ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၆၊ ဝါးရှေင်ဂိတ်မှ ကန်ပိုင်တီသို့ ဦးတည် ချီတက်လာသော ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ PJS |
လွန်ခဲ့သည့် ၂ နာရီခန့် ၀ါးရှောင်ဂိတ်မှ ထွက်ခွာလာသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ဘွမ်တောင် အစိုးရတပ် စခန်း မရောက်မီ ထပ်မံ တားဆီး ခံနေရပါသည်။
ဘွမ်တောင် (Bum Tawng) စခန်းသည် အစိုးရတပ်မှ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS အား တစ်ပတ်တိတိ ပိတ်ပင် တားဆီး ထားသော ၀ါးရှောင်ဂိတ်နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာဖြစ်သည်။
ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းစခန်း ဖြစ်သော ဘွမ်တောင် (Bum Tawng) စခန်းရှိ ရဲမှုးကြီးက ၀ါးရှောင်ဂိတ်တွင် လူများလာသဖြင့် နေရာပြောင်းခြင်းသာဖြစ်သည်ဟု ပြောလာကြောင်း သိရသည်။
ထို့ကြောင့် PJS အဖွဲ့ဝင်များမှာ ဒေါသကြီးဖြင့် စိတ်ဆိုးနေကြကြောင်းလည်း သိရသည်။
PJS ၏ သတင်းများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။
0 comments:
Post a Comment