Tuesday, July 12, 2016

ရှမ်းမြောက် မုံးကို ဒေသတွင် အစိုးရ စစ်အင်အား တိုးချဲ့


ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကို ဒေသ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေတွင် အစိုးရတပ် စစ်အင်အား ယခင်ထက် ယခုလဆန်းပိုင်းမှ စပြီ သိသိသာသာ တိုးချဲ့ဝင်ရောက် လာမှုများ ရှိလာကြောင်း သိရပါသည်။

အစိုးရတပ်မ ၉၉ သည် လွန်ခဲ့သည့် ၃ ရက်ခန့်ပင် မုန်ဘော်နှင့် မုံးကိုကြားရှိ ၄င်း၏ တပ်များကို ရိက္ခာပို့ဆောင် မှုများ အဆက်မပြတ် လုပ်နေကြောင်း မုံးကိုးဒေသခံ တစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“အခု တလောပဲ ကား (၇)စီးနဲ့ မြင်းနဲ့ လာပြီး ယိန်းလာဘွမ် (Ying La Bum) တောင်မှ ရိက္ခာနဲ့ လူအင်အားလာဖြည့်တယ်။ ဇူလိုင် ၉ ရက်နေ့ လောက်တုန်းကတော့ မြင်း ၂၂ ကောင်နဲ့ ၃ ရက် ဆက်တိုက် ရိက္ခာ တင်ကြတယ်လို့ ပြောတယ်။”

ထို့အပြင် ယခင် တပ်စွဲထားခြင်း မရှိသည့် နေရာတွင်လည်း အစိုးရတပ်ဘက်မှ နေရာယူမှုတွေ ရှိလာနေ ကြောင်း မုံးကို ဒေသခံက ဆက်ပြောသည်။

“အရင်ကလည်း သွားနေကျပါပဲ ဒါပေမယ့် အခုကတော့ အဲဒီ ဒွမ်ဒူ့ဘွမ် (Dumdu Bum) တောင်မှာ သူတို့ နေရာ ယူထားတယ်လို့ ကြားတယ်။”

KIA တပ်ရင်း (၃၆)နှင့် (၃၈) နယ်မြေ မုံးကိုး ဒေသအတွင်း ယခင် အစိုးရတပ် အင်အား ၃၀၀ ခန့်ရှိရာမှ ဇူလိုင်လမှ စပြီး ၆၀၀ ကျော်သွားပြီ ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦးက ပြောပါသည်။ လက်ရှိ KIA တပ်မဟာ ၆ နယ်မြေ တခုလုံးတွင် အစိုးရတပ် စစ်အင်အား ၁၀၀၀ ကျော် ရှိနေကြောင်းလည်း သူကပြောသည်။


0 comments:

Post a Comment