Wednesday, March 16, 2016

“ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရှေ့မှာ ထိုးသတ်ရမှာ အံသြစရာ ခံစားချက်တစ်ခု” ဟု Nsang Awng La ပြော


‘မြန်မာ့ စပါးကြီးမြွေ’ အဖြစ် ရေပန်းစားနေတဲ့ ကချင်အမျိုးသား လက်ဝှေ့သမား Nsang Awng La သည် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အီဂျစ်နာမည်ကျော် တိုက်ခိုက်ရေးသမား Mohamed Ali နှင့် ယခုလ ၁၈ ရက် ရန်ကုန် သုဝဏ္ဏကွင်း ညနေ ၆ နာရီတွင် ထိုးသတ်ကြမည် ဖြစ်ပါသည်။


နိုင်ပွဲများတွင် ကချင်အမျိုးသားအလံကို ကိုင်ထောင်ပြလျှက်ရှိသော Nsang Awng la သည် MMA (Mixed Martial Art) Middle Weight ကစားသမားဖြစ်ပြီး Mohamed Ali ကတော့ Wushu Champion ကစားသမား တစ်ဦးဖြစ်ပါသည်။

ထိုးသတ်ပွဲတစ်လျှောက် Awng La သည် ၁၆ ပွဲ နိုင်၊ ၉ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူဖြစ်ကာ Ali က တော့ ၁၀ ပွဲနိုင်၊ ၇ ပွဲ ရှုံး ထားသူ ဖြစ်ပါသည်။

ယခုပွဲသည် Awng La အတွက် ပထမအကြိမ် မြန်မာပြည်အတွင်း ထိုးသတ်မည့် ပွဲဖြစ်ပြီး သူကိုယ်တိုင်လည်း “ဒီပွဲဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရှေ့မှာ ယခု ထိုးသတ်ရမှာ အံသြစရာ ခံစားချက်တစ်ခု” လို့ ပြောခဲ့ပါသည်။

အသက် ၃၁ နှစ်အရွယ် Nsang Awng La သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၄ အမေရိကန် နိုင်ငံ Andrews တက္ကသိုလ်တွင် စိုက်ပျိုးရေး ပညာသင်ယူနေရာမှ MMA ကစားသမား လောကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

သူ၏ ဖခင် ဦး Nsang Tu Awng ကလည်း ကချင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း Pan Kachin Development Society (PKDS) မှခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။

Awng La ၏ MMA ပန်းတိုင် သည် One Championship မှာ အောင်တံခွန် စိုက်ထူနိုင်သူတစ်ဦး ဖြစ်ပြီးနောက် မွေးရပ်မြေ မြစ်ကြီးနားမြို့တွင် တိုက်ခိုက်ရေး သင်တန်း ဖွင့်ဖို့ရန် ဖြစ်ကြောင်း သူ၏ ကိုယ်ပိုင် ဝပ်ဆိုက်မှာ တင်ပြထားပါသည်။

Awng La သည် ၂၀၁၂ အောက်တိုဘာ ၁၃ Jason Louck ကိုထိုးသတ်အနိုင်ရချိန် ချီးမြှင့်ငွေ အချို့ကို ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ပေးလှူခဲ့ဖူးသူလည်း ဖြစ်ပါသည်။


0 comments:

Post a Comment