Monday, March 21, 2016

ချင်းမိုင် မြန်မာ အသင်းတော် ၁၄ နှစ်ပြည့် မွေးနေ့ ကျင်းပ


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ပထမဆုံး မြန်မာဘာသာဖြင့် ၀တ်ပြုကိုးကွယ်သော အသင်းတော် ၏ ၁၄ နှစ်ပြည့် မွေးနေ့ ချီးမွမ်းပွဲကို မြန်မာပြည်မှ နာမည်ကျော် အဆိုတော်များနှင့်တကွ မတ် ၁၉-၂၀ နှစ်ရက်သာ ပြုလုပ်ခဲ့ပါသည်။


‘ချင်းမိုင် ကျေးဇူးတော် အသင်းတော် (Grace Church in Chiang Mai)’ ကို ၂၀၀၂ ခုနှစ် ကိုးရီးယား သာသနာပြု ဆရာ Rev. David Shin ဦးဆောင်မှုဖြင့် ယခု အသင်းတော်၏ သင်းအုပ်ဆရာ ဖြစ်သော Rev. Steven Dee တို့မှ အစပြု တည်ထောင်ခဲ့သည်။

၁၄ နှစ်သာ ကာလ အသင်းတော်သည် သာသနာအမှုတွင် သာမက ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများနှင့် ရွေ့ပြောင်း အလုပ်သမားများကို နေထိုင်ခွင့်လက်မှတ်(အလုပ်သမား လက်မှတ်) ကူညီပေးခြင်း၊ သာရေး နာရေး ကိစ္စ ကူညီပေးခြင်း ပြုလုပ်ခဲ့သည်။
မူလက အသင်းတော်ကို ချင်းမိုင်မြို့တွင် အသင်းတော် မရှိသော မြန်မာပြည်မှ ချင်းလူမျိုး ရွေ့ပြောင်း အလုပ်သမားများ အတွက် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်သည်။ သို့သော်လည်း မကြာမီမှာပင် မြန်မာပြည်သား လူမျိုးပေါင်းစုံ အပတ်စဉ် ဝတ်ပြုလျှက်ရှိသော အသင်းကြီး တစ်ပါး ဖြစ်လာသည်။

ယခု ပြုလုပ်သော နှစ်ရက်သာ မွေးနေ့ ကျေးဇူးတော်ချီးမွမ်းပွဲတွင် Dream Ministry International အဖွဲ့မှ နိုင်ငံကျော် အဆိုတော် နောနော်၊ ဂျေးမီ၊ ဒရမ်အတီး ပညာရှင် ဆိုင်းအောင်တို့မှ မိမိတို့ အသက်သာသစ် ပြောင်းလဲလာရခြင်း အကြောင်းများကို သက်သေခံပြီး ဂုဏ်တော်ချီးမွမ်းသွားခဲ့ပါသည်။

ထို့အပြင် DMI နိုင်ငံတကာ ခရစ်ယာန် သာသနာပြု အဖွဲ့ ခေါင်းဆောင် Rev. David Lah မှလည်း နှစ် ရက်သာ ဝိညာဉ်တော် နှိုးထခြင်း နှုတ်ကပတ်တော်ဖြင့် ခွန်အားပေးသွားပါသည်။

ထိုင်းနိုင်ငံသည် မြန်မာ ရွေ့ပြောင်း အလုပ်သမား ၂ သန်းကျော် ရှိရာ အများစုမှာ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာ ထိုင်းနိုင်ငံတွင် ယခင်က မြန်မာ အသင်းတော် တည်ဆောက်ရန် မဖြစ်နိုင်သော အခြေအနေမှ ၁၄ နှစ်တိုင် ‘ချင်းမိုင် ကျေးဇူးတော် အသင်းတော်’ ကို ပို့ဆောင်သောကြောင့် ဘုရားသခင်ကို အသင်းတော်မှ ချီးမွမ်းခြင်း ဖြစ်သည်။


0 comments:

Post a Comment