Thursday, February 25, 2016

စင်ကြိုင်တွင် PJS ၂ ဦး ပစ်သတ်ခံရ

PJS ၂ ဦး ပစ်သတ်ခံရ

စင်ကြိုင်တွင် ကျန်ရှိနေသော ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင် ၁၀ ဦးကို ဘိန်းခြံပိုင်ရှင်များ ၀ိုင်းရံထားရာတွင် ၂ ဦးကို ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းရောက် PJS ခေါင်းဆောင် တစ်ဦးပြောသည်။

ယနေ့ မနက်ပိုင်း ဘိန်းခြံပိုင်ရှင်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရမှုကြောင့် ကန်ပိုင်တီ စင်ကြိုင်သို့ ရောက်ရှိနေသော အဖွဲ့များမှာ ပြန်လည် တပ်ဆုတ်ခဲ့သော်လည်း ယင်းနေရာတွင် ၁၀ ဦးမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သူပေါင်း ၂၉ ဦးမှာ မြစ်ကြီးနားဆေးရုံသို့ရောက်ရှိနေပြီဖြစ်သည်။

ယနေ့ညနေပိုင်းမှာပင် မြစ်ကြီးနား ပြည်သူလူထုက ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ကလည်း လူထု ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်နှင့် ပတ်သက်ပြီး ပါတီသဘောထားကို ယနေ့ ထုတ်ပြန်ခဲ့ပါသည်။


0 comments:

Post a Comment