Tuesday, March 1, 2016

KIO မှ ဆရာဂျာဂွန်း ၏ အသုဘ အခမ်းအနား ပြုလုပ်


ဆရာဂျာဂွန်း၏ အသုဘ အခမ်းအနား ပြုလုပ်

ကချင် အမျိုးသားခေါင်းဆောင် ဆရာကြီး Rev. Dr. Maran Ja Gun ၏ ရုပ်ကလပ်ကို မြစ်ကြီးနားမြို့သို့ မသယ်လာခင် ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာတွင် အသုဘ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပါသည်။

ဤအစီစဉ်ကို KIO မှ ဦးဆောင်ခဲ့ပြီး လိုင်ဇာ Padang Gawknu ခန်းမ တွင် ပြုလုပ်ခဲ့ပါသည်။

၂၀၁၁ အစိုးရနှင့် KIA တစ်ကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက် ဆရာကြီးသည် နောင်းနန် ကချင်ဓမ္မတက္ကသိုလ် (KTC&S) မှ ထွက်ပြီး အမျိုးသားရေး လွတ်မြောက်ရေး အမှုမှာ အသက်ဆုံးသည်အထိ လုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ကချင် အမျိုးသားများ နိုင်ငံရေး ဖိနှိပ်ခံနေရမှုမှ လွတ်မြောက်ရေးအတွက် ဆရာကြီးက KIO အဖွဲ့ကိုလည်း အမြဲလိုလို ကူညီ အကြံပေး ခဲ့ပါသည်။

ဆီးချို ရောဂါဝေဒနာကို ကာလရှည်ခံစားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၉ တနင်္လာနေ့ နံနက် ၁း၃၀ ခန့်အချိန် ဆရာကြီး မရန်ဂျာဂွန်းသည် သူ့ အသက် ၇၀ မှာ သူနေထိုင်လျှက်ရှိသော လိုင်ဇာ နေအိမ်တွင် ကွယ်လွန်ခဲ့ ပါသည်။

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ သမိုင်းတွင် ဆရာကြီး ဂျာဂွန်းသည် ဘုရားအမှုတော်ကို အချိန်ပြည့် ထမ်းဆောင်နေရာမှ နှုတ်ထွက်ကာ အမျိုးသား လွတ်မြောက်ရေး အမှုကို ပြောင်းလဲ ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ နံနက် အခမ်းအနားအပြီး ဆရာကြီး၏ရုပ်အလောင်းကို မြစ်ကြီးနားသို့ သယ်လာမည်ဖြစ်သည်။ မနက်ဖြန် မြုပ်နှံခြင်း အစီစဉ်ကို နောင်းနန်း ကချင်ဓမ္မတက္ကသိုလ် (KTC&S) AD 2000 ခန်းမ တွင်ပြုလုပ်ပြီး Jaw Bum ကချင် ခရစ်ယာန်င်္သချိုင်း တွင် မြုပ်နှံသွားမည်ဖြစ်သည်။


0 comments:

Post a Comment