Wednesday, June 1, 2016

၂၁ ရာစု ပင်လုံအစည်းအဝေး ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်း


၂၁ ရာစု ပင်လုံအစည်းအဝေးလုပ်ရန် အကြိုပြင်ဆင်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းလိုက်ကြောင်း မေလ ၃၁ ရက်နေ့တွင် အစိုးရက ထုတ်ပြန်လိုက်ပါသည်။

ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သမ္မတ ဦးထင်ကျော် သက်တမ်း ၂ လ ပြည့်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတွင် အဖွဲ့ဝင် (၁၇) ဦး ပါဝင်ပါသည်။ ထို့အဖွဲ့ဝင်များမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သည့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်းပြီး အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမှတ် (၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ပါဝင်သည်။ ကချင်လူမျိုး (၃) ဦးမှာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) မှ ဒေါ်ဒွဲဘူ နှင့် ဦးခက်ထိန်နန်တို့ဖြစ်ပြီး NLD ပါတီမှ ဒေါ် ရှီလာနန်တောင်(ခေါ်)ဒေါ်အမ်နန်တောင် တို့ဖြစ်ပါသည်။

ယင်းကော်မတီအောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် တွေ့ဖို့ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၁) ကိုလည်း အဖွဲ့ဝင် (၁၅) ဦး ဖြင့်ဖွဲ့စည်းကာ ကော်မတီခေါင်းဆောင်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ကချင်အမျိုးသားအစည်းအရုံး (KNU) မှ ပဒိုစောကွယ်ထူးဝင်း ဖြစ်ပါသည်။

EAOs (Ethnic Armed Organizations) ဆိုသည့် NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၈) ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ကျောင်းသားတပ်မတော် တောင်ပိုင်း (ABSDF)၊ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအို့ အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြစ်ပါသည်။

ထို့နောက် NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် တွေ့ရန်အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) ကို အဖွဲ့ဝင် (၉) ဦးဖြင့် ဖွဲ့စည်းထားပြီး ခေါင်းဆောင်အဖြစ် NLD ဒေါက်တာ တင်မျိုးဝင်းဖြစ်ကာ တပ်မတော်မှ (၂) ဦးလည်း ပါဝင်မည်ဖြစ်သည်။ စစ်ဗိုလ်ဟောင်း ဦးသိန်းဇော်နှင့် ဦးလှမောင်ရွှေ တို့ပါဝင်မည်ဖြစ်ပြီး ဦးခက်ထိန်နန်နှင့် ဒေါ်ဒွဲဘူ တို့လည်း ပါဝင်နေပါသည်။

ယခုချိန် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့ (၁၃) ခုမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) ၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) ၊ ရက္ခိုင်တပ်မတော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ အမျိုးသားဒီမိုကရက်သစ်မဟာမိတ် တပ်မတော် (NDAA) ၊ လာဟူ ဒီမိုကရက်သစ် အဖွဲ့ချုပ် (LDU) ၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ညီညွတ်သော ဝပြည် တပ်မတော် UWSA (ဝ) နှင့် ဝ အမျိုးသားအစည်းအရုံး (WNO) တို့ဖြစ်ပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် NCA လက်မှတ်မထိုးသေးသော်လည်း ထိုလက်မှတ်ကို ထောက်ခံသည့် မူကြမ်းကို KIO ဒု ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွမ်မော် က မေလ ၃၁၊ ၂၀၁၅ ရန်ကုန် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရုံးတွင် လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သည့် ဧပြီလ အစိုးရသစ်တက်လာသည့်နှင့် KIA နှင့် အစိုးရတပ်ကြား နှစ်ဖက်တိုက်ပွဲမှာ နေ့စဉ် ပိုပို ပြင်းထန်လာခဲ့ပါသည်။ သို့သော်လည်း KIO သည် အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးရန် ပြင်ဆင်သည့် အနေဖြင့် ဗိုလ်ချုပ် ဂွန်မော်ဦးဆောင်ပြီး ကချင်ဒေသအသီးသီမှ ပြည်သူများပါဝင်သည့် အဖွဲ့ဝင် (၃၀)ကျော်ဖြင့် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီ ဖြစ်သည်။

ဒေါ်က်တာ တင်မျိုးအေး ဦးဆောင်သည့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့နှင့် တွေ့ဆုံရန် အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) ကိုယ်စားလှယ်များသည် ဇွန်လ ၂ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် တွေ့ဖို့ စီစဉ်နေကြောင်း သိရပါသည်။

ယခုလို အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် မတွေ့ခင် UNFC မှ ယနေ့ ဇွန် ၁ ရက်နေ့ ချင်းမိုင်မြို့တွင် တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment