Tuesday, June 14, 2016

အစိုးရ မူ အုပ်မှ ဒေသခံ နယ်မြေကို မတရား သိမ်းပိုက် ထား


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု လွယ်ကုန်ရွာတွင် ဒေသခံများ၏ နယ်မြေကို မူလတန်း ကျောင်းအုပ် ဆရာကြီးက “မြေလွတ်မြေရိုင်း” ဟု ဆိုကာ မတရား သိမ်းပိုက်နေကြောင်း သိရပါသည်။

ပန်ကိုင်ကျေးရွာအုပ်စုသည် ပြည်ထောင်စုလမ်းမကြီးဘေး ၁၉၉၂ ခုနှစ်ကပင် အစိုးရက ဒေသခံ ကချင်၊ ပလောင်နှင့် တရုတ်လူမျိုးတို့ကို နေရာချထားသော နယ်မြေဖြစ်ပါသည်။

ထိုရွာသည် စုစည်းနယ်မြေဖြစ်သောကြောင့် အစစ အရာရာ အဆင်မပြေကာ ဒေသခံများ အနေဖြင့် လုပ်ကိုင်စားသောက်ရေး အတွက် ယခင် ရွာဟောင်းဘက် အလုပ်သွားလုပ်သူများနှင့် စစ်ဒဏ်ကြောင့် တိမ်းရှောင်သွားသူများ ရှိသဖြင့် နေရာလွတ်များ ရှိခဲ့ကြောင်း ယင်းဒေသခံ ဆရာမ ဒွဲလိန် (Sara num Doi Ling) က ပြောပါသည်။

ယင်း ပန်ကိုင်ကျေးရွာအုပ်စု မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ကျောင်းအုပ်ဆရာ ဦးမင်းအောင် ဆိုသူက ကျန်ရှိကျေးရွာလူကြီးများနှင့် မတိုင်ပင်သည့် အပင် ဒေသခံများ တားဆီးနေသည့်ကြား ၂၀၁၄ ခုနှစ်က စပြီး ပေါ်ပေါ်ထင်ထင် ၄င်းတို့နယ်မြေတွင် ပြောင်းဖူးခင်း စ စိုက်ခဲ့ကြောင်း ဆရာမက ထပ်ပြောခဲ့ပါသည်။

ယင်းနောက် ရွာဟောင်းနှင့် စစ်ပြေးရှောင်နေသည့်သူများ ပြန်လာပြီး မူလ နယ်မြေတွင် ပြန်လည် လုပ်ကိုင် နေထိုင်ရန် ရွာလူကြီးများကို ခေါ်ပြီး ကျောင်းအုပ်ဆရာနှင့် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရပါသည်။

ထို့အပြင် မိမိနေရာတွင် လုပ်ငန်း ပြန်လည် လုပ်ကိုင်လာသူများကိုလည်း ကျောင်းအုပ်ဆရာကြီးမှ ပိုင်နက် ကျူးကျော်မှုနှင့် အမှုဖွင့် ထားကြောင်း ထပ်မံ သိရပါသည်။


0 comments:

Post a Comment