Saturday, April 2, 2016

ကံကော် ကျောင်းသားများ၏ နွေရာသီ ပညာရေး ရံပုံငွေရှာ ဈေးရောင်ပွဲ


ရံပုံငွေရှာပွဲတွင် သီချင်းဆိုနေတာ ကချင် ကျောင်းသား တစ်ဦး

ကချင်လူငယ် ၁၄ ဦးအပါအဝင် မြန်မာပြည်အရပ်ရပ်မှ လူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးနေတဲ့ ကံကော်ပညာရေးစင်တာ ကျောင်းသူ/သားများ၏ တိုင်းရင်းရိုးရာအစားအသောက်စုံ နှင့် အသုံးအဆောင် ဈေးရောင်းပွဲကြီး ကို ယနေ့ ရန်ကုန် ပြည်လမ်းမ ပေါ်ရှိ ယုဒဿ      န် ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ယခု အစီအစဉ် လုပ်ရခြင်းမှာ မတူညီတဲ့ တိုင်းရင်းသားရိုးရာဓလေ့တွေအပေါ် အချင်းချင်း ပိုမို နားလည်တတ်စေရန်နှင့် service learning program လို့ခေါ်တဲ့ နွေရာသီ ဝေးလံခေါင်ပါး ဒေသမှာရှိတဲ့ ကျေးလက် ကျောင်းသူ/သားများအား ပညာသင်ပေးမယ့် အစီစဉ်မှာ ယခု အကျိုးအမြတ်တွေကို အသုံးပြုသွားဖို့ဖြစ်ကြောင်း ကံကောင်းပညာရေးစင်တာ ကျောင်းအုပ် စောခိုင်သက်ထွန်း က ကချင်သတင်းဌာန KNG ကိုပြောပါသည်။

သပြေပညာရေးဖောင်ဒေရှင်း၏ အောက်တွင်ရှိသော ကံကော်ပညာရေးစင်တာတွင် လက်ရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ဝ၊ ပအို့ တိုင်းရင်းသား လူငယ် စုစုပေါင်း ၆၁ ဦး ပညာသင်ကြားနေကြောင်း ကျောင်းအုပ်ဆရာ က ပြောပါသည်။

ကံကော်ပညာရေးစင်တာသည် အဓိကအားဖြင့် Community Leadership And Social Studies (CLASS) ခေါ်သည့် တစ်နှစ်သာ Diploma အစီစဉ်ဖြင့်  နိုင်ငံရေးသိပ္ပံ၊ စီပွားရေး၊ ကမ္ဘာ့သမိုင်း၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကျားမ ရေးရာ၊ လူမှုရေးသိပ္ပံ၊ အင်္ဂလိပ်စာ ဘာသာရပ် နှင့် ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်နည်း စသည့် ဘာသာရပ်များကို လူငယ်များအား သင်ကြားပေးနေတာဖြစ်ပါသည်။


0 comments:

Post a Comment