Monday, May 2, 2016

ပထမ အကြိမ် ‘ဌာနေ တိုင်းရင်းသားများ ၏ တွေ့ဆုံ ဆွေးနွေးပွဲ’ KIO ပြုလုပ်


ဌာနေတိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးပွဲ ညစာစားပွဲ ဗိုလ်ချုပ်ဂွန်မော်မှ ရျမ်းပဲပုတ် သီချင်းဆိုနေပုံ ( video - lachid kachin )

ပထမအကြိမ် ‘ဌာနေတိုင်းရင်းများ၏ တွေ့ဆုံဆွေးနွေးပွဲ’ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဦးဆောင်ကာ ၎င်းထိန်းချုပ်သော မိုင်ဂျာယန်မြို့တွင် ငါးရက်ခန့် ပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်သည့် ယခုဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်မှ စတင်ကာ ယနေ့ မနက် မေလ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။

ယခုအကြိမ်သည် ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများတွေ့ဆုံသည့် အစီစဉ်သည် ပထမဆုံးအကြိမ်နှင့် နိဒါန်းသဘောသာဖြစ်ပြီး နောက်နောင်တွင် ဆက်လက်ပြုလုပ်သွားဖို့ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ရှမ်းနီ လူမျိုးများ အများစု ပါဝင်ခဲ့ကြောင်း သိရပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင် နှင့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒု-ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွန်မော် အပြင် ဗဟိုဌာနချုပ်မှ အခြား အရာရှိများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် ကချင်ပြည်နယ်တွင်း ရှမ်းနီအမျိုးသားများ တပ်မတော် (Shanni Nationalities Army, SNA) နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ တို့ ဖွဲ့စည်းရေးကို စစ်ရေး၊ နိုင်ငံရေး အရ အားပေးအားမြောက်လုပ်နေချိန်တွင် KIO မှ ဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


0 comments:

Post a Comment