Saturday, May 18, 2013

မြန်မာအစိုးရနှင့် KIO တပ်များ ရှမ်းမြောက် မုန်ဂိုးဒေသသို့ တိုက်ပွဲဖြစ်

မေ ၁၇ နေ့က မြန်မာအစိုးတပ်နဲ့ KIO ပြည်သူ့စစ်ကြား တိုက်ပွဲဖြစ်ပွားတဲ့ နေရာ၊ ပန်ဆိုင်း (ကြူကုတ်) မြို့။

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့နေသလို တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မတ်လ ၁၈ ရက် မနက်ပိုင်းတွင် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung - MHH) တပ်ခွဲ (၅) တပ်ဖွဲ့များ ရှိသည့် ပန်ဆိုင်း (ကြူကုတ်) ဘက်သို့ မုန်လုံ (Mung Lung) ဘက်မှ တက်လာသော အစိုးရစစ်အင်အား ၇၀ တို့နှင့် ဖိုင်ကောင်း (Hpai Kawng) နှင့် မံဂျေ (မံစီ)ကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြေင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်း က ပြောသည်။
“အစိုးရတပ်က ကျနော်တို့နယ်မြေမှာ စစ်အင်အားတွေ ပိုပြီး ပိုပြီးတိုးချဲ့လာတယ်။ လမ်းမဟုတ်တဲ့နေရာတွေမှာ သွားလာနေတယ်။”
ထိုမနက်တွင်ပြင် အစိုးရစစ်အင်အား ၁၀၀ ကျော်ဖြင့် မူဆယ် ၁၀၅ မိုင်ဘက်မှ “မုန်ဘော်ဘက်လား ပန်ဆိုင်းဘက်လားတော့ မသိသေးဘူး တက်သွားပြီ” ဟု ရှေ့တန်းစစ်ဗိုလ်တစ်ဦး KNG ကချင်သတင်းဌာန သို့ ပြောသည်။
ထို့ပြင် မတ်လ ၁၇ ရက်နေ့တွင်လည်း မုန်ဂိုး ဘက်မှ စစ်အင်အား ၅၀ ကျော်ဖြင့်တိုးချဲ့လာသော အစိုးရတပ်ဖွဲ့ များကို ပန်ဆိုင်း (ကြူကုတ်)ရှိ ခလွမ် (Hka Lum) နှင့် ကောင်းစထေး (Kawng Sahte) ရွာကြားတွင် KIA ပြည်သူ့စစ် တပ်ခွဲ(၅) တပ်ဖွဲ့များမှ မိုင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါ စစ်ဗိုလ်က ပြောသည်။
၎င်းတွင် အစိုးရတပ်မှ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ သေဆုံးသူတစ်ဦးကို အခင်းဖြစ်ပွားသောနေရာတွင် မြုပ်ထားပြီး ကျန်တစ်ဦးနှင့် ဒဏ်ရာရရှိသူများကို ပန်ဆိုင်း (ကြူကုတ်) မြို့ဘက်သို့ တုန်ဖုန်းကားဖြင့် သယ်ဆောင်သွားသည်ဟု မျက်မြင်များပြောသည်။
ယခုချိန် ပန်ဆိုင်း (ကြူကုတ်) ရှိ နမ့်ဟူး (Nam Hu) နယ်မြေတွင် အစိုးရစစ်အင်အား ၄၀ ကျော် နေရာယူရှိနေကြောင်း ဒေသခံများပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment