Friday, March 18, 2016

မြစ်ဆုံ စီမံကိန်း ပြန်စ နိုင်ရန် တရုတ် တိုက်တွန်း မည်


ကန့်ကွက်ဆန္ဒပြမှုများနှင့် အကြီးအကျယ် တွေ့ကြုံ ပြီးနောက် ၂၀၁၁ စက်တင်ဘာလ ကတည်းက ယာယီ ပိတ်ပင်ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်စနိုင်ရန် NLD အစိုးရသစ်ကို တိုက်တွန်းသွားမည်ဟု တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး Mr. Liu Zhenmin က ယမန်နေ့က ပြောလိုက်ပါသည်။


မြန်မာအစိုးရက ၂၀၁၁ တုန်းက ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို ရပ်နားလိုက်ခြင်းဟာ စိတ် မကောင်းစရာ ဖြစ်သော်လည်း စာချုပ်က ယခုထိ အသက်ဝင်နေဆဲ ဟု သူက ပြောပါသည်။

ဒီစီမံကိန်းကို ရှေ့ဆက် ဘယ်လို ဆက်လုပ်သွားမည် ဆိုသည့်ကိစ္စက တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်သည် ဟု လာမည့် အပတ်မှာ ကျင်းပရန်ရှိသော တရုတ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်အရှ ၅ နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံပွဲ မတိုင်ခင် တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်များကို ပြောခဲ့ပါသည်။

“လက်ရှိအစိုးရမှ စီမံကိန်းကို ပြန်စဖို့ အချိန်မရှိတော့တဲ့အတွက် အစိုးရသစ် တက်လာသည်နှင့် ဒီမြစ်ဆုံစီမံကိန်းကို ပြန်စနိုင်အောင် တိုက်တွန်းသွားမည်” ဟု သူက ဆက်ပြောခဲ့ပါသည်။

ထို့အပြင် တရုတ်အစိုးရဘက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြောဆို ချဉ်းကပ် ထားမှုများလည်း ရှိခဲ့ပါသည်။

သို့သော်လည်း NLD က ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာဇော်မြင့်မောင် က ပြည်သူများ၏ လိုလားချက်ဖြင့်သာ လုပ်မည် ဖြစ်ပါကြောင်း ပြောထားခဲ့ပြီး ဖြစ်သည်။

မြစ်ဆုံ စီမံကိန်းကြောင့် စီမံကိန်းတည်ရှိရွာ မြစ်ကြီးနာမြို့ မြောက်ဘက် ၂၈ မိုင် တန်ဖရဲရွာနှင့် အနီးတဝိုက် ပြည်သူများကို ရွှေ့ပြောင်းစေခဲ့ပြီး ယခုထိ အဆင်မပြေ အခက်အခဲများနှင့်သာ   တွေ့ကြုံနေရပါသည်။

ထို့အပြင် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ထာဝရ ဖျက်သိမ်းရန် မတ်လ ၁၄ ‘အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့’ မှာ ဒေသခံများနှင့် ကချင်လူမှု အဖွဲ့အစည်းများက တောင်းဆိုလိုက်ပါသည်။


0 comments:

Post a Comment