Friday, May 13, 2016

ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော

ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော

အစိုးရတပ်မှ မေလ ၁၀ နေ့က စစ်အင်အား အလုံးအရင်းနှင့် သိမ်းပိုက်လိုက်သော ဖားကန့် ကျောက်စိမ်းမှော် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ စခန်း ကို ပြန်လည် တိုက်ယူမည် ဟု KIA က ပြောပါသည်။

အစိုးရတပ် နှင့် ရှမ်းနီ ပြည်သူ့စစ် စုပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ မေလ ၁၀ ရက်နေ့တွင် ဖားကန့်မြို့ အနီး အရှေ့မြောက်ဘက် နမ်ဂျန်ချောင်းဖျား (Nam Jan Hka hku) ရှိ KIA တပ်ရင်း (၆) ဌာနချုပ်ကို ဆုတ်ခွာပေး လိုက်သည်။

သို့သော်လည်း ဖားကန့်တွင် တိုက်ပွဲမှာ မေ ၁၂၊ ယမန်နေ့ အထိ ဆက်လက် ဖြစ်ပွားနေသောကြောင့် ကချင်သတင်းဌာန KNG က လိုင်ဇာဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒု ဗိုလ်မှုးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာ ယခုလို ဖြေကြားခဲ့သည်။

“ကျနော်တို့ KIA တွေလည်း အကုန် သတိ နှင့် အနီးနားက တော တွေမှာ ရှိနေသေးတယ်။ ဆိုလိုတာက စစ်ကြောင်းတွေ သတိအနေအထားနှင့် ရှိသေးတယ်။ အဲကြောင့် တစ်ဖက်က ရန်သူဖြစ်တဲ့အတွက် ကျနော်တို့ ဆုတ်ခွာပေးခဲ့တဲ့ နေရာတွေကိုလည်း အခြေအနေအရ ရ နိုင်မည့် အခြေအနေရှိရင် တိုက်နေရအုန်းမှာပဲ”

မေလ ၅ ရက်နေ့က စတင်လာခဲ့တဲ့ ဖားကန့်တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်ကျဆုံးမှု စာရင်းကို အသေးစိတ် မဖော်ပြနိုင်သေးကြောင်း ဗိုလ်မှုးကြီးနော်ဘူ က ပြောသည်။

တပ်မတော်ပိုင် မြဝတီ သတင်း ၏ မေ ၁၂ ရက်နေ့ ရေးသားချက်တွင်ကား ‘KIA အလောင်း တစ်လောင်း တွေ့ရှိပြီး တပ်မတော်မှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း’ ကို ဖော်ပြထားပါသည်။

တနိုင်းမြို့နယ် KIA တပ်ရင်း ၁၄ နယ်မြေ ဘက်တွင်လည်း အစိုးရတပ်မှ လက်နက်နှင့် စစ် အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း ဒေသခံ သတင်းများက ဖော်ပြနေပါသည်။


0 comments:

Post a Comment