Saturday, August 31, 2013

မစၥတာနမ္ဘီးယား၏ ကချင်ပြည်နယ်ခရီးစဉ်သည် အစိုးရနှင့် KIO ငြိမ်းချမ်းရေးအလားအလာ လာရောက် လေ့လာခြင်းဖြစ်

Aug. 28 နေ့ KIO လိုင်ဇာမြို့သို့ ရောက်လာတဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား ၏ ကချင်ပြည်နယ်သို့ သုံးရက်တာ ခရီးစဉ်အတွင်း အဓိကလာရောက်ခြင်းသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ချိန် သဘောတူညီခဲ့သောအချက်များကို လိုက်နာဆောင်ရွက်မှု အခြေအနေတိုးတက်မှုရလဒ်အား အဓိကလာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

လိုင်ဇာ တရုတ်ဘာသာစကား အမျိုးသားကောလိပ် မကြာမီဖွင့်လှစ်မည်

ဇွန်လ ၂၂ ရက်နေ့ လိုင်ဇာမြို့ ဝန်ဂျတ် (Wun Jat) ခန်းမတွင် ပထမနှစ်ကျောင်းသားများ တရုတ်စကား ကျပန်းပြော ပြိုင်ပွဲ ကျင်းပနေပုံ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့တွင် တရုတ်ဘာသာ စာ၊ စကား အမျိုးသားကောလိပ်ကျောင်းအဖြစ် စက်တင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီး လူသစ်များလည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်းသိရသည်။

Friday, August 30, 2013

မြစ်ကြီးနားဒေသခံ လူငယ် ၂ ဦး အမည်မသိလူအုပ် ရိုက်နှက်ခံရ

မြစ်ကြီးနားလမ်းမပေါ်မှ လုံခြုံရေးဂိတ်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် သြဂုတ်လအတွင်း ဒေသခံ အမျိုးသား ၂ ဦးကို အမည်မသိ လုပ်အုပ်၏ ရိုက်နှက်မှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Thursday, August 29, 2013

တိုက်ပွဲများ ဆက်လက်တင်း မာပါက နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု တွင် ထိခိုက်နိုင်




ကချင်ဒေသ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုပေါ် တိုက်ရိုက်ထိခိုက်လာ စေနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင် ဆရာကြီးဆွမ်လွတ်ဂမ်က ပြောသည်။

Wednesday, August 28, 2013

ကုလအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား ကချင်ပြည်နယ် မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ အရောက်လာ

သြဂုတ် ၂၈၊ ၂၀၁၃ KIO လိုင်ဇာမြို့သို့ အလည်ပတ်ရောက်လာတဲ့ ကုလအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား။

မြန်မာနိုင်ငံသို့ တိတ်တဆိတ်ရောက်လာသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) သည် ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာကာ KIO ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဒုက္ခသည်စခန်းများကို ကြည့်ရှုခဲ့သည်။

မြစ်ကြီးနား၊ ၀ိုင်းမော် မီးပြတ်တောက်နေ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တွင်ဖြန့်ဖြူးပေးနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မလိချောင်း ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ရေအောက်ပိုင်း ပိုက်လိုင်းနှင့် စက်ပစ္စည်းချို့ယွင်းမှုဖြစ်ပေါ် နေသောကြောင့် သြဂုတ်လ ဒုတိယအပတ်မှစ၍ ယခုချိန်ထိ မီးပြတ်တောက်နေပြီး ဒေသခံများ အခက်ခဲရင်ဆိုင်နေရကြောင်းသိရသည်။

Thursday, August 22, 2013

ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) စတင်တည်ထောင်

KSDP ပါတီမှ လာမည့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေတဲ့ ဒေါက်တာတူးဂျာ။

လာမည့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ကိုယ်စားပြုပါတီတခုအဖြစ်ရပ်တည်ကာ ပါဝင်နိုင်ရန် ဒေါက်တာ တူးဂျာဦးဆောင်၍ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ကို တည်ထောင်လိုက်ပြီး ယခုအပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

Wednesday, August 21, 2013

ဒုက္ခသည်များနေရပ် ပြန်နိုင်ဦးမည်မဟုတ်

အစိုးရထိန်းချုပ်တဲ့ မြစ်ကြီးနားမြို့အနီး ၀ိုင်းမော်ဒုက္ခသည်ခန်းမှ အမျိုးသမီးတဦး။


နိုင်ငံတော်အစိုးရနှင့် ကချင်လက်နက်ကိုင်များကြား တင်းမာနေသောစစ်ရေးပဋိပက္ခ အခြေအနေသည် အရှိန်လျှော့သဖွယ်ရှိသော်လည်း ချုပ်ငြိမ်းသွားခြင်းမရှိသေးသောကြောင့် စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်နိုင်မည်မဟုတ်ကြောင်း ဒုက္ခသည်ကော်မတီမှသိရသည်။

Tuesday, August 20, 2013

စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြန့်ကြာစေ

ကချင်ပြည်နယ် အရှေ့ဘက် ကန်ပိုင်တီလမ်းသို့ ချီတက်လာသော မြန်မာအစိုးရစစ်သားများ။

နိုင်ငံတော်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးဖြေရှင်းနိုင်ရန် နှစ်ဖက်အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ချိန် စစ်ရေးလျှော့ချရန်သဘောတူညီခဲ့သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်အကောင်ထည်ဖော်ရန် ကြန့်ကြာစေသည်။

အမျိုးသမီးများ ‘အမျိုးသမီးအဖွဲ့လုပ်ငန်း’ တွင် ပါဝင်လာရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်း

၃၅ နှစ်မြောက် KIO အမျိုးသမီးများနေ့ လိုင်ဇာမြို့တွင် ကျင်းပနေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာမြို့တွင် ၃၅ နှစ်မြောက် KIO အမျိုးသမီးများနေ့ အခမ်းနားကို သြဂုတ် ၁၉ တနင်္လာနေ့က ကျင်းပခဲ့ရာ အမျိုးသမီးများ အမျိုးသမီးများအဖွဲ့၏ လုပ်ဆောင်ချက်လုပ်ငန်းများတွင် ပိုမိုနားလည်ပါဝင်လာနိုင်ရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်းလိုက်သည်။

Monday, August 19, 2013

ချီဖွေဒေသ KIA တပ်ရင်း ၁၀ သို့ အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းထိုးစစ်ဆင် တိုက်ပွဲဖြစ်

မြစ်ကြီးနားမြို့တွင် လုံခြုံရေးယူနေတဲ့ နယ်ခြားစောင့်တပ် (ဘယ်) နဲ့ မြန်မာစစ်သား။


ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၁) ဒေသ လက်အောက်ခံ တပ်ရင်း (၁၀) တွင် အစိုးရတပ်နှင့်နယ်ခြားစောင့်တပ်များပူးပေါင်း၍ သြဂုတ်လ ၁၇ ရက်နေ့မှ ထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်တွင် ထပ်မံဖြစ်ပွားနေကြောင်းသိရသည်။

Wednesday, August 14, 2013

စာသင်ခန်း ထိုင်ခုံအခက်ခဲကြောင့် မိုးကာခင်း၍သင်နေရ

လိုင်ဇာအနီး WOICHYAI ဒုက္ခသည် ကျောင်း။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ထားရသည့် ဒုက္ခသည် IDP ကျောင်းတွင် စာသင်ခန်းနေရာထိုင်ခင်းများ အခက်ခဲဖြစ်နေသောကြောင့် မိုးကာများအသုံးပြုနေရကြောင်းသိရသည်။

Thursday, August 8, 2013

မြစ်ကြီးနားတက္ကသိုလ်တွင် မူးယစ်ဆေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှု ပါချုပ်ကြီး ပိတ်ပင်ခံရ

မြစ်ကြီးနား တက္ကသိုလ် ပါချုပ်ကြီးမှ ပိတ်ပင်တဲ့ JLH RAM HKYE ရဲ့ စာစောင်။

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကချင်ကျောင်းသားများအဖွဲ့(JLH Ram Hkye) အဖွဲ့များမှ သြဂုတ်လ ၆ ရက်နေ့က တက္ကသိုလ်ကျောင်းရှေ့တွင် လူငယ်များမူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်ဝေခဲ့ရာ တက္ကသိုလ်ကျောင်းအုပ် ပါချုပ်ကြီး၏ တားမြစ်ပိတ်ပင်မှုကြောင့် ရပ်လိုက်ရကြောင်း သိရသည်။

Tuesday, August 6, 2013

အစိုးရနှင့် တိုက်ပွဲ KIA ၁ ဦးကျ ၁ ဦးဒဏ်ရာရ

ပန်ဆိုင်း (ကြူကုတ်) ဒေသမှ KIA တပ်ဖွဲ့များ။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မုန်ဂိုးဒေသတွင် ယမန်နေ့ သြဂုတ် ၄ ရက်နေ့ည ကွတ်ခိုင်ဘက်မှ လှုပ်ရှားလာသော အစိုးရတပ်နှင့် KIA တပ်ရင်း ၃၆ တပ်ခွဲ (၂) ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

Monday, August 5, 2013

အစိုးရ၏ ဒုက္ခသည်ပပျောက်ရေး စီမံချက်ဖြင့် ဆောက်လုပ်ပေးသော အိမ်ယာသို့ နေထိုင်ရန် ဆန္ဒမရှိသူ များ

ကချင်ပြည်နယ် အစိုးရ၏ ဒုက္ခသည်ပပျောက်ရေးစီမံချက်ဖြင့် ဆောက်လုပ်ပေးသော အိမ်ယာသစ်၊ ပလန ရပ်ကွက်။

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးဌာနမှ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဒုက္ခသည်များအား ညွှန်ကြားလာသည့် တန်ဖိုးနည်း အိမ်မြေယာ စီမံကိန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံတွင် ဒုက္ခသည် အများပိုင်းမှာ ထိုနေရာတွင် နေထိုင်လိုသည့်ဆန္ဒမရှိကြောင်း လက်မှတ် ရေးထိုးကြသည်ဟု သိရသည်။

Saturday, August 3, 2013

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဋ္ဌဒေါ်ဘောက်ဂျာ၏ အမှု ရုံးချိန်းရက်ရွှေ့ ဖုန်းကိုင်ဆောင်ခွင့်လည်း ပိတ်ပင်ခံရ

အဖမ်းခံနေရတဲ့ NDF ပါတီ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဇူလိုင် ၂ ရက် ယမန်နေ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးရန် ဖြစ်သော်လည်း ဖားကန့်တရားရုံးမှ အရေးပေါ်အစည်းဝေးကြောင့် ရက်ရွှေ့ဆိုင်းထားလိုက်ပြီး ဒေါ်ဘောက်ဂျာအား မီဒီယာများနှင့် ဆက်သွယ်မှုကြောင့် ဖုန်းကိုင်ဆောင်ခွင့်လည်း ပိတ်ပင်ထားကြောင်း သိရသည်။

Friday, August 2, 2013

မိုးတွင်းဖြစ်တတ်သော ရောဂါများ ၅ နှစ်အောက်ကလေးငယ်များတွင် အဖြစ်များ

မြစ်ကြီးနား ဆေးရုံ။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မိုးတွင်းကာလဖြစ်လေ့ဖြစ်ထရှိသည့် ဖျားနာမှုများသည် ယခုချိန် ၅ နှစ် အောက်ကလေးငယ်များတွင် အများဆုံးဖြစ်ပွားနေကြောင်း ဒေသခံများပြောသည်။

Thursday, August 1, 2013

မူးယစ်ဆေးဝါး သုံးစွဲသူ ၆၀ ကျော်ကို KIO ဖမ်းဆီး အရေးယူထား

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်အတွင်း ဘီးခင်းတခုမှ တရုတ်အမျိုးသား ၂ ဦးကို KIA စစ်သားများ ဖမ်းဆီးနေစဉ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဗဟိုဌာနချုပ်တ၀ိုက် KIO ၏ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက်အရ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကိုအရေးယူခဲ့ရာ ယခုချိန် ၆၀ ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။