Monday, April 18, 2016

KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ


KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ

အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ စတုထ္တမြောက် စခန်းငယ်တစ်ခုကို ယနေ့ မနက် ပိုင်းတွင် ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာမှာ ယမန်နေ့ KIA မှ တတိယ မြောက်စခန်းအဖြစ် ဆုတ်ခွာပေးလိုက်ရသော KIA လိုင်ဇာ ဗဟိုဌာနချုပ်အနီး တပ်ရင်း ၁၈ အောက် Pau Se ရှေ့တန်းစခန်းဘက်တွင် ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်မ ၂ ခုပေါင်း အင်အား ၅၀၀ ခန့်သည် KIA ပြည်သူ့စစ် MHH အဖွဲ့ ၈ ယောက်သာရှိသော စခန်းကို ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ယခုလ အတွင်းပင် အစိုးရတပ်သည် KIA ဗဟိုဌာနချုပ်အနီး ရှေ့တန်းစခန်း ၄ ခုကို သိမ်းပိုက်ပြီး ဖြစ်သော်လည်း KIA ဌာနချုပ်ဘက်မှ ပြန်လည် ခုခံတိုက်ခိုက်ရန် ညွန်ကြားထားခြင်း မရှိသေးကြောင်း သိရပါသည်။


0 comments:

Post a Comment