (Gang Dau Yang) အနောက်ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA နယ်မြေ အတွင်း စစ်ရေးလှုပ်ရှားလာသည့် အစိုးရတပ်ကို ဇူလိုင် ၇ ရက်၊ ယမန့်နေ့ မွန်းလွဲပိုင်းက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

Thursday, July 7, 2016

တနိုင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ



ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် အတွင်း ယခုအပတ် အစောပိုင်းမှ စပြီး မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနိုင်းမြစ် ရေမြင့်တက်လာသဖြင့် ဒေသခံပြည်သူ့များ ဒုက္ခရောက်နေကြပါသည်။

Wednesday, July 6, 2016

ရှေ့တန်းမှ အစိုးရတပ် အတွင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွား


ကချင် ဒေသ ရှေ့တန်းမှ အစိုးရတပ် အတွင်း စစ်သား တဦးမှ ၎င်းအထက် ဗိုလ်ကြီး (၁)ဦးနှင့် အခြားတပ်သား (၃)ဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးမှု ဇူလိုင် (၅) ရက် ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တပ်ရင်း (၆) တိုက်ပွဲ ပြန်ဖြစ်



ကချင်ပြည်နယ် ကျောက်စိမ်းမှော် ဖားကန့်မြို့ အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယနေ့မနက်မှ စပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။

Tuesday, July 5, 2016

လီဆူ ပြည်သူ့စစ် ခေါင်းဆောင်များကို KIO ခေါ်ယူ တွေ့ဆုံ နေ



လီဆူ ပြည်သူ့စစ်အဖွဲ့ ထပ်မံ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အကျိုးအကြောင်း သိရှိရန် သက်ဆိုင်ရာ လီဆူ အမျိုးသား ခေါင်းဆောင်များကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ခေါ်ယူ တွေ့ဆုံ နေကြောင်း သိရသည်။

Monday, July 4, 2016

မုံးကိုသို့ တက်လာသည့် အစိုးရစစ်ကြောင်းကို KIA မိုင်းဖြင့် တိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) မုံးကို ဒေသသို့ မုန်ဘော်ဘက်မှ တက်လာသော အစိုးရ စစ်ကြောင်းကို လမ်းခုလပ်တွင် KIA တပ်ဖွဲ့များ ဇူလိုင် ၂ ရက် စနေနေ့ ညနေပိုင်းတွင် မိုင်းဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစိုးရတပ် အကျအဆုံး များခြင်းမှ KIA ကို အင်အားသုံး တုံ့ပြန်ရန် ပြင်ဆင်နေ



ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟို ဌာနချုပ် လိုင်ဇာ အနီး နမ်ဆန်ယန် တစ်ဝိုက် တပတ်ကျော် တိုက်ခိုက်မှုတွင်း အစိုးရတပ်ဘက် ကျဆုံးမှုများသည့် အတွက် KIA ကို အင်အားကြီးဖြင့် ပြန်လည် တိုက်ခိုက်ရန် အခြေအနေရှိနေကြောင်း သိရပါသည်။

Friday, July 1, 2016

KIA ဌာနချုပ် အနီး အစိုးရတပ်နှင့် တိုက်ပွဲ တပတ်ကြာ ဖြစ်ပွား နေ


ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား လိုင်ဇာ ဗဟိုဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ယနေ့ ဇူလိုင် ၁ ရက်နေ့မှာ တပတ် ရောက်လာပြီ ဖြစ်သည်။

Thursday, June 23, 2016

ကချင် ဒေသ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အမေရိကန် အစိုးရ ကို တင်ပြ


ကချင်အမျိုးသားများ၏ လက်ရှိနိုင်ငံရေးအခြေနေနှင့် လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှု တို့နှင့် ပတ်သက်ပြီး အကြီးဆုံး ကချင်ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များက အမေရိကန်အစိုးရကို ဇွန်လ ၂၁ ၊ ၂၂ ရက်နေ့ ဝါရှင်တန်မြို့တော် တွင် တွေ့ဆုံစဉ် တင်ပြခဲ့ပါသည်။

Wednesday, June 22, 2016

ဂွမ်ဆိုင်းအောင် ပစ်သတ်ခံရမှု အရေးယူပေးရန် တက္ကသိုလ်နှင့် လူငယ် (၇)ဖွဲ့ တောင်းဆို


ကချင် တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် (Gum Seng Awng) ပစ်သတ်ခံရမှု အပေါ် ပစ်မှုကျူးလွန်သော အစိုးရ စစ်သား နှစ်ဦးကို တရားမျှတစွာ အရေးယူပေးရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် လူငယ်အဖွဲ့ (၇)ဖွဲ့မှ ဇွန် ၂၂၊ ယနေ့ သဘောထား ထုတ်ပြန်ချက်ဖြင့် တောင်းဆို လိုက်ပါသည်။

အစိုးရ ‘ရက် (၁၀၀) စီမံကိန်း’ ခေတ္တ ဆိုင်းငံ့ရန် ကချင်အမျိုးသားများ တောင်းဆို


အစိုးရ အဖွဲ့သစ် ၏ “ရက် (၁၀၀) စီမံကိန်း” ခေါ် “ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြေချသူများအား အိမ်ထောင်စု စာရင်း ထုတ်ပေးခြင်း” စီမံချက်ကို ခေတ္တဆိုင်းငံ့ထားရန် ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ (WMR) မှ ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို ဇွန် ၂၀ ရက်စွဲဖြင့် တောင်းဆို လိုက်သည်။

ပစ်သတ်ခံရသော ကချင် ကျောင်းသား ကိစ္စ အမေရိကန် အစိုးရ ကို တင်ပြ မည်


မြန်မာ အစိုးရ စစ်သားများ၏ မတရား ပစ်သတ်ခံရသော ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် (Gum Seng Awng) ကိစ္စ အမေရိကန် အစိုးရ အရာရှိများနှင့် ကချင် ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များ ယနေ့ ၀ါရှိန်တန် မြို့တော်တွင် တွေ့ဆုံစဉ် တင်ပြသွားမည်ဖြစ်သည်။

Tuesday, June 21, 2016

ကချင် ကျောင်းသား တဦး ပစ်သတ်ခံရမှု ပေါ် အစိုးရနှင့် တပ်မတော် ကို ဆန္ဒပြ


ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် အား အစိုးရ စစ်သား တစ်ဦး တနင်္လာနေ့ ည က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းပေါ် ကျောင်းသားနှင့် လူထု ဆန့်ကျင် ဆန္ဒပြပွဲကို ယနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

Sunday, June 19, 2016

ရှမ်းမြောက် အစိုးရ တပ်စခန်း ကို KIA တပ်မဟာ (၆)မှ တိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းယာ နှင့် မုန်းကို ကြားမှာရှိသည့် ဘန်လွမ်းဘွမ် (Bang Lum Bum) တောင် အစိုးရ တပ်စခန်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆)မှ တပ်ဖွဲ့များ ယနေ့ ဇွန် ၁၉ ရက်၊ ညနေ ၇ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ခဲ့ပါသည်။

Saturday, June 18, 2016

ဘိန်း ဖျက်ခံ ကျေးရွာများကို အသင်းတော်မှ အကူအညီ ပေး


ယခု နှစ်ဆန်းပိုင်း ဝိုင်းမော်မြို့နယ် ဘိန်းခင်း ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာအချို့အား လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ဝိုင်းမော် ခရစ်ယာန် ဂိုဏ်းပေါင်းစုံအဖွဲ့မှ ယမန်နေ့က ရှငေါ် ကျေးရွာ (Shangaw Mare) တွင် စုပေါင်း ပေးအပ်ခဲ့ပါသည်။

Friday, June 17, 2016

ပြည်သူ့စစ် အဖွဲ့၏ မြေသိမ်းမှု ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား


မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု၊ ဒွမ်ဂန် ရွာသားများ လုပ်ကိုင်စားသောက်နေသည့် ယခင် ၄င်းတို့၏ ရွာဟောင်း မုတ်ရင်ရွာရှိ ခြံမြေများကို ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ မတရား သိမ်းဆည်းမှုများ ပြုလုပ်လာသဖြင့် ယင်းကိစ္စ အရေးယူပေးရန် ရွာသားများ က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ယခုလ ဇွန် ၁၀ ရက်နေ့ တိုင်ကြားခဲ့သည်။

Wednesday, June 15, 2016

ရွှေလီမြို့ တရုတ်ရဲများ မြန်မာနိုင်ငံသားများ ကို ဆက်လက် ဖမ်းဆီး နေ


တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တရုတ်ရဲများ က တရားမဝင် မြန်မာနိုင်ငံသားများကို မေလ နောက်ဆုံး အပတ်မှ စပြီး ယခုထိ ဖမ်ဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရပါသည်။

Tuesday, June 14, 2016

အစိုးရ မူ အုပ်မှ ဒေသခံ နယ်မြေကို မတရား သိမ်းပိုက် ထား


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု လွယ်ကုန်ရွာတွင် ဒေသခံများ၏ နယ်မြေကို မူလတန်း ကျောင်းအုပ် ဆရာကြီးက “မြေလွတ်မြေရိုင်း” ဟု ဆိုကာ မတရား သိမ်းပိုက်နေကြောင်း သိရပါသည်။

Thursday, June 9, 2016

ကချင်ဒေသ တစ်ကျော့ပြန် တိုက်ပွဲ (၅)နှစ်ပြည့် အခမ်းအနား ကျင်းပ


ကချင်ဒေသ တစ်ကျော့ပြန် စစ် ဖြစ်ခြင်း (၅) နှစ်ပြည့် အစီစဉ်များကို ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မနောကွင်းကြီး တွင် လူပေါင်း တစ်သောင်းကျော် ပါဝင် ကျင်းပ ခဲ့ပါသည်။

Wednesday, June 1, 2016

၂၁ ရာစု ပင်လုံအစည်းအဝေး ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်း


၂၁ ရာစု ပင်လုံအစည်းအဝေးလုပ်ရန် အကြိုပြင်ဆင်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းလိုက်ကြောင်း မေလ ၃၁ ရက်နေ့တွင် အစိုးရက ထုတ်ပြန်လိုက်ပါသည်။

Tuesday, May 31, 2016

ရွှေလီ တွင် တရားမဝင် မြန်မာ နိုင်ငံသားများကို စီစစ် ဖမ်းဆီးနေ


တရုတ်အာဏာပိုင်များက မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ရွှေလီတွင် မြန်မာနိုင်ငံသား အလုပ်သမားများကို ယခု ရက်ပိုင်း မှ တင်းတင်းကြပ်ကြပ် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရပါသည်။

သဘာဝ ဘေးဒဏ်ခံ ခေါင်လန်ဖူး ဒေသ စားနပ်ရိက္ခာ အကူအညီ လိုအပ် နေ


ကချင်ပြည်နယ် ပူတာအိုခရိုင် တောင်တန်းပေါ်ရှိ ခေါင်လန်ဖူးမြို့နယ်တွင် ဧပြီလဆန်းမှ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးဒဏ်ကြောင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သိရပါသည်။

Friday, May 27, 2016

မှုခင်း ဆရာဝန် လိမ်လည် ထွက်ဆို မှုကြောင့် တရားခံများ လွှတ်မြောက်



ဒေသခံနှင့် ဆောက်လုပ်ရေးအဖွဲ့ အလုပ်သမားများ အချင်းများ ရန်ဖြစ်ရာမှ ဒေသခံ ဂျတ်နော်လီ (၁၈) နှစ် သေဆုံးမှုတွင် မှုခင်း ဆရာဝန်၏ လိမ်လည်ထွက်ဆိုမှုကြောင့် တရားခံများ လွှတ်မြောက်သွားသည် ဟု သေဆုံးသူ၏ ဖခင် က ဆိုသည်။

အစိုးရ ပြည်သူ့စစ်မှ တာလောကြီး တွင် လယ်ယာမြေ သိမ်းပိုက်နေ


ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်ခေတ္တ စွန့်ခွာသွားသည့် တာလောကြီး ပြည်သူများ၏ လယ်ယာမြေများကို ယင်းဒေသ အစိုးရ ပြည်သူ့စစ်အဖွဲ့မှ ခွဲဝေ သိမ်းပိုက်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

Thursday, May 26, 2016

အစိုးရ အဖွဲ့သစ် အောက်မှာလည်း တိုက်ပွဲ ပိုပြင်းထန်နိုင်ကြောင်း KBC ပြော


မြန်မာ အစိုးရသစ် လက်ထက်တွင်လည်း ယခင်အစိုးရ နည်းတူ ကချင်ဒေသတွင်း တိုက်ပွဲ ပိုမို ပြင်းထန် လာဖွယ်ရှိကြောင်း ကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ၎င်း၏ ပြည်တွင်း ပြည်ပ အသင်းတော်များ သို့ မေလ ၂၄ ရက်နေ့ အသိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်။

Wednesday, May 25, 2016

မံစီမြို့နယ် အတွင်း အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွား


ကချင်ပြည်နယ် မံစီမြို့နယ်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား နေ့တိုင်း လိုလို တိုက်ပွဲများ ဖြစ်ပွား နေပါသည်။

အစိုးရတပ်မှ ငှက်ပျောခြံ နေ့စား ၂ ဦး ကို KIA မသင်္ကာမှုနှင့် ဖမ်းဆီး နှိပ်စက်


ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်ရှိ နမ့်ဆန်ယန်တွင် အစိုးရ တပ်မတော်သား များက ငှက်ပျောခြံ နေ့စား အလုပ်သမား ၂ ဦးကို မသင်္ကာမှုနှင့် ယမန်နေ့ က ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း သိရသည်။

Tuesday, May 24, 2016

KBC ဆရာမ ၂ ဦး အမှု တရားမျှတ ရေး အစိုးရကို ထပ်မံ တောင်းဆို


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)မြို့ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင် ဆရာမ နှစ်ဦး အမှုနှင့် ပတ်သက်ပြီး KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့ မှ မေလ (၁၈) လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှုးရုံး တွေ့ဆုံမှုတွင် အစိုးရကို အချက် ၂ ချက် ထပ်မံ တောင်းဆိုခဲ့သည်။

မန်ပင်း တိုက်ပွဲကြောင့် စစ်ပြေး ရွာသားများ အကူအညီ လိုအပ် နေ


အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကို (Munggu) ဒေသတွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေသောကြောင့် စစ်ပြေးဒုက္ခသည် (IDPs) များ အကူအညီ လိုအပ်နေပါသည်။

Sunday, May 22, 2016

အစိုးရတပ်မှ ရှမ်းမြောက် မန်ပင်းရွာ ကို မီးရှို့

အစိုးရတပ်မှ ရှမ်းမြောက် မန်ပင်းရွာ ကို မီးရှို့


ရှမ်းပြည်နယ်မြောက်ပိုင်း ဖာင်းဆိုင်ကျေးရွာ (Hpawng Seng) အနီး မန်ပင်းရွာ (Man Ping) ကို မေ ၂၂၊ ယနေ့ ညနေ ၅ နာရီခွဲခန့် အစိုးရတပ်မှ မီးရှို့ခဲ့ကြောင်း သိရပါသည်။

Thursday, May 19, 2016

အစိုးရတပ် နှင့် KIA သီးခြား ဒေသ နှစ်ခု တွင် တိုက်ပွဲ ဖြစ်ပွား

အစိုးရတပ် နှင့် KIA သီးခြား ဒေသ နှစ်ခု တွင် တိုက်ပွဲ ဖြစ်ပွား

မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ နှစ် ခုတွင် မေ ၁၉၊ ယနေ့ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

Wednesday, May 18, 2016

ကချင် ဆရာမ ၂ ဦး အမှု စစ်ကြောင်းမှူးအား စစ်မေးခွင့် မရခဲ့

ကချင် ဆရာမ ၂ ဦး အမှု စစ်ကြောင်းမှူးအား စစ်မေးခွင့် မရခဲ့

ကချင် စေတနာ့ ဝန်ထမ်း ဆရာမ နှစ်ဦး အတင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံထားရသော မြန်မာစစ်တပ် ခမရ (၅၀၃) စစ်ကြောင်းမှူး သည် ယနေ့ လားရှိုး ခရိုင်ရဲတပ်ဖွဲ့ရုံး သို့ လာရောက်ခဲ့သော်လည်း KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့နှင့် မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။

မံစီမြို့နယ် KIA တပ်ရင်း (၂၇) ကို အစိုးရ ရဟတ်ယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်

မံစီမြို့နယ် KIA တပ်ရင်း (၂၇) ကို အစိုးရ ရဟတ်ယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်

ယနေ့ တဖန် အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) ကို ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် အတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ကြောင်း သိရပါသည်။

Tuesday, May 17, 2016

KIA ကို အစိုးရ ဂျက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်

KIA ကို အစိုးရ ဂျက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်


ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) စခန်း ပစ်မှတ်များ ကို အစိုးရတပ်မှ ယနေ့ ဂျက်တိုက် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား နေ

အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား နေ

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် ကြား ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၂၇) နယ်မြေမှာ ယနေ့ သုံး ရက်မြောက် တိုက်ပွဲဖြစ်ပွားနေပါသည်။

Monday, May 16, 2016

NDF ပါတီမှ ဒေါ်ဘောက်ဂျာ ဘာကြောင့် နှုတ်ထွက် သွား သလဲ

NDF ပါတီမှ ဒေါ်ဘောက်ဂျာ ဘာကြောင့် နှုတ်ထွက် သွား သလဲ

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ သည် သူမ၏ ပါတီမှ အပြီးအပိုင် ရပ်နားလိုက်ခြင်းမှာ အဓိက အကြောင်းရင်း ၄ ခု ရှိကြောင်း ပြောပါသည်။

Sunday, May 15, 2016

ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ

ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ

မေ ၁၅၊ ယနေ့ မနက် ၇ နာရီခန့်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းကြောင်း ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

Friday, May 13, 2016

ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော

ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော

အစိုးရတပ်မှ မေလ ၁၀ နေ့က စစ်အင်အား အလုံးအရင်းနှင့် သိမ်းပိုက်လိုက်သော ဖားကန့် ကျောက်စိမ်းမှော် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ စခန်း ကို ပြန်လည် တိုက်ယူမည် ဟု KIA က ပြောပါသည်။

ကချင် ဆရာမ နှစ်ဦး အမှု ခမရ (၅၀၃) စစ်ကြောင်းမှူး ကို စစ်ဆေး တော့မည်

ကချင် ဆရာမ နှစ်ဦး အမှု ခမရ (၅၀၃) စစ်ကြောင်းမှူး ကို စစ်ဆေး တော့မည်

ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး မ မရန် လုရာ (Maran Lu Ra) နှင့် မ တန်ဘောင် ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့အား ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးရွာ (Kawng Hka) ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည တွင် လူတစ်စုမှ အတင်းအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုပေါ် ကျူးလွန်သူဟု သံသယရှိသူ အစိုးရတပ် ခမရ (၅၀၃) စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့် ကို စစ်ဆေးခွင့် ရတော့မည် အကြောင်း သိရပါသည်။

Tuesday, May 10, 2016

ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဆက်ဖြစ် နေ

ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဆက်ဖြစ် နေ
ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား မေ ၁၀၊ ယနေ့ မနက်ပိုင်းမှ တဖန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Monday, May 9, 2016

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား

အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်ရင်း ၂ ကြား ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ နှင့် မုန်းစီး ကြား မန်ရန်း (Man Yen) အနီးတွင် မေ ၈၊ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် အချိန် ခဏကြာ တိုက်ပွဲဖြစ်ခဲ့ပါသည်။

အစိုးရတပ်နှင့် ဖားကန့် KIA တပ်ရင်း (၆) နေ့စဉ် လိုလို တိုက်ပွဲ ဖြစ်ပွားနေ

အစိုးရတပ်နှင့် ဖားကန့် KIA တပ်ရင်း (၆) နေ့စဉ် လိုလို တိုက်ပွဲ ဖြစ်ပွားနေ

ကချင်ပြည်နယ် ကျောက်စိမ်းထွက်သော ဖားကန့်မြို့နယ်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ကြား တိုက်ပွဲသည် နေ့စဉ်လိုလို ဖြစ်ပွားနေသည့် အခြေအနေတွင် ရှိနေဆဲပင်ဖြစ်ပါသည်။

Saturday, May 7, 2016

တာလောကြီး-ဟူးကတ် ဘက် အစိုးရတပ် နှင့် KIA ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား နေ


ယခု တဖန် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ ကြား နေ့စဉ် လိုလို တိုက်ပွဲများ ဖြစ်ပေါ်လာချိန် ဧရာဝတီမြစ် တလျှောက် တာလောကြီး၊ ဟူးကတ် ဘက်တွင်လည်း အချိန်တို ထိတွေ့ တိုက်ပွဲများ ဖြစ်ပွား နေပါသည်။

Friday, May 6, 2016

ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿ နာ ပြန် ဖြစ်လာ


ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿနာပြန် ဖြစ်လာ

မေလ ၄ ရက်နေ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမပေါ်ရှိ နောင်းမီ (Nawng Mi) ကျေးရွာအုပ်စုမှာ မြေယာကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတောင်သူများနှင့် ယုဇန ကုမ္ပဏီ တို့ဖြစ်ပွားခဲ့သည့် အရေးပေါ် ပြဿ      နာကို မနက်ဖြန် ဖားကန့်မြို့နယ် တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းမည် ဖြစ်ပါသည်။