Tuesday, April 26, 2016

ကချင် UDPKS နှင့် USDP မဟာမိတ် ပယ်ဖျက်မည်


ကချင်ပြည်နယ်အင်ရျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ

ကချင် ပါတီ တစ်ခုဖြစ်သည့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (UDPKS) သည် ၅ နှစ်ကြာ မဟာမိတ် ဖြစ်ခဲ့သည့် ယခင် အစိုးရ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ (USDP)နှင့် မဟာမိတ် ပျက်ပယ်တော့ မည်ဖြစ်ကြောင်း သိရသည်။

ပါတီ မဟာမိတ်ပျက်ပယ်မည့် အကြောင်းကိုမူ လာမည့်ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်သွားရန် ရှိကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ကာလတွင် UDPKS မနောတိုင် ပါတီ အနေဖြင့် အစိုးရပိုင်းနှင့် အဆင်မပြေမှုများ ရှိသော်လည်း လွှတ်တော်ထဲ အများစုနေရာယူထားသည့် ကြံခိုင်ရေး ပါတီအင်အားဖြင့် ကချင်ပြည်သူများ၏ အကျိုးကို လုပ်နိုင်ခဲ့ကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်ဒွဲဘူက RFA မြန်မာပိုင်းကို ပြောပါသည်။

ရှေ့နေတဦးလည်းဖြစ်သူ ဒေါ်ဒွဲဘူသည် ယခင် ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက် ဖြစ်ပါသည်။

ယခု အချိန်တွင်မှု ကြံခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် လက်တွဲဖြုတ်ပြီး ကိုယ့်ပါတီ ကိုယ့်မူဝါဒဖြင့်သာ ကိုယ့်ပြည်သူတွေနှင့် လက်တွဲလျှက် ကိုယ့်ပြည်သူမျက်နှာပဲ ထောက်ကာ လွတ်လွတ် လပ်လပ် အလုပ်လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ဒေါ်ဒွဲဘူက ဆိုပါသည်။

ဧပြီ ၂၂ သူရဦးရွှေမန်း အပါအဝင် USDP ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့ကြောင်း သူရဦးရွှေမန်း၏ လူမှုစာမျက်နှာ facebook တွင် ဧပြီ ၂၄ ရက်နေ့က အတည်ပြု ကြေညာထားခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်ပါတီများ ဖြစ်ကြသည့် ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNCD) တို့သည် ပါတီတခုအဖြစ် ပေါင်းစည်းရန် ‘မူ’ အရ သဘောတူပြီး အလုပ်အမှုဆောင်အဖွဲ့နှင့် ရံပုံငွေရှာဖွေရေး ဆပ် ကော်မတီ ဖွဲ့စည်းကာ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။

ကချင်ပြည်သူများ အကျိုးကို လုပ်ဆောင်တော့မည်ဟု ဆိုထားသော မနောတိုင် ပါတီ UDPKS အနေဖြင့် ကချင်ပါတီများ ပူပေါင်းမှုတွင် ပါဝင်မည် မပါဝင်မည်မှာ စိတ်ဝင်တစား စောင့်ကြည့် ရမည်ဖြစ်ပါသည်။


0 comments:

Post a Comment