Saturday, April 23, 2016

သမိုင်းဝင် ကမ္ဘာ့ ရာသီဥတုဆိုင်ရာ သဘောတူလက်မှတ် ရေးထိုး


ပဲရစ်သဘောတူညီချက်ကို မြေကမ္ဘာနေ့မှာ လက်မှက်ရေးထိုးနေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ

ရာသီဥတု ဖေါက်ပြန်ပြောင်းလဲခြင်း ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၇၅ ခုမှ ကိုယ်စားလှယ်များက ဧပြီ ၂၂ ရက်နေ့တွင် ကမ္ဘာ့ကုလသမ္မဂ ရုံးချုပ်စိုက်ရာ နယူးရောက်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သဘောတူညီချက်ကို အဓိကအားဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖေါက်ပြန်ပြောင်းလဲ လာမှုများကို လျော့ကျနိုင်ရန်ကတိပြုခြင်းဖြစ်ပြီး ၂၀၁၅ ဒီဇင်ဘာ ပါရီသဘောတူညီချက်ကို ရေးထိုးခြင်းဖြစ်ပါသည်။

ကုလသမ္မဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက “နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုတွေနှင့် ပတ်သက်ပြီး အမြန်ဆုံးကိုင်တွယ်ဖြေရှင်းစေလိုပါတယ်။ အကြောင်းက ကျနော်တို့ သားသမီးတွေနှင့် မြေကမ္ဘာကြီးအတွက် အင်မတန်မှ အရေးကြီးနေလို့ပါ” ပြောခဲ့ပါသည်။

ထို့အပြင် ၂၀၁၅ ပါရီ ရာသီဥတုဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့သည့် နိုင်ငံများကို အသိမှတ်ပြုသည့်အနေဖြင့် ကလေးငယ် ၁၉၇ ယောက် ယမန်နှစ် သဘောတူလက်မှတ်ရေးထိုးခြင်း အစီစဉ်၌ ပါဝင်ခဲ့ရာတွင် “ကျနော်တို့ လက်မှတ်ရေးထိုးခြင်းက ဒီကလေးတွေရဲ့ အနာဂတ်ဖြစ်တယ်” ဟု ဘန်ကီမွန်းက ဆက်ပြောခဲ့ပါသည်။

လွန်ခဲ့သည့် ၁၉၇၀ ဧပြီ ၂၂ အမေရိကန်နိုင်ငံက စတင်ခဲ့သော‘မြေကမ္ဘာနေ့’ သည် ယခု ၄၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာကြီးကို ရာသီဥတုဖေါက်ပြန်ပြောင်းလဲစေသည့် အဓိက ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လုပ်သည့် နိုင်ငံများအားလုံးပါဝင်ပြီး သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။


0 comments:

Post a Comment