Tuesday, March 22, 2016

EU မှ အစိုးရ MPC ကို ထောက်ပံမှု စတင် ရပ်ဆိုင်း တော့မည်


ဥရောပ သမဂ္ဂ EU က မြန်မာ အစိုးရ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာ (MPC) ကို ထောက်ပံငွေ ပေးနေမှုသည် ယခု မတ် ၃၁ တွင် သက်တမ်းကုန်ဆုံးပြီဖြစ်၍ စတင်ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း EU နိုင်ငံခြား မူဝါဒရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ၏ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောပါသည်။


“ဥပဒေလမ်းနည်းလမ်းနဲ့အညီ ဥရောပ သမဂ္ဂ က MPC ကို ထောက်ပံ့ပေးနေတဲ့ စာချုပ်ပုံစံအရ ဒီ ကန်ထရိုက် ဟာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ထောက်ပံ့မှုတွေကို သက်တမ်းကုန်ဆုံးမယ့် မတ်လ ၃၁ ရက်နေ့မှာ ရပ်တန့်မှာ ဖြစ်ပါတယ်။”
Myanmar Peace Center (MPC) ကို ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး စတင် တည်ထောင် ခဲ့ပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များ အတွက် EU က အဓိက ပံ့ပိုးကူညီပေးနေသော အဖွဲ့ဖြစ်ပြီး ယူရိုငွေ ၈.၇ သန်း (ဒေါ်လာ ၉.၈ သန်း) ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်လိုက်သည့် EU ကြေညာချက်မှာ ဖော်ပြထားပါသည်။

EU သည် MPC ကို ပေးနေတဲ့ ငွေကြေးထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်သော်လည်း မကြာခင် ရက်ပိုင်းအတွင်း အသစ်တက်လာမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သည် ဟု Maja Kocijancic က ဆက်ပြောပါသည်။

ထို့အပြင် အစိုးရသစ် လက်ထက်တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC ကို ဦးဆောင် သွားမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန် က ပြောခဲ့သည်။


0 comments:

Post a Comment