Friday, April 1, 2016

အစိုးရ ကျောက်မျက်ရတနာ ဥပဒေ ကို ဖားကန့် ပြည်သူများ ဆန္ဒပြမည်


Hpakan, kachin state, Jade Mine

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အစိုးရ၏ ကျောက်မျက်ရတနာ  ဥပဒေကို ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲ ကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏  ၂၀၁၆ ဇန်နဝါရီ ၂၉ ပြည်ထောင်စု လွတ်တော်တွင် ဒုတိယအကြိမ် ပြဌာန်းခဲ့သည့် ကျောက်မျက်ရတနာ ဥပဒေ သည် အများပြည်သူကို အကျိုးမပြု လေလံစနစ် ဖြစ်သောကြောင့် သာမန်ပြည်သူများ လုပ်ကိုင်နိုင်ရန် ခက်ခဲသွားစေကြောင်း လူထု လှုပ်ရှားမှု ဆန္ဒပြပွဲ ဦးဆောင်မည့် ဖားကန့် မြို့ခံ တစ်ဦး ပြောသည်။

ထို့အပြင် ကျောက်မျက်ရတနာ ဥပဒေကန့်ကွက်မှုကို ထောက်ခံသည့် ပြည်သူ ငါးထောင်ကျော်၏ လက်မှတ်များကိုလည်း နိုင်ငံတော် အစိုးရထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

ဒေသခံများ နေထိုင်သည့် နေအိမ်နှင့် မဝေးသည့် နေရာများတွင် ကုမ္ပဏီ ကျောက်တူးဖော်ရေး လုပ်ငန်းများမှ မိုင်းခွဲခြင်းတို့ ပြုလုပ်နေသဖြင့် မြေကွဲအက်ခြင်း၊ မြေပြိုခြင်း တို့လည်း ဖြစ်နေပါသည်။

ထို့အပြင် ဖားကန့် အများပြည်သူပိုင် လမ်းမများပေါ်တွင် ကုမ္ပဏီ ကားကြီးများ သွားလာနေခြင်းကြောင့် ယဉ်တိုက် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ကြောင့် ဖားကန့် ဒေသခံများမှ လွန်ခဲ့သော အပတ် မတ်လ ၂၂ နှင့် ၂၃ တွင်လည်း ဖားကန့်မြို့ ရပ်ကွက်၊ ကျေးရွာတိုင်း မှာ လမ်းပိတ် ဆန္ဒပြခဲ့ကြပါသည်။


0 comments:

Post a Comment