Friday, April 15, 2016

KIO နယ်မြေတွင် သင်္ကြန်ပွဲတော် ကျင်းပ


သင်္ကြန်ပွဲ ကျင်းပနေသော ရခိုင်တပ်မတော်သားများနှင့် ပြည်သူအချို့

‘ထာဝရ ဘုရားသခင် ကျွနိုပ်တို့၏ အောင်မြင်ခြင်း’ (Anhte a awng padang Yehowa Karai Kasang) ခေါင်းစဉ်ဖြင့် ခရစ်ယာန် ကချင်အမျိုးသားများကို ယနေ့ထိ ဦးဆောင်နေသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ တွင် ဗုဒ္ဓဘာသာ ယုံကြည်သူများ၏ သင်္ကြန်ပွဲတော်ကို ကျင်းပနေကြောင်း သိရပါသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF-မြောက်ပိုင်း) အဖွဲ့များနေသည့် ဂျန်ထုန် လခွမ်းဘွမ် (Janghtung Lahkum Bum) နှင့် ရခိုင်တပ်မတော် (AA) တို့၏ မုန်လိုင်ခက် (Munglai Hkyet) တို့တွင် ဧပြီ ၁၃ မှ သံချပ်ထိုးပွဲများဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွဲနေခြင်းဖြစ်သည်။

ထို့အပြင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ ဌာနချုပ် မိုင်ဂျာယန်မြို့တွင်လည်း ရှမ်းလူမျိုးများမှ မြန်မာ့နှစ်သစ်ကူး ရေသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်နေပါသည်။

သို့သော်လည်း KIO ထိန်းချုပ်နယ်မြေတွင်း ရေလောင်းပွဲတော်ကို ကချင်လူမျိုးများ ပါဝင်ခြင်း မရှိကြောင်း သိရပါသည်။

ယခင် နှစ်များတွင်လည်း KIA စစ်ရုံးချုပ် (Dai Lawn Rung) ၏ အားပေးခြင်း၊ ငွေကြေး ထောက်ပံ့ပေးခြင်း အားဖြင့် သင်္ကြန်ပွဲတော်ကြီးများကို လိုင်ဇာ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပါသည်။


0 comments:

Post a Comment