Wednesday, February 17, 2016

PJS အဖွဲ့နှင့် တွေ့ဆုံရန် ပြည်နယ် အစိုးရမှ ဆင့်ခေါ်


PJS အဖွဲ့ နှင့် တွေ့ဆုံရန် ပြည်နယ် အစိုးရမှ ဆင့်ခေါ်

ကန်ပိုင်တီသို့အတက် ၀ါးရှောင်ဂိတ်တွင် ယမန်နေ့မှ စပြီး ဟန့်တားထားခြင်း ခံနေရသော ကချင် လူထု ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့ PJS ကိစ္စ မြစ်ကြီးနားမြို့မှာ ယနေ့ ၂နာရီတွင် တွေ့ဆုံရန် ကချင်ပြည်နယ်အစိုးရမှ PJS အဖွဲ့ကို ဆင့်ခေါ် ထားပါသည်။

နှစ်ဖက် တွေ့ဆုံမည့် နေရာသည် ပြည်နယ်ရဲချုပ်ရုံး မှာ ဖြစ်သည်ဟု ပြောကြောင်း ၀ိုင်းမော်မှ PJS အဖွဲ့ ခေါင်းဆောင်တဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ဝိုင်းမော်မြို့နယ် ရဲမှူး က ယမန်နေ့ PJS အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ‘ကန်ပိုင်တီသို့ မတက်ရန်’ ဟန့်တားခဲ့ပါသည်။

ယမန်နေ့ ကန်ပိုင်တီသို့ တက်လာသော မြစ်ကြီးနားနှင့် ၀ိုင်းမော်မှ လူထု အင်အား ၁၀၀၀ ကျော် ရှိသော ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့သည် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ ဟန့်တားမှုကြောင့် ၀ါးရှောင်ဂိတ်မှာ စခန်းချလျှက် ရှိနေဆဲ ဖြစ်သည်။

ယခု တွေ့ဆုံမှုမှ ကန်ပိုင်တီသို့ တက်ရန် ခွင့်ပြုချက် ပေး မပေး မသိရသေးပါ။

သို့သော်လည်း မူးယစ်ဆေးဝါးသည် တစ်ကမ္ဘာလုံး၊ နိုင်ငံတိုင်းနှင့် လူမျိုးတိုင်း၏ ‘ဘုံရန်သူ’ ဖြစ်သောကြောင့် ကန်ပိုင်တီ ဘိန်းခင်းများကို မဖြစ် မနေ ဖျက်ဆီးရေးကို PJS အဖွဲ့မှ အလေးအနက် ခံယူထားကြောင်း သိရသည်။

လူထုမှ ကန်ပိုင်တီ ဘိန်းခင်းဖျက်ဆီးရေး ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell နှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC-USA အဖွဲ့တို့ မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ရောက်လာပြီး PJS အဖွဲ့များကို တွေ့ဆုံ အားပေးခဲ့သည်။

0 comments:

Post a Comment