Tuesday, April 5, 2016

တိုင်းရင်းသား တပ်ပေါင်းစု ‘ခေါင်းဆောင်’ ဖြစ်လိုကြောင်း UWSA တင်ပြ


UWSA ဦးဆောင်ကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးအစည်းအဝေး

NCA အပစ် မရပ် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မတ် ၂၆-၂၈ သုံးရက် ထိပ်သီး အစည်းအဝေးတွင် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA မှ တော်လှန်ရေး အဖွဲ့များ၏ ‘ခေါင်းဆောင်’ ဖြစ်လိုကြောင်း တင်ပြလာကြောင်း သိရပါသည်။

ထိုအကြောင်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က မတ် ၃၁ ရက် KIA တပ်မဟာ (၃)နှင့် တပ်မဟာ (၄) ဌာနချုပ် မိုင်ဂျာယန်မြို့ လူထုရှင်းလင်းပွဲတွင်လည်း ပြောကြားခဲ့ပါသည်။

ပန်ခမ်း အစည်းအဝေးတွင် UWSA မှ တိုင်းရင်းသား တော်လှန်ရေး တပ်ပေါင်းစု ကို ဦးဆောင်မှုပြုလိုကြောင်း တင်ပြလာမှုကို အခြား တော်လှန်ရေး အဖွဲ့များမှ မည်သို့ ဦးဆောင်ရန် အစီစဉ်ရှိကြောင်း မေးမြန်းရာ တိကျသော အဖြေကို ပေးနိုင်ခြင်း မရှိခဲ့ဟု သိရပါသည်။

ယခုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို ဦးဆောင်လိုကြောင်း တောင်းဆိုလာမှုမှာ UWSA ၏ သမိုင်းတွင် ထူးခြားချက်နှင့် ပထမဆုံး လည်း ဖြစ်ပါသည်။

ယခုကိစ္စဟာ နစ်ပေါင်းများစွာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို ဦးဆောင်နေသော KIO ၏ ခေါင်းဆောင်မှုအပိုင်း အားနည်းချက်ကို ပြသနေခြင်းဖြစ်ကြောင်း သုံးသပ်သူများ ပြောဆိုနေကြပါသည်။

UWSA မှ တိကျသော ဦးဆောင်လိုမှု အစီစဉ်ကို အစည်းအဝေးတွင် မချပြနိုင်ခဲ့သော်လည်း ၎င်းအဖွဲ့ နောက်ကွယ်မှာ တရုတ်အစိုးရ ရှိသောကြောင့် အကယ်၍ ဦးဆောင်မှု ပြုလာလျှင် ကွန်မြူနစ် စနစ် သို့ ဦးတည်သွားနိုင်ကြောင်း လေ့လာသူများ သုံးသပ်နေကြပါသည်။

သို့သော် ယင်းအစည်းအဝေး မတ် ၂၈ နောက်ဆုံးနေ့ သဘောထား ထုတ်ပြန်ချက်တွင်မှု အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးလိုကြောင်းနှင့် လက်ရှိ ရှမ်းမြောက်တွင် ဖြစ်ပွားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအောင်း တပ်မတော် TNLA တို့၏ ပဋ္ဋိပက္ခကိုသာ အမြန်ဆုံး ဆွေးနွေး အဖြေရှာကြရန်တိုက်တွန်း ထားပါသည်။ အကယ်၍ တစ်ဖက်က ပြဿ     နာဖြစ်အောင် ဆက်လက် လုပ်ဆောင်နေပါက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အနေဖြင့် ပူးပေါင်း တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းကို သတိပေး ထားသည်။



0 comments:

Post a Comment