Thursday, July 31, 2014
Tuesday, July 29, 2014
ကချင်ဒုက္ခသည်စခန်း နှစ်ခု မြေပြိုမှု အန္တရာယ်မှ မပြောင်းရွှေ့နိုင်သဖြင့် စိုးရိမ်သည်ရသည်ဟုဆို
Monday, July 28, 2014
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျေယန့်ဒုက္ခသည်စခန်းမှ အိမ်ခြေ ၁၂၃ လုံး ပြောင်းရွှေ့ရန် စီစဉ်နေ
ဇူလိုင် ၂၂ ရက်နေ့ ဖြစ်ပွားတဲ့ မိုးသည်းထန် မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ ဒုက္ခသည် ၅ ဦး။ ပုံ |
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ တောင်ခြေတွင် နေအိမ်တည်ဆောက်၍ နေထိုင်နေသော အိမ်ခြေ ၁၂၃ လုံးမှ လူဦးရေ ၄၀၀ ကျော်ကို ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။
လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်
Friday, July 25, 2014
မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး
Wednesday, July 23, 2014
လိုင်ဇာမြို့လက်နက်ကိုင်အဖွဲ့ ထိပ်သီးညီလာခံကြီးတွင် UN နှင့် တရုတ်ကို ဖိတ်ကြားထား
Tuesday, July 22, 2014
မိုးသည်းထန်ခြင်းကြောင့် ဂျေယန့် ဒုက္ခသည်စခန်း မြေပြို၍ လူ ၅ ဦးသေဆုံး
Monday, July 21, 2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာညီလာခံ တက်ရောက် ရန် ထွက်ခွာ
မေ ၁၅၊ ၂၀၁၄ အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ နောက်ဆုံးနိုင်ငံရေးဆွေးနွေးပွဲ အခြေအနေအပေါ် NCCT ခေါင်းဆောင်များမှ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား မနောကွင်း တွင် ရှင်းပြနေပုံ။ |
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံသို့တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ အသီးသီး ထွက်ခွာလာကြပြီဖြစ်ကြောင်း သိရသည်။
Wednesday, July 16, 2014
လိုင်ဇာထိပ်သီး စည်းဝေးတက်ရောက်မည့် KNU ကိုယ်စားလှယ် ၅ ဦး ရွေးချယ်
အောက်တိုဘာ၊ ၂၀၁၃ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး KIO လိုင်ဇာညီလာခံသို့ တက်ရောက်လာစဉ်။ |
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ရွေးချယ်လိုက်သည်ဟု KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။
Tuesday, July 15, 2014
တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပနေ
အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေးဖိုး (ဘယ်)။ |
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောထားများရယူရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့ ကရင်ပြည်နယ် ဘာအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် စတင်ကျင်းပနေသည်ဟု KNU ဗဟိုပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။
ရှမ်းမြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲပြန်ဖြစ်
Monday, July 14, 2014
NCCT ထိပ်သီး ညီလာခံ လိုင်ဇာမှာပြုလုပ်ဖို့ ပြင်ဆင်နေ
အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေစဖိုး (လယ်)။ |
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) ထိပ်သီး ညီလာခံကို ယခုလနောက်ဆုံးအပတ်လောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၌ ပြုလုပ်သွားကြရန် ပြင်ဆင်နေကြောင်း သိရပါသည်။
အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ
MPC နဲ့ NCCT အဖွဲ့မှား တွေ့ဆုံဆွေးနွေးနေပုံ |
တိုင်းရင်းသားများ၏ အခြေခံ ပြဿနာအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံတင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။