Friday, February 28, 2014

KIA ဆယ်ဇင်း တိုက်နယ်အုပ်ချုပ်ရေးရုံးအား အစိုးရတပ် စီးနင်းတိုက်ခိုက်ရာ KIA ၁ ဦးကျ ၄ ဦးဒဏ်ရာရ

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ စစ်သားနှစ်ဦး။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနောက်ပိုင်းတိုင်းအတွင်းရှိ အင်းတော်ကြီးဒေသ ဆယ်ဇင်း KIA တိုက် နယ်အုပ်ချုပ်ရေးရုံးအား အစိုးရတပ် တပ်မ (၆၆) အောက် ခလရ ၆ မှ ဖေဖ၀ါရီ ၂၆ ရက် ၂ နာရီခန့်တွင် ရုတ်တရက်ဝင် ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် တဦးကျကာ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

အစိုးရတပ် ခလရ ၆ ဒုတပ်ရင်းမှူး ရာဇာမြင့်လွင်နှင့် တပ်ခွဲမှူး ဆန်းမြင့်ဦးနှင့် တပ်သား ၂၀ ကျော်သည် KIA တိုက်နယ် ရုံးအား လက်နက်ငယ်များဖြင့် အကြိမ် ၅၀၀ အထက် ပစ်ခတ်ရာ ဒဏ်ရာရ၊ သေဆုံးမှုများရှိကြောင်း KIA တပ်ရင်း ၂၆ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဂွမ်ဆယ် (Salang Kaba Gum Se) KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းတွင် အရာရှိတဦးနှင့် လဖိုင်ဇော်အောင်၊ သန်းထိုက်စိုးထိခိုက်ဒဏ်ရာရရှိပြီး အင်ထမ်တန်ဂွန်းသည် ကျဆုံးကာ ဒေသခံ ၄ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။ ယခင်တွင် ၎င်းဒေသသည် အေးချမ်းသာယာသော ဒေသဖြစ်ပြီး ယခုအစိုးရအပြောင်းအလဲဖြစ်ပြီး ၃ ရက်အကြာ ထိုသို့ဖြစ်ပွားလာခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ဖြစ်ပွားလာခြင်းသည် ဆယ်ဇင်းရွာရှိ ထမင်းဆိုင်မှ လူ ၂ ဦးအား ကုမ္ပဏီမှအကြွေးတောင်းရာ မပေးသောကြောင့် ၎င်းကုမ္ပဏီသည် KIA တပ်ရင်း ၂၆ အားတိုင်ကြားကာ KIA မှ ထို လူ ၂ ဦးကိုခေါ်ယူနေချိန် အစိုးရတပ်ဖက်မှ ရုတ်တရက်ဝင်ရောက်ပစ်ခတ်လာခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) ဦးလမိုင်ဂွမ်ဂျာ (Salang Lamai Gum Ja) KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။

၎င်း KIA တပ်ရင်း ၂၆ အောက်ရှိ KIA တိုက်နယ်အုပ်ချုပ်ရေးရုံးကို ဝင်ရောက်စီးနင်းခြင်းနှင့် ပတ်သက်ပြီး PCG ဦးလမိုင်ဂွမ်ဂျာ (Lamai Gum Ja) မှ အစိုးရတိုင်းသို့မေးမြန်းရာ “ဆယ်ဇင်းထမင်းဆိုင်မှ လူ ၂ ဦးကို ဖမ်းဆီးလိုက်သွားတယ် ကျနော်တို့ရှိတဲ့ နေရာကနေဖမ်းသွားတဲ့အတွက် အဲဒီလူ ၂ ဦး အသက်လွတ်ရင်လွတ်ဆိုပြီး ကျနော်တို့ဝင်စီးနင်းတိုက်ခိုက်လိုက်တာ ဟုတ်တယ်” ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

KIA တိုက်နယ်ရုံးအား ဝင်ရောက်စီးနင်းသော အစိုးရတပ် တပ်မ ၆၆၊ ခလရ ၆ သည် ဖေဖ၀ါရီ ၂၂ ရက်နေ့တွင် မကွေးတိုင်း အခြေစိုက် တပ်မ ၁၀၁ နှင့် တပ်အပြောင်းအလဲ ရောက်ရှိလာသောတပ်များဖြစ်ကြောင်းသိရှိရသည်။

ဆယ်ဇင်း KIA တိုက်နယ်အုပ်ချုပ်ရေးရုံးသည် KIA တပ်မဟာ (၂) တပ်ရင်း (၂၆) နယ်မြေသည် ဖားကန့် သာမခန်မှော်နှင့် စစ်ကိုင်း တိုင်းဒေသ တွင်ရှိသည်။

ယခုချိန် နိုင်ငံရေးမရညှိနှိုင်းမှုများပြုနေချိန် စစ်ရှိန်များလျော့ချရန် ပြောနေချိန် ပြည်သူများဖြစ်သော ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းမှုက တဖက်နှင့်တဖက် တင်းမာမှု ပိုမိုမြင့်လာနိုင်ကြောင်း PCG မှ သုံးသပ်ခဲ့သည်။


0 comments:

Post a Comment