Wednesday, February 24, 2016

မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခု မှတ်တမ်း တင် ခံရ

မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ ဂင်းနစ်စံချိန် (၃) မှတ်တမ်းတင်ခံရ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မန်ရှီ မြို့တွင်ကျင်းပသော ‘Jingpo’ ခေါ် ကချင် လူမျိုးများ၏ ယဉ်ကျေးမှု မနောပွဲတော်ကြီးကို ကမ္ဘာ့ဂင်းနစ်စံချိန် (Guinness World Record) မှ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ က ဂုဏ်ပြု မှတ်တမ်းတင် လက်မှတ် (၃)ခု ပေးအပ်ခဲ့ပါသည်။

ဂင်းနစ်စံချိန် တင်ခဲ့သော အရာ (၃)ခုမှာ ကမ္ဘာ့အကြီးဆုံး ရိုးရာစည် (Chying Bau)၊ လူအများနှင့် စုဝေး စားသောက်နိုင်သော ကချင်ရိုးရာ ထမင်းထုပ် (Shat Kada) နှင့် ကမ္ဘာ့အရှည်ဆုံး ခေါင်လိန် စပါးလိန် (Hpun Tsaw Dik Hkauling Mam) တို့ ဖြစ်ပါသည်။

ကမ္ဘာ့ဂင်းနစ်စံချိန်သည် နိုင်ငံကြီးအချို့တွင် ရုံးရှိပြီး ကမ္ဘာတွင် အရှည်ဆုံး၊ အမြန်ဆုံး၊ အကြီးဆုံးနှင့် အထူးဆန်းစသည့် ခေါင်းစဉ်များဖြင့် နှစ်စဉ်နှစ်တိုင်း မှတ်တမ်းတင် ဂုဏ်ပြုပေးနေသော အဖွဲ့ဖြစ်ပါသည်။

ယခုနှစ် မန်ရှိ မနောပွဲကြီး တွင် တစ်ကမ္ဘာလုံးမှ ကချင်လူမျိုးများ လာရောက်ပါဝင်ခဲ့ပါသည်။
ယခင်နှစ်များက မနောတိုင် (၄)ခု ပါသော ကွင်းတွင် ကျင်းပလျှက်ရှိသော်လည်း ယခုနှစ်တွင် အသစ်ပြီးစီးသော မနောတိုင် (၆)ခုဖြင့် ကွင်းအသစ်တွင် သုံးရက်ကြာ၊ ဖေဖေါ်ဝါရီ ၂၁မှ ၂၃ ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

‘Jingpo (ဂျိန်းဖော)’ ခေါ် ကချင်လူမျိုးများသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသား လူမျိုး တစ်ခုလည်း ဖြစ်ပါသည်။

နိုင်ငံရေးအရ အခွင့်အရေးအပြည့်အ၀ မရရှိသော်လည်း ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် မြင့်တင်မှုတွင် တရုတ်အစိုးရ ကိုယ်တိုင် ပံ့ပိုးအားပေးနေခြင်း ဖြစ်သည်။


0 comments:

Post a Comment