Tuesday, February 16, 2016

PJS ကို လမ်းပိတ် ဟန့်တားရန် ဘိန်းခြံ ပိုင်ရှင်များ အသင့်ရှိနေ

 
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၆ ကန်ပိုင်တီသို့  တက်ရန် မြစ်ကြီးနားတွင် ပြင်ဆင်နေတဲ့ PJS အဖွဲ့ တစ်ဖွဲ့

 

ယနေ့ တစ်ခါ လူထု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ PJS သည် ကန်ပိုင်တီဒေသ သို့ ထွက်ခွာရန်ပြင်ဆင်နေသည့် တစ်ချိန်တည်း ဘိန်းခြံ ပိုင်ရှင်များ ကလည်း သူတို့ကို ခုခံတိုက်ခိုက်ရန် လမ်းတွင် အဆင်သင့် စောင့်နေကြောင်း သိရသည်။


မြစ်ကြီးနားမြို့ PJS အင်အား ၁၀၀၀ ကျော် နှင့် ၀ိုင်းမော် အင်အား ၁၀၀၀ ကျော် တို့သည် ယနေ့ နေ့လည်ပိုင်းတွင် ကန်ပိုင်တီဒေသ သို့ ထွက်ခွာတော့မည်ဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် PJS အဖွဲ့ခေါင်းဆောင် တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောသည်။

ယခု PJS အဖွဲ့တွင် အစိုးရ လုံခြုံရေး ရဲ နှင့် စစ်သားများ မပါတော့ကြောင်း ၀ိုင်းမော် လူထု ဘိန်းခင်း တိုက်ဖျက်ရေး ခေါင်းဆောင်တစ်ဦး အတည်ပြုပြောခဲ့ပါသည်။

သို့သော်လည်း ကန်ပိုင်တီ ဘိန်းခြံ ပိုင်ရှင်ပိုင်ရှင်များ၏ လမ်းပိတ် တိုက်ခိုက်လာမှုများကို ထိန်းသိမ်းရန် အစိုးရတွင် တာဝန်ရှိမည် ဖြစ်ကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

လွန်ခဲ့သည့် တစ်ပတ်ကျော်တွင် အင်အားနည်းသော PJS အဖွဲ့တစ်ဖွဲ့ ကန်ပိုင်တီ မော်စီတုန်းဒေသ သို့ ရောက်ရှိခဲ့စဉ် ဘိန်းခြံပိုင်ရှင်များ၏ လေးဂွ၊ ကျောက်ခဲများဖြင့် တိုး၍တိုက်ခိုက်လာမှုကြောင့် ၄င်းအဖွဲ့ကို ပြန်ရုပ်သိမ်းခဲ့ တာဖြစ်သည်။ ထို့နောက် ယခုအချိန်တွင် PJS အင်အားကြီးဖြင့် တက်လာခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်၏ အခြားဒေသများတွင် ဘိန်းခင်း ပပျောက်သလောက် PJS အဖွဲ့များ ဖျက်ဆီးနိုင်ခဲ့သော်လည်း ယခုချိန် အစိုးရ အုပ်ချုပ်ရာ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်များ ရှိရာ ကန်ပိုင်တီဒေသသည် ဘိန်းခင်း ဧက ထောင်ပေါင်းများစွာ ကျန်ရှိနေသေး ပါသည်။

0 comments:

Post a Comment