Tuesday, July 15, 2014

ရှမ်းမြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲပြန်ဖြစ်


မုန်းကိုးဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ မုန်ကိုးဒေသ နှစ်နေရာတွင် ပြီးခဲ့သည် ၂ ရက်မှ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ယမန်နေ့တွင် ပန်ဆိုင်း (ကြူကုတ်) မှ မုန်ကိုးဒေသသို့ တက်လာသော အစိုးရစစ်ကြောင်းအား ခလွမ် အလွန် ကောင်းဂွေ၊ ခကျန်ခ နေရာတွင် KIA တပ်ရင်း ၃၆ က အချိန်တိုပစ်ခတ်ခဲ့သည်ဟု မုန်ကိုးဒေသခံ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

တိုက်ပွဲသည် ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက Man Pyawng Bum တောင်တွင် ပလောင်နှင့် ကိုးကန့်ပြည်သူ့စစ်များပါဝင်သော KIA တပ်ပေါင်းစုနှင့် မြန်မာအစိုးရတပ်မ ၈၈ လက်အောက်ခံတပ်များတို့ အချိန်တိုပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ၄င်းအရာရှိကဆိုသည်။

၎င်းတိုက်ပွဲဖြစ်ပွားသောနေရာသည် မုန်ကိုးနှင့် မုန်ဘော် ကြားရှိ ၀င်းဆိုင်ရွာအနောက်ဖက်တွင်ဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပါ။

ယခုချိန် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား “တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ရေး” ကိစ္စ အလေးထား ဆွေးနွေးနေချိန် တဖက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ ဖက်ဒေသသို့ တိုက်ပွဲများဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။


0 comments:

Post a Comment