Sunday, May 15, 2016

ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ

ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ

မေ ၁၅၊ ယနေ့ မနက် ၇ နာရီခန့်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းကြောင်း ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကားမိုင်းမြို့၊ ထွယ်ဆန်ယန် (Htoi San Yang) အစိုးရဂိတ် အနီး ကားလမ်းမ တွင်ဖြစ်ပြီး လမ်းလျောက် ချီတက်လာသော အစိုးရစစ်ကြောင်းကို KIA ဘက် မိုင်းထောင် တိုက်ခိုက်ခဲ့ပြီးနောက် လက်နက် ငယ် အသံ ၅ ချက် ၆ ချက်ခန့် ထွက်လာရာမှ တိတ်သွားခဲ့ကြောင်း ကားမိုင်းဒေသခံ တဦး ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ယင်း ဖောက်ခွဲ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက်မှ တဦး သေဆုံးပြီး ဒဏ်ရာ ရသူအချို့လည်း ရှိကြောင်း ၄င်း ဒေသခံက ဆက်ဆိုသည်။

အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့များမှ မေလ ၁၀ ရက်နေ့ ဖားကန့် KIA တပ်ရင်း ၆ ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးသော်လည်း ကားမိုင်း-ဖားကန့် လမ်းတွင် နေ့စဉ် လိုလို တိုက်ပွဲငယ်များ ဖြစ်ပွားနေပါသည်။


0 comments:

Post a Comment