Thursday, February 25, 2016

နယ်ခြားစောင့်တပ် ထပ်မံ ပစ်ခတ်မှုတွင် PJS တစ်ဦး ဒဏ်ရာ ရရှိ


နယ်ခြားစောင့်တပ် (ဘယ်) နဲ့ အစိုးရတပ်

ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး PJS အဖွဲ့ကို အကူအညီ ပေးရန် တက်လာသော PJS အဖွဲ့များလည်း လမ်းခုလပ်တွင် နယ်ခြားစောင့်တပ်များ၏ ထပ်မံ ပစ်ခတ်မှု ခံရပြီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း ရှေ့တန်းရောက် PJS ခေါင်းဆောင်များ ပြောသည်။

ပစ်ခတ်ခံရသော PJS အဖွဲ့ဝင်သည် ၎င်း၏ ဗိုက်တွင် သေနတ် ထိမှန်ထားကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခန့် က အစိုးရနယ်ခြားစောင့်တပ်မှ လက်နက်မဲ့ PJS အဖွဲ့ကို ပစ်ခတ်မှုတွင် အနည်းဆုံး (၃)ဦးခန့် ဒဏ်ရာရရှိခဲ့ပါသည်။

နယ်ခြားစောင့်တပ်များ၏ ပစ်ခတ်တိုက်ခိုက်မှု စတင်သည်နှင့် လုံခြုံရေးအဖြင့် လိုက်ပါသွားသော အစိုးရ ရဲတပ်ဖွဲ့ဝင်များမှာ ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရသည်။


0 comments:

Post a Comment