Monday, July 14, 2014

NCCT ထိပ်သီး ညီလာခံ လိုင်ဇာမှာပြုလုပ်ဖို့ ပြင်ဆင်နေ


အောက်တိုဘာ၊ ၂၀၁၃ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေစဖိုး (လယ်)။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) ထိပ်သီး ညီလာခံကို ယခုလနောက်ဆုံးအပတ်လောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၌ ပြုလုပ်သွားကြရန် ပြင်ဆင်နေကြောင်း သိရပါသည်။

အကြမ်းအားဖြင့် ဇူလိုင်လ (၂၄-၂၅) ရက်အတွင်း သတ်မှတ်ထားကြကြောင်းနှင့် ဆွေးနွေးပွဲတက်ရောက် ကြမည့် အဖွဲ့ဝင်များ၏ အမည်စရင်းများ ကောက်ခံလျှက်ရှိနေကြောင်း လိုင်ဇာမှ KIO အရာရှိများ ပြောပါသည်။

ဒီဆွေးနွေးပွဲဟာ ဇူလိုင်လဆန်း ၇ ရက်နေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မြန်မာနိုင်ငံအထဲမှ ဗမာ၊ ကချင်၊ မွန်၊ ချင်း၊ ကယား နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားပါတီကိုယ်စားလှယ် ၂၃  အယောက်နှင့် တိုင်းရင်းသားလက်နက်ကိုင် NCCT ခေါင်းးဆောင်များ တွေ့ဆုံခဲ့ပြီးနောက် ပြန်လည်ပြုလုပ်မည့် ဆွေးနွေးပွဲလည်းဖြစ်ကြောင်း သိရပါသည်။

လိုင်ဇာမှာပြုလုပ်ကြမည့် NCCT ညီလာခံဟာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား “တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်မယ်... မရပ်ဘူး ဆိုတဲ့အရာကို” ဆုံးဖြတ်ပေးမည့် သဘောမျိုးရှိကြောင်း အမည်မဖော်လိုသူ KIO ထိပ်ပိုင်းအရာရှိတဦး KNG ကချင်သတင်းဌာန ကို ပြောပါသည်။

လာမည့် သြဂုတ်လတွင် “တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး” လက်မှတ်ရေးထိုးရန် စစ်အစိုးရက KIO ကို ဖိအားပေးနေကြောင်း စုံစမ်းသိရှိရပါသည်။


0 comments:

Post a Comment