Wednesday, May 4, 2016

မြေ မြုပ်မိုင်းကြောင့် စစ်ပြေးဒုက္ခသည် IDP တစ်ဦး ခြေတစ်ဖက်ပြတ်


စစ်ပွဲကြောင့် ထွက်ပြေးနေရသော ကချင်ဒေသခံပြည်သူများ

မြစ်ကြီးနားမြို့ပေါ် စစ်ပြေးဒုက္ခစခန်း တစ်ခုမှ IDP တစ်ဦးသည် သူ၏နေရပ် ရင်း နမ်ဆန်ယန်သို့ မေလဆန်း ၂ ရက်နေ့ သွားရောက်စဉ် မြေမြုပ်မိုင်း နင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း စခန်းတာဝန်ခံမှ တဆင့် သိရသည်။

ဦးရှဒန်ဂျတ်နော်သည် သူ၏အဖော်များနှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာသို့သွားရောက်စဉ် တနင်္လာနေ့၌ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သူသည် သားသမီး ၄ ယောက်၏ ဖခင်ဖြစ်ပြီး နာမကျန်း ဖြစ်နေသော ဇနီးသည် လည်း ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် အသက် ၄၂ နှစ်ရှိ ဦးရှဒန်နော်အား PCG အဖွဲ့မှ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ စီစဉ် ပို့ဆာင်လာကြောင်း သိရသည်။


0 comments:

Post a Comment