Wednesday, February 5, 2014

ကချင်တော်လှန်ရေး အခန်းအနားများ နေရာ အနှံ့အပြားတွင် ကျင်းပ

၅၄ ကြိမ်မြောက် ချင်းမိုင်မြို့ ကချင်တော်လှန်ရေးနေ့ Rev. Dr. Ja Gun မှ ကောင်းချီးပေးနေပုံ။

ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သော ကချင်တော်လှန်ရေး နေ့ အခန်းအနားကို ကချင်ပြည်နယ်နှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများက ကျင်းပခဲ့ကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင် တော်လှန်ရေး အခန်းအနား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wunpawng Christian Church တွင် ကျင်းပသည့်အခန်းအနားတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ပေးပို့ခဲ့သည့် မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။

KIO ဥက္ကဌ ဇောင်းဟရား၏ မိန့်ခွန်းတွင် လာမည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ကချင်အမျိုးသားအနွယ်ဝင်များအားလုံး ကချင် ၁၀၁ ခေါင်းစဉ်အောက်တွင် စာရင်းထည့်သွင်းရန်နှင့် မြန်မာအစိုးရအနေနှင့် တိုင်းရင်းသား ပြဿနာများကို အစိုးရအနေနှင့် စားပွဲဝိုင်းတွင် ပြေလည်အောင် ဖြေရှင်းရန် စိတ်ရင်းမရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

KIO ဥက္ကဌ မိန်းခွန်းကို သိက္ခာတော်ရဒေါက်တာမရန်ဂျာဂွန်းမှ ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဒေါက်တာလရော်မှ ပင်လုံ သဘောထား ကိုရှင်းလင်းခဲ့သည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပသော ၅၄ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဌ အင်ဘန်လ၊ ဗိုလ်မှူးချုပ် Brig-Gen လွမ်းခေါင်၊ ဗိုလ်မှူးကြီး James လွမ်းဒေါင်၊ ဗိုလ်မှူးကြီး ဂျီးနောင်၊ ထိုင်းနိုင်ငံကချင်အမျိုးသမီးအစည်းအရုံး (KWAT) နှင့် ကျေးရွာလူထု စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့သည်။

အခန်းအနားတွင် ရှေ့တန်းတွင် ရောက်ရှိနေသူများနှင့် ကျဆုံးသွားသော KIA အဖွဲ့ဝင်များနှင့် ကျန်ရှိနေသော မိသားစုဝင်များ၊ KIO ခေါင်းဆောင်များ၊ စစ်ပြေးဒုက္ခသည်များ၊ NCCT နှင့် အစိုးရ ဆွေးနွေးမှုများ၊ စစ်မှန်သည့် ငြိမ်းချမ်း ရေးရရှိရန်၊ ပြည်တွင်းပြည်ပရှိ ကချင်အမျိုးသားများစည်းလုံးညီညွှတ်မှုရှိရန် ဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။

ရှမ်းပြည်မှ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ရောက်ရှိလာသော အသက် ၅၀ ကျော်ရှိသော ပေါရှာဘောက်လု (Pausha Bawk Lu) သည် “ပလောင်ဒေသမှာရှိနေခဲ့တာအချိန်တွေများစွာကြာခဲ့ပြီ ဒီလိုတော် လှန်ရေးနေ့မှာ ပါဝင်ချင်ခဲ့တာ ဒါမဲ့ ဒီကနေ့ ဒီနေရာမှာ ပါဝင်ခွင့်ရလို့ အတိုင်းမသိအရမ်းပျော်တယ် ကချင်အမျိုးသား တွေအကြောင်းကိုကြားရတာနဲ့ စိတ်ထဲမှာ ပျော်တယ် ဘယ်နိုင်ငံပဲရောက်ရောက် ဘုရားသခင်က ကချင်လူမျိုး တွေကိုအသုံးပြုတယ် အမျိုးကြီးတဲ့နေ့လို့ ခံစားမိတယ်” ဟု ချင်းမိုင်တွင် အစီအစဉ်များပြီး ဆုံးသည့်နောက်တွင် သီးသန့် ထိုင်းနိုင်ငံ ဘန်မိုင်မှ KIA စစ်သားဟောင်းများသည် အချင်းချင်း မိတ်ဆက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့

ကချင်တော်လှန်ရေးနေ့ (၅၄) နှစ်မြောက် အခမ်းအနားတွင် မြစ်ကြီးနားမြို့ ဘာသာရေး ဂိုဏ်းပေါင်းစုံမှ လူငယ်များက ကချင်အမျိုးသားရေးကိုတစ်ဖက်တစ်လှမ်းမှနေ၍ ရှေ့ဆောင် ရှေ့ရွက်ပြုသူများအား ဂုဏ်ပြုဆု (Award) များ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ဆုကို မြစ်ကြီးနားမြို့စီတာပူ မနောကွင်းတွင် ကျင်းပသော(၅၄)နှစ်မြောက် တော်လှန် ရေးနေ့အခမ်းအနား၌ လူပေါင်းတစ်ဆယ့်လေးယောက်အားရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အမျိုးသားရေးကိုတဖက်တစ်လှမ်းကနေ တက်ကြွစွာပါဝင်လှုပ်ရှားပေးတဲ့သူတွေကိုရွေးချယ်တယ် သူတို့ ရှေ့ဆက်အမျိုးသားရေးကို လုပ်ဆောင်ပေးဖို့ပါ၊ ဒါကိုလူငယ်တွေအနေနဲ့ပဲ ရွေးချယ်ပြီး ပေးခဲ့တာပါ” ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦး ကပြောသည်။

ထို့နောက် အခမ်းအနားတွင် မနက် ၈နာရီကျော်နောက်ပိုင်းအချိန် မနောတိုင်ထိပ်တွင်လွှင့်တင်ထားသော ကချင်အမျိုးသားအလံအား လူငယ်တစ်ဦးမှ ဦးဆောင်ကာလူငယ်များအားလုံးဦးညွတ် အလေးပြုပြီး၊ ၄င်းတို့၏ နိုင်ငံတော်သီချုင်းအားရွက်ဆိုခဲ့ကြသည်။

အခမ်းအနားတွင်တော်လှန်ရေးသမိုင်းကြောင်းအား ဖတ်ကြားခြင်း၊ သုံးမိနစ် အသံဆိတ်ဆုတောင်းခြင်း (Silence Prayer)၊ လာမည့်မတ်လတွင် အစိုးရ မှ တစ်နိုင်ငံလုံးအတိုင်း အတာကျင်းပကောက်ခံသွားမည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးများ ကချင်ဘုံအမည်တွင်ထည့်သွင်းရန် အသိပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထိုတော်လှန်ရေးအခမ်းအနားတွင် ဘာသာရေး ဂိုဏ်းကဏပေါင်းစုံမှ လူငယ်များနှင့်ဖိတ်ကြားထားသော ဧည့်သည်များတစ်ထောင်ကျော်တက်ရောက်ပါဝင်ခဲ့ကြောင်းသိရသည်။

ကေအိုင်အို ဌာနချုပ် (လိုင်ဇာ)

ကေအိုင်အိုဌာချုပ် လိုင်ဇာမြို့တွင် ကျင်းပသော တော်လှန်ရေးအခမ်းအနားတွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွင်နှစ်(၅၀) တာဝန်ထမ်းဆောင်သူများအား ရွှေအစစ်ဖြင့်ပြုလုပ်သော ရွှေ တံဆိပ်ဆုကို လူတစ်ဆယ့်လေးယောက်အား ချီးမြှင့်ဂုဏ်ပြုခဲ့ပြီး၊ နှစ် (၄၀) ပြည့်တာဝန်ထမ်းဆောင်သူများ၊ နှစ် (၃၀) ပြည့်၊ နှစ်(၂၀)ပြည့်နှင့် ဆယ်နှစ် ပြည့်တာဝန်ထမ်းဆောင်သူများ စုစုပေါင်း တစ်ထောင့် ရှစ်ဆယ့် ခြောက်ယောက် (၁၀၈၆)တို့ကို အသီးသီးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment